Google ရဲ့ ရုံးတစ်ချို့ ကို ဇူလိုင် (၆)ရက်နေ့မှာ ပြန်ဖွင့်မည်

Image:/pixabay/377053
Google နဲ့ Alphabet CEO  ဖြစ်သူ Sundar Pichai  က တော့ ကုမ္ပဏီ ရဲ့ ရုံး တွေကို  ပြန်ဖွင့်မယ့် အစီစဉ် နဲ့ ပတ် သ က်ပြီး ထုတ် ပြောလိုက်ပါတယ်။ရုံးပြန်ဖွင့်မယ့် အစီအစဉ် ကတော့ မြို့ အသီးသီးမှာရှိတဲ့ ရုံး တစ်ချို့ ကို ဇူလိုင် (၆) ရ က်နေ့မှာ စပြီး ပြန်ဖွင့် သွားမှာပါ။ဝန်ထမ်းတွေ ကိုလည်း တစ်ပြိုင်နက်တည်း စုပြုံ ဆင်းခိုင်းတာမျိုး မဟုတ်ပဲ နဲ့  ရုံးကို လာဖို့ လိုအပ်တဲ့ ၀န်ထမ်း အနည်းငယ်လောက်ကိုပဲ ရုံးတက် ခိုင်းမှာပါ။ဒီ အ ကြောင်းကိုတော့ Daily Mail မှာ ဖော်ပြ ထားပါတယ်။
Image:pixabay/ Simon
အိမ် က နေ အလုပ်,လုပ် ပေးနေတဲ့ ၀န်ထမ်းတွေ အတွက်က တော့ လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ယူနိုင်ဖို့  အမေရိကန် ဒေါ်လာ(၁,၀၀၀) ပေးမယ်လို့ လည်း ကြေညာခဲ့ပါတယ်။ Google  က တော့ Rotation အလှည့်ကျ ပုံစံမျိုးနဲ့ပဲ အလုပ်ဆင်းခိုင်းမယ်ဆိုပြီး ပြောထားပါတယ်။မဖြစ် မ နေ ရုံးလာဖို့ လိုအပ်သူတွေ၊လာချင်သူတွေ ကို အလှည့် ကျ ဆင်း ခိုင်း သွားမှာပါ။စက်တင်ဘာ ကျရင် တော့ ရုံးရဲ့ Capicity ကိုတော့ (၃၀)ရာခိုင်နှုန်း အထိ တိုးမြှင့်အောင် လုပ် ဆောင် သွား မယ်လို့ ဆိုပါတယ်။အခုနှစ်ကုန် ပိုင်းအထိ တော့ ရုံးက ၀န်ထမ်းအများစု ကို အိမ်က နေ ပဲ  ဆက်ပြီး အလုပ်လုပ် ခိုင်း နေ အုံးမယ်လို့ ဆိုပါတယ်။
Image:pixabay/FirmBee

Pichai  ကတော့ ၀န်ထမ်းတွေ အ နေနဲ့ ပိုပြီး သက် သောင့်သက်သာ ဖြစ်စေတဲ့ အရာနဲ့ ရွေးချယ် မှု တွေ ကို ရွေး ချယ် နိုင်ဖို့ အတွက် ရည်ရွယ် ထားတယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ Pichai  က Google အ နေနဲ့ (၂၀၂၀) အထိ Work From Home လုပ်ဖို့  အတွက် ပြင်ဆင် ထားတယ်လို့ ပြောခဲ့ပါတယ်။

#SHWEMOM

READ
စာမေးပွဲကြီးအတွက် ၂နှစ်ကြာ သင်ရိုးညွှန်းတမ်းမှားသင်ခဲ့တဲ့ သိန်း ၆၀၀ တန်ကျောင်း
SHARE