မီးလောင်သွားတဲ့ ဘရာဇီးအမျိုးသားပြတိုက်ကို နည်းပညာနဲ့ ပြန်အသက်သွင်းမယ့် Google

၂၀၁၈ စက်တင်ဘာလတုန်းက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုလို့ ပြောလို့ရတဲ့ နေရာတစ်နေရာကို ဆုံးရှုံးခဲ့ကြရပါတယ်။ သမိုင်းဦးခေတ်ကတည်းက လူသားမျိုးနွယ်တို့ရဲ့ ယဉ်ကျေးမှုတွေအပါအဝင် မျိုးတုံးပျောက်ကွယ်သွားပြီဖြစ်တဲ့ သတ္တဝါအချို့ရဲ့ အကြွင်းအကျန်တွေကို ပြသထားတဲ့ ရီယိုမြို့ရှိ ဘရာဇီးအမျိုးသားပြတိုက်ဟာ မီးလောင်မှုကြီးကြောင့် ပြာပုံဘဝ ရောက်ခဲ့ရပါတယ်။

Youtube

ရှေးယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းပေါင်း သန်း ၂၀ ကျော် ဆုံးရှုံးခဲ့ရပြီး ပညာရှင်တွေလည်း ပြာပုံထဲက ကောင်းတာလေးတွေ ရသလောက် ပြန်ရှာဖွေခဲ့ကြပေမယ့် အနည်းအကျဉ်းသာ ပြန်ရခဲ့ပါတယ်။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် များစွာ ဆုံးရှုံးခဲ့ရပေမယ့် အဆိုးထဲက အကောင်းလို့ ဆိုရမယ့် အကြောင်းအရာတစ်ခုလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ အမေရိကန်နည်းပညာကုမ္ပဏီ Google ကနေ ပြတိုက်ကြီးကို ပြန်လည်အသက်သွင်းဖို့ အစီအစဉ် ရှိနေခဲ့တာပါ။

Youtube

ဘရာဇီးအမျိုးသားပြတိုက်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ (၂၀၁၈)ခုနှစ် စက်တင်ဘာ မတိုင်ခင်   နှစ်အနည်းငယ်အလိုကတည်းက Google ရဲ့ ယဉ်ကျေးမှုနဲ့ အနုပညာအသင်းက ပြတိုက်နဲ့ ပူးပေါင်းပြီး ပြတိုက်ရဲ့ အတွင်းပိုင်းနဲ့ ပုံစံတူဖြစ်တဲ့ ဒစ်ဂျစ်တယ်ဗားရှင်းကို ဖန်တီးနေခဲ့တာပါ။ မီးလောင်မှုဖြစ်ပွားပြီးနောက် လပိုင်းအကြာမှာတော့ Google က ထိုစဉ်က ဖန်တီးထားတဲ့ ပြတိုက်ပုံစံတူ ဒစ်ဂျစ်တယ်ဗားရှင်းကို လူထုဆီ ချပြလိုက်ပြီဖြစ်ပါတယ်။

READ
Android Phones တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်နည်း
engadget

ပုံစံတူ ဒစ်ဂျစ်တယ်ပြတိုက်က ပြတိုက်အစစ်ကိုတော့ မီမှာမဟုတ်သလို ဆုံးရှုံးသွားခဲ့တဲ့ သန်း ၂၀ သော ယဉ်ကျေးမှု အမွေအနှစ်တွေကို အစားထိုးနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ပြတိုက်ထဲမှာ ရှိခဲ့တဲ့ ပစ္စည်းတွေကို 3D ပုံစံ၊ resolution မြင့်တဲ့ ဓာတ်ပုံတွေနဲ့ ပြန်ပြနိုင်မှာ ဖြစ်တဲ့အတွက် အနည်းဆုံးတော့ အနာဂတ်မျိုးဆက်သစ်တွေကို ပြတိုက်ထဲမှာ ရှိခဲ့တဲ့ အရာတွေအကြောင်း လက်ဆင့်ကမ်းနိုင်ဦးမှာဖြစ်ပါတယ်။

Ref: VR Room, Engadget

SHARE