သိန်းကျော်တန်ဘာဂါတွေရောင်းချနေတဲ့ Gordon Ramsay စားသောက်ဆိုင်

instagram/gordongram

Gordon Ramsay ရဲ့အင်္ဂလန်က စားသောက်ဆိုင်အသစ်မှာ ဈေးကြီးလွန်းတဲ့ဘာဂါတွေရနေပါပြီ။ အသက်၅၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ Hell’s Kitchen စတား Ramsay က ပြီးခဲ့တဲ့အပတ်တုန်းက သူ့တွစ်တာပေါ်မှာ ကြော်ငြာတင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် လန်ဒန်ရဲ့ Harrods department စတိုးမှာ Ramsay က သူ့ဘာဂါဆိုင်သစ်ကို ဖွင့်လှစ်ထားပြီပဲဖြစ်ပါတယ်။

အွန်လိုင်းပေါ်တင်ထားတဲ့ သူ့ဗီဒီယိုထဲမှာတော့ ဘယ်သူနဲ့မှမတူ ထူးခြားတဲ့အရသာနဲ့ဘာဂါကို မြည်းစမ်းရမယ့်အကြောင်း၊ အင်္ဂလန်ရဲ့အကောင်းဆုံးအသားတွေကိုစုပေါင်းပြီး တည်ခင်းမှာဖြစ်တဲ့အကြောင်း Ramsay ကဆိုပါတယ်။

Harrods ဝက်ဆိုက်ဒ်အရတော့ Las Vegas ရဲ့အပြင်ဘက်မှာ အခုလိုနာမည်ကြီးစားဖိုမှုးတစ်ယောက်ရဲ့ ဘာဂါဆိုင်ရှိတာ ပထမဆုံးပဲလို့ဆိုပါတယ်။ Hot Dinners အရ ဆိုင်မီနူးတွေကတော့ wagyu အမဲသားဘာဂါဟာ ပေါင်၈၀ (အမေရိကန်ဒေါ်လာ ၁၀၆) ရှိတယ်လို့ ဆိုပါတယ်။ wagyu အမဲခါးဆစ်သား အသားပြားမှာဆိုရင် အရသာရှိလှတဲ့ Pecorino ချိစ်နဲ့ လတ်ဆတ်တဲ့အနက်ရောင် truffle မှိုတွေကြောင့် ဈေးများသွားတာပါ။ တွဲစားဖို့ အာလူးကြော်မှာရင်တော့ ပိုက်ဆံထပ်ပေးရမှာဖြစ်ပါတယ်။

READ
ဆင်းရဲတဲ့မိဘကို ဈေးရောင်းကျွေးနေတဲ့ ကောင်လေး၊ ရောင်းထားသမျှပိုက်ဆံ အလုခံခဲ့ရ

ပြီးတော့ စားသောက်ဆိုင်ထဲမှာ ပိုက်နဲ့စုပ်သောက်လို့မနိုင်လောက်အောင် ပြစ်ပြစ်နှစ်နှစ်ရှိလှတဲ့ မစ်ရှိတ်လည်းရပါသေးတယ်။ မစ်ရှိတ်ထဲမှာတော့ ပူတင်းပါ ထည့်ထားတာပါ။ အသားဘာဂါအပြင် သတ်သတ်လွတ်သမားတွေအတွက် အခြားသတ်သတ်လွတ်ရွေးချယ်စရာတွေ၊ ကြက်တောင်ပံကြော်၊ truffle မှိုကြော်တွေလည်းရနိုင်ပါသေးတယ်။

“ဖျော်ရည်ပဲသောက်မလား၊ စားနေကျရိုးရိုးပဲ အမဲအသားပြားနဲ့ ဘာဂါလေးပဲဝါးမလား၊ ပုစွန်တုတ် ပုစွန်ဘာဂါကို စတိုင်ကျကျနဲ့စားမလား၊ တကယ်လို့ အသားမစားဘူး ဒါမှမဟုတ် ကြက်ကြော်ကြွပ်ကြွပ်ရွရွလေးစားချင်တယ်ဆိုရင် Gordon Ramsay Burger ဆိုင်မှာထက် ပိုကောင်း ပိုအရသာရှိတဲ့အစားအသောက်မျိုး ဘယ်မှာမှရမှာမဟုတ်တော့ဘူး။” လို့ Hot Diners ပြောထားပြီး “ကျွန်တော်ကတော့ ဘာဂါအရသာကိုအကောင်းဆုံးဖြစ်အောင် လုပ်နေတာနှစ်တော်တော်ကြာပြီ။ အခု Harrods မှာတော့ ဒါတွေရနေပြီနော်။” လို့လည်း Ramsay က ဆိုခဲ့ကြောင်း People သတင်းစာအရ သိရပါတယ်။

READ
စားသုံးသူတစ်ယောက်တည်းကိုပဲရောင်းတဲ့ ဆွီဒင်က ထူးထူးခြားခြား စားသောက်ဆိုင်လေး

ShweMom

SHARE