အွန်လိုင်းပေါ်က Food ဘလော့ဂါတွေကို ဝေဖန်ရေးတွေ လိုက်လုပ်နေတဲ့ Gordon Ramsay

TikTok/GordonRamsey

Gordon Ramsay ဟာ နာမည်ကျော်  စားဖိုမှူးတစ်ယောက်ဖြစ်ပြီး အစားအသောက်တွေနဲ့ ပတ်သက်ပြီး အမြဲလိုလို ဝေဖန်ရေးတွေ ပြုလုပ်လေ့ရှိသူပါ။ MasterChef၊ Hell’s Kitchen အစရှိတဲ့ တီဗွီရှိုးတွေရဲ့ အဓိကလူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ထူးခြားတဲ့ ဝေဖန်ချက်တွေကြောင့် နာမည်ကြီးပါတယ်။ သူဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း တခြားသူတွေ လုပ်ထားတဲ့ အစားအစာ ဗီဒီယိုဖိုင်တွေတွေ့ရင် ဝေဖန်လျက်ရှိပါတယ်။ 

 

View this post on Instagram

 

I finally made the perfect chicken wing for @seanseaevans and #hotones…all in the jungle ! Watch the full recipe in my bio !!!

A post shared by Gordon Ramsay (@gordongram) on

အခုတစ်ခေါက် Gordon Ramsay ရဲ့ အဆူအငေါက်ခံခဲ့ရသူကတော့ My Nguyen ဆိုတဲ့ Food ဘလော့ဂါတစ်ယောက်ရဲ့ ဗီဒီယိုကို ဖြစ်ပါတယ်။

@gordonramsayofficialThat’s not a Healthy Sandwich this is an ##idiotsandwich !!! ##duet with @myhealthydish ##ramsayreacts ##fyp♬ original sound – myhealthydish

My Nguyen ဟာ အင်တာနက်ပေါ်မှာ အစားအသောက်တွေအကြောင်းရေးသားသူ၊ ဝေဖန်သူတစ်ယောက်အဖြစ် နာမည်ကျော်ကြားပါတယ်။ သူမဟာ ဆင်းဒဝှစ်ကို တီထွင်ဖန်တီးမှုတစ်ခုအသစ်ပြုလုပ်ကာ စားပြခဲ့သူတစ်ယောက်ပါ။ ပုံမှန်ဆင်းဒဝှစ်တွေဆိုတာ ပေါင်မုန့်ထဲမှာ အသားညှပ်ကာ အချဉ်ရည်ထည့်ပြီး စားသောက်ရလေ့ရှိတဲ့ အစားအစာတွေဖြစ်ပေမယ့် သူမ ဖန်တီးလိုက်တဲ့ ဆင်းဒဝှစ်ကတော့ ပေါင်မုန့်အစား ငရုတ်ပွကို အသုံးပြုခဲ့တာပါ။

READ
အသစ်စက်စက် ဇနီးမောင်နှံရဲ့ မွန်မြတ်တဲ့အလှူဒါနလေး

Low-carb ဆင်းဒဝှစ်ကို ငရုတ်ပွရယ် ခရင်ချိစ်ရယ်နဲ့ လုပ်သွားပါ့မယ်လို့ My Nguyen က အဆိုပါ Tik Tok ဗီဒီယိုဖိုင်မှာ ရေးသားထားခဲ့ပါတယ်။ အဲဒီဗီဒီယိုဖိုင်ကို ကြည့်နေတဲ့ Ramsay ကတော့ သူမအခုလို ဆင်းဒဝှစ်လုပ်နေတာကို ကြည့်ပြီး အင်မတန်စိတ်ပျက်နေပုံပါပဲ။ အဲဒါ ငရုတ်ပွကြီးလား၊ မဟုတ်တာ လို့ ပြောခဲ့တဲ့ အပြင် ၊ အဲဒီငရုတ်ပွပေါ်မှာ ခရင်ချိစ့်တွေ လောင်းထည့်လိုက်ချိန်မှာလည်း ဘာတွေလဲကွာလို့ Ramsay ရေရွတ်ခဲ့ပါတယ်။

“ဒါ ဆင်းဒဝှစ်မဟုတ်ဘူးလေကွာ”လို့ Ramsay ကတုန့်ပြန်ပြောခဲ့ပါသေးတယ်။ “မဟုတ်ဘူး၊ ဒါက  low-carb ဆင်းဒဝှစ်မဟုတ်ဘူး။ဒါက ငတုံးဆင်းဒဝှစ်တစ်ခုပဲ”လို့ ပြင်းပြင်းထန်ထန်ပြောဆိုခဲ့ပါတယ်။

@myhealthydish##greenscreen @gordonramsayofficial Yes, I’m a Idiot Sandwich ##gordonramsayofficial ##idiotsandwich ##ramsayreacts♬ I’m Just a Kid – Simple Plan

Nguyen အနေနဲ့ သူမအပေါ် ပြင်းပြင်းထန်ထန်တုံ့ပြန်ထားတဲ့  Ramsayရဲ့ဗီဒီယိုဖိုင်ကို ကြည့်ပြီး မျက်ရည်ကျခဲ့တယ်လို့ Insider သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ သူမ မျက်ရည်ကျတာဟာ အခုလို ဆူပူကြိမ်းမောင်းခံခဲ့ရလို့ မဟုတ်ဘဲ သူမလို ဘလော့ဂါတစ်ယောက်ကို အခုလို အသိအမှတ်ပြု ပြောဆိုပေးလို့ကျတဲ့ မျက်ရည်ပါ။

READ
အလေးချိန်(၃၁၇)ကီလိုဂရမ်ရှိ ရှားပါးဆူးတောင်ပြာ တူနာငါးကြီးကို ဖမ်းဆီးနိုင်ခဲ့တဲ့ လူငယ်(၃)ဦး

ငတုံးဆင်းဒဝှစ်ဆိုတဲ့ စကားဟာ Ramsey အတွက်တော့ ပထမဆုံးအသုံးပြုခဲ့တဲ့ စကားတစ်ခွန်းတော့ မဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ Hell’s Kitchen ရှိုးမှာ မကြာခဏ ပြောလေ့ရှိခဲ့တဲ့ စကားတစ်ခွန်းဖြစ်ပြီး အဲဒီအချိန်တုန်းက အင်တာနက်တစ်ခွင့်မှာ ပျံနှံ့ခဲ့တဲ့ အသုံးအနှုန်းတစ်ခုလည်းဖြစ်ပါတယ်။

 

@gordonramsayofficialI’d like to ram this in the trash !! ##duet with @mythicalkitchen ##ThisIsBliss ##ramsayreacts ##fyp ##ramen♬ original sound – mythicalkitchen

အင်တာနက်အသုံးပြုသူတွေဟာ သူတို့နေ့စဉ်ချက်ပြုတ်တဲ့ အစားအစာတွေအကြောင်းကို ဗီဒီယိုရိုက်ပြီး တင်ရှိထားလေ့ရှိမှာ Ramsay က အဲဒီဗီဒီယိုတွေကို ကြည့်ပြီး မှတ်ချက်ပေးလေ့ရှိပါတယ်။ “#RamsayReacts” လို့ နာမည်ပေးထားတဲ့ အဲဒီဗီဒီယိုဖိုင်တွေက အင်မတန်လူကြည့်များတဲ့ ဗီဒီယိုဖိုင်တွေဖြစ်လာခဲ့ကြပါတယ်။

Ye Yint Kyaw

SHARE