အစားသရဲတွေအတွက် ပိုအသုံးဝင်လာတော့မယ့် Google Maps ရဲ့ ဗားရှင်းအသစ်

Foodie တွေအတွက် မြည်းစမ်းစရာ အစားအသောက်တွေကို ဘယ်မှာရှာဖွေနိုင်မလဲဆိုတာ သိပ်ကို အရေးကြီးပါတယ်။ ကိုယ်ကြိုက်တဲ့ အစားအစာတွေကိုလည်း နီးစပ်ရာမှာ အမြန်ဆုံး ဘယ်လိုရှာရမလဲဆိုပြီး ခေါင်းစားဖူးသူတွေလည်း ရှိမှာပါ။ ဒီလို လိုအပ်ချက်တွေအတွက် Google Maps ကနေ စတင်ကူညီနေပြီဖြစ်ပါတယ်။

AngieYeoh/ Shutterstock

Google Maps ရဲ့ လူပြောများနေတဲ့ feature အသစ်လေးကတော့ စားသောက်ဆိုင်တွေရဲ့ လူကြိုက်အများဆုံး ဟင်းလျာတွေကို အက်ပလီကေးရှင်းထဲမှာ ဖော်ပြပေးသွားမယ့် feature ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ နည်းပညာအွန်လိုင်းမဂ္ဂဇင်း Tech Crunch မှာ ဖော်ပြထားတာပါ။ စစ်စတမ်ကတော့ စားသောက်ဆိုင် တစ်ဆိုင်ကို ဘယ်လို ရီဗျူးပေးထားကြလဲဆိုတဲ့ အပေါ် မူတည်ပြီး အလုပ်လုပ်မှာ ဖြစ်ပါတယ်။

Estrada Anton/ Shutterstock

ဆိုင်တွေမှာ သွားရောက်စားသုံးသူတွေက ဆိုင်ရဲ့ စိတ်တိုင်းကျတဲ့ဟင်းလျာနဲ့ ပတ်သက်လို့ ပေးထားတဲ့ ရီဗျူးတွေကို Google Maps ကနေ အလိုအလျောက် အချက်အလက်သိမ်းဆည်းထားမှာ ဖြစ်ပြီး Maps ထဲမှာ ထိုဟင်းလျာတွေကို ပြန်လည်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အက်ပလီကေးရှင်း အသုံးပြုသူတွေကတော့ မြေပုံထဲမှာ တစ်ဆိုင်ဆိုင်ကို ထောက်လိုက်ရင် ထိုဆိုင်ရဲ့ လူကြိုက်အများဆုံး ဟင်းလျာတွေကိုပါ ဝင်ကြည့်နိုင်မှာပါ။

READ
AI စနစ်က ရေးတဲ့ ဇာတ်ညွှန်းနဲ့ ရိုက်ကူးထားတဲ့ ကမ္ဘာ့ပထမဆုံးကြော်ငြာ

ဒါကြောင့် ရီဗျူးနည်းတဲ့ဆိုင်တွေ၊ ရီဗျူးမရတဲ့ ဆိုင်တွေအတွက်တော့ Google Maps မှာ ဟင်းလျာတွေကို ရွေးချယ်ဖော်ပြထားမှာ မဟုတ်ဘူးလို့လည်း ဆိုနိုင်ပါတယ်။ Google Maps အသုံးပြုသူတွေအနေနဲ့ ကူညီပေးနိုင်တဲ့ တစ်ချက်ကတော့ ကိုယ် စားတဲ့ ဆိုင်အတွက် ရီဗျူးကို Google Maps မှာ တင်ပေးလို့ရတာပါ။ ဘာစားထားလဲဆိုတော့ ဟင်းလျာနာမည်တော့ ထည့်သွင်းဖို့ လိုမှာလည်း ဖြစ်ပါတယ်။

beats1/ Shutterstock

ဟင်းလျာ ရီဗျူးတွေကိုတော့ Google Maps ရဲ့ Overview tab မှာ ဝင်ကြည့်နိုင်ပါတယ်။ ထိုမှတစ်ဆင့် တခြားဆိုင်တွေအတွက် ရီဗျူးတွေကိုပါ ဆက်ကြည့်နိုင်မှာလည်းဖြစ်တဲ့အပြင် Popularity အရ စီထားတဲ့ ဟင်းလျာနဲ့ဆိုင်တွေ၊ မနက်စာ နေ့လည်စာ ညစာအတွက် ခွဲထားပြီး ဖော်ပြထားတာတွေကိုပါ ဝင်ရောက်ကြည့်ရှုနိုင်မှာပါ။

AngieYeoh/ Shutterstock

အထက်ဖော်ပြပါ feature အသစ်ပါဝင်တဲ့ Google Maps ဗားရှင်းအသစ်ကို Android တွေမှာ အရင်ဆုံးရရှိနေပြီဖြစ်ပြီး iOS မှာတော့ နောက်လတွေမှာ ထွက်ရှိသွားမှာ ဖြစ်ပါတယ်။ ဒီနောက်ဆုံးဗားရှင်းကို အသုံးပြုဖို့တော့ အရင်ဆုံး ကိုယ်ဖုန်းထဲက Google Maps ကို update လုပ်ဖို့တော့ လိုမယ်နော်။

READ
သန့်ရှင်းရေးလုပ်သားတွေကို စမတ်လက်ပတ်တွေ ဝတ်ဆင်စေပြီး ထိန်းချုပ်တဲ့ တရုတ်က စနစ်

Ref: Tech Crunch

SHARE