Google Maps ရဲ့ (၁၅) မိနစ်ကြာ ဖြတ်လမ်းကိုလိုက်ပြီး သင်ခန်းစာရသွားတဲ့ အမျိုးသား

သံသယဖြစ်စရာမရှိလောက်အောင်  Google ဟာ အသုံးဝင်လှတဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။ မြို့ထဲက ဘယ်နေရာမှာ သူငယ်ချင်းတွေ စောင့်နေတာ၊ နိုင်ငံရပ်ခြားမြို့တစ်မြို့မှာ ကိုယ်တည်းခိုနေတဲ့ နေရာကို လမ်းညွှန်ထောက်ပြပေးနိုင်တာ၊ မီးပွိုင့်အနည်းဆုံး ဖြစ်မယ့်နေရာတွေကို တွက်ချက်ပေးနိုင်တာ စတဲ့ နေ့စဉ်သုံးဘ၀မှာ အသုံးဝင်မယ့် လမ်းပန်းဆက်သွယ်ရေးကိစ္စအ၀၀ကို သူက လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း Google Maps ကို တစ်ကမ္ဘာလုံးက ယုံကြည်အားကိုးကြတာပါ။

ဒါပေမယ့် တီထွင်ဖန်တီးထားတဲ့ နည်းပညာတစ်ရပ်ဟာ အမှားကင်းတယ်ဆိုတာ မရှိတဲ့အကြောင်းကို ဘရုစ်ဆိုသူ အမျိုးသားက ကိုယ်တွေ့မျက်မြင်သိရှိခဲ့ရပါတယ်။ ဘရုစ်ဟာ သြစတေးလျရဲ့ Blue Mountains ယာယီအပန်းဖြေတဲစခန်းတွေရှိရာဆီ မောင်းနှင်ဖို့ Google Maps ရဲ့ (၁၅) မိနစ် ဖြတ်လမ်းဆိုတဲ့ လမ်းကြောင်းကို ရွေးချယ်မိရာမှ ဘ၀တစ်လျှောက်လုံးအတွက် အတွေ့အကြုံသစ်လေး ရရှိသွားခဲ့ပါတယ်။ Blue Mountains ဆိုတာကတော့ မြို့တော်ဆစ်ဒနီကနေ သိပ်မဝေးပဲ သာယာလှပတဲ့ သဘာဝသစ်တောနေရာကြီးတစ်ခုပဲ ဖြစ်ပါတယ်။

READ
ဂျပန်မှာဆိုင်ယာနိဒ်အဆိပ်ထက်ပြင်းတဲ့ ငါးကိုရောင်းချခဲ့မိလို့ တာဝန်ရှိသူများ စိုးရိမ်နေ

ဘရုစ်ဟာ အပန်းဖြေစခန်းမှာ သူငယ်ချင်းဟောင်းတွေနဲ့ တွေ့ဆုံဖို့ ချိန်းထားခဲ့တာ ဖြစ်ပါတယ်။ သူငယ်ချင်းတွေ အတွက် စားစရာ သောက်စရာတွေကို ကားပေါ်တင်၊ ဆီဖြည့်ပြီး ထွက်လာခဲ့ပါတယ်။ အစပိုင်းမှာတော့ ဘရုစ်ဟာ ၄င်းတို့ သွားနေကြလမ်းကိုပဲ ရွေးချယ်သွားဖို့ စိတ်ကူးထားခဲ့တာပါ။ ဒါဆိုရင် ကားမောင်းရင်းနဲ့ လမ်းမှာ သူငယ်ချင်းတွေနဲ့ပါ တစ်ပါတည်း ဆုံနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် Google Maps ကို ကြည့်လိုက်တဲ့အခါ Blue Mountains ဆီရောက်ဖို့ ဖြတ်လမ်းရှိတယ်။ (၁၅) မိနစ်ပဲ ကြာမယ်လို့ ဆိုတာကြောင့် ထိုလမ်းကနေ တစ်ယောက်တည်း စမ်းသွားကြည့်ဖို့ ဘရုစ်က စိတ်ကူးပေါ်လာခဲ့ပါတယ်။

Boredpanda

ဒီလိုနဲ့ ကားစထွက်လာခဲ့ပါတယ်။ လမ်းက လူမသွားတာ ကြာနေပြီဖြစ်တဲ့ လမ်းပါပဲ။ လဲကျနေတဲ့ သစ်ပင်ကြီးတွေကို တွေ့ရတာကြောင့် ထင်းရှူးတောထဲ ရောက်နေတာပါ။ 

Boredpanda

ဒီနေရာကို ဖြတ်ပြီးတဲ့အခါ ဘရုစ်အတွက် ပြန်ကွေ့ဖို့ မဖြစ်နိုင်တော့ပါဘူး။ လမ်းကလည်း ရှိနေတာမို့ ဘရုစ်က ဆက်သွားခဲ့ပါတယ်။ 

READ
အုတ်ခဲတွေကို တံတောင်စွမ်းပြတဲ့ ကွန်ဖူးဆရာ အုတ်ခဲမကျိုးပဲ တံတောင်ဆစ်မှာ ဒဏ်ရာရခဲ့
Boredpanda
Boredpanda

ချိုင့်တွေ ခွက်တွေနဲ့ လမ်းက တော်တော်လေး ဆိုးလာပါတယ်။ မြေကြီးနဲ့ ကားဝမ်းကို မဆောင့်မိအောင် တော်တော်သတိထားမောင်းရတဲ့ အခြေအနေပါ။ 

Boredpanda

အခုတော့ မိုးသစ်တောကို မြင်ရပြီး စမ်းချောင်းလေးကိုတောင် ဖြတ်နေပါပြီ။

Boredpanda
Boredpanda

သားပိုက်ကောင်တွေလည်း တွေ့ရပါတယ်။ ကားက သူတို့ဘေးနားကို ဖြတ်မောင်းသွားတာတောင် ဂရုမစိုက်ပဲ စူးစမ်းနေကြတာပါ။ 

တောတွင်းအတွေ့အကြုံ အမျိုးမျိုးကို ခံစားပြီးတဲ့အခါမှာတော့ ဘရုစ်ဟာ အပန်းဖြေစခန်းကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်သွားခဲ့ပါပြီ။ ဟိုကို သူငယ်ချင်းတွေထက် (၂) နာရီလောက် နောက်ကျပြီးမှ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ Google Maps ရဲ့ (၁၅) မိနစ် အမြန်ခရီးဟာ (၂) နာရီကြာလို့ စိတ်ပျက်ဖွယ်ဖြစ်ခဲ့ရပေမယ့် ဘရုစ်ကတော့ သူတွေ့မြင်ခဲ့ရတဲ့ တောတွင်း သဘာဝအလှအပတွေကြောင့် တန်တယ်လို့တော့ ဆိုခဲ့ပါတယ်။

လင်းလင်း (ShweMom)

Ref: boredpanda

SHARE