ကိရိယာတွေကို လက်ဟန်နဲ့ အဝေးကထိန်းချုပ်နိုင်မယ့် Google ရဲ့ နည်းပညာသစ် 

Smart device တွေကို အဝေးကနေ လက်ဟန်အမူအရာနဲ့ ထိန်းချုပ်နိုင်မယ့် နည်းပညာမျိုးကို Google ကနေ တီထွင်အောင်မြင်ဖို့ တစ်ဆင့်နီးကပ်လာခဲ့ပါပြီ။ ၂၀၁၅ ခုနှစ်တုန်းက စတင်ခဲ့တဲ့ Google ရဲ့“Project Soli” လို့ အမည်ရတဲ့ ပရောဂျက်ကို ဆက်လုပ်ဖို့ ခွင့်ပြုချက် ရသွားခဲ့တဲ့အတွက်ပါ။

စမတ်နာရီ သို့မဟုတ် စမတ်စပီကာ စတဲ့ Device တစ်ခုခုရဲ့ မျက်နှာပြင်ကို ထိပြီး ထိန်းချုပ်ရမယ့်အစား အဝေးကနေ လက်မနဲ့ လက်ညှိုးကို ပွတ်တာမျိုးကဲ့သို့ လက်ဟန်အမူအရာ တစ်မျိုးမျိုးနဲ့ ထိန်းချုပ်တဲ့နည်းပညာဖြစ်ပါတယ်။ Google က ထိုနည်းပညာကို JBL စမတ်စပီကာတွေမှာ ထည့်သွင်းဖို့ စီစဉ်နေတာပါ။ စပီကာအတွင်းက သေးငယ်တဲ့ ရေဒါဆင်ဆာလေးတွေက လူတွေရဲ့ လက်အမူအရာကို အာရုံခံနိုင်မှာဖြစ်ပြီး ဒီလိုနည်းနဲ့ လက်ချောင်းလေးတွေ လှုပ်ရုံနဲ့ စပီကာ အဖွင့်အပိတ် စတာတွေကို လုပ်နိုင်မှာဖြစ်ပါတယ်။

READ
ကမ္ဘာနဲ့ အရွယ်အစားတူပြီးနေထိုင်လို့ရနိုင်တဲ့ ဂြိုဟ်(၇)လုံးကို NASA မှ တွေ့ရှိကြောင်းကြေငြာ
Youtube

အစပိုင်းမှာတော့ Google ရဲ့“Project Soli” ပရောဂျက်ဟာ မအောင်မြင်ခဲ့ပါဘူး။ စမတ်နာရီမှာ ထည့်သွင်းထားတဲ့ လက်အမူအရာ အာရုံခံနည်းပညာဟာ လူတွေရဲ့ လက်ဟန်တွေကို တိကျစွာ ဖတ်နိုင်ခြင်းမရှိခဲ့တဲ့အတွက်ပါ။ ၂၀၁၈ မတ်လမှာတော့ Google ဟာ စမတ်နာရီမှာ ထည့်သွင်းတဲ့ ရေဒါရဲ့ ပါဝါ level ကို မြှင့်ဖို့ Federal Communication Commission ကို စာတင်ခဲ့ပါတယ်။

Youtube

၂၀၁၈ ဒီဇင်ဘာမှာတော့  FCC ကနေ Google ကို Project Soli ရှေ့ဆက်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ ယခုအခါ ထိုပရောဂျက် ဆက်လုပ်နိုင်ပြီဖြစ်တဲ့အတွက် Google ကနေ လက်ဟန်နဲ့ ထိန်းနိုင်တဲ့ အလက်ထရောနစ် ပစ္စည်းတွေ အနာဂတ်မှာ ထွက်ပေါ်လာဖို့ မျှော်လင့်နိုင်ပြီဖြစ်ပါတယ်။

Ref: The Verge

SHARE