အငယ်ဆုံးသားကို မြေးလို့ထင်နေသူတွေအပေါ် ပေါက်ကွဲနေတဲ့ Gordon Ramsay

instagram/gordongram

အသက်၅၄နှစ်ရှိပြီဖြစ်တဲ့ ဗြိတိန်စားဖိုမှုးကြီး Gordon Ramsay ဟာ ဇနီးသည် Tana နဲ့ အတူ  ကလေး၅ယောက်မွေးထားပါတယ်။ ကလေးတွေက Megan (၂၂နှစ်) ၊ Jack နဲ့ Holly အမြွှာ (၂၀နှစ်) ၊ Matilda (၁၉နှစ်) နဲ့ Oscar (၁၉ လ) တို့ပဲဖြစ်ပါတယ်။ Ramsay က သူတို့မိသားစုတွေ အပြင်အတူသွားတဲ့အခါ Oscar ကို လူတိုင်းက သူ့မြေးလို့ထင်နေတဲ့အတွက် လူတွေကိုစိတ်ကုန်နေပြီလို့ ဆိုခဲ့တာပါ။

 

View this post on Instagram

 

A post shared by Gordon Ramsay (@gordongram)

သူက “အဆိုးဆုံးက ကျွန်တော်ရယ် Tana ရယ် Jack ရယ် အပြင်ထွက်ရင် အားလုံးက Oscar ကို Jack ရဲ့သားလို့ပဲထင်ကြတယ်။ ရှင်တော့ ဘိုးဘိုးကြီးဖြစ်ရတာဂုဏ်ယူနေမှာပဲ ဘာညာနဲ့။ သွားစမ်းပါ။ Oscar က ကျွန်တော်တို့သား။ နောက်တစ်ခါ Oscar အဘိုးလို့ထပ်ခေါ်ရင် ကျွန်တော်ပေါက်ကွဲလိုက်တော့မယ်။” လို့ Ramsay က စိတ်ဆိုးဆိုးနဲ့ ပြောခဲ့တာပါ။

 

View this post on Instagram

 

A post shared by Gordon Ramsay (@gordongram)

Ramsay ဟာ အားကစားကိုဝါသနာပါသူတစ်ဦးဖြစ်ပြီး ကလေးတွေက သူ့ခြေရာနင်းနိုင်လို့လည်း သူက ဝမ်းသာနေပါတယ်။ ဗြိတိန် Men’s Health မဂ္ဂဇင်းအသစ်မှာတော့ သူက အခုလိုပြောပါတယ်။ “ကျွန်တော့်သား Jack က မနှစ်တုန်းက ပထမဆုံး မိုင်၇၀လောက်ပြေးနိုင်ခဲ့တယ်။ ကျွန်တော်က ကလေးတွေအားလုံးကို မာရသွန်ထဲဝင်ခိုင်းတာ။ Great Ormond Street Children ဆေးရုံအတွက် ရန်ပုံငွေရှာပေးဖို့လေ။ Tana ကတော့ မာရသွန်ပြေးတာ ၁၀ ကြိမ်လောက်ရှိပြီ။ ကျွန်တော်ကတော့ အခုတစ်ကြိမ်ဆို ၁၅ကြိမ်ရှိပြီ။ သူတို့တွေက ကျွန်တော့်ဓာတ်တွေကူးသွားတာလေ။”

 

View this post on Instagram

 

A post shared by Gordon Ramsay (@gordongram)

Ramsay က မာရသွန်ပြေးတာကိုနှစ်သက်ပေမယ့် စက်ဘီးစီးတာကတော့ သူနဲ့မကိုက်ဘူးလို့လည်း ပြောပြပါတယ်။ Ramsay ဟာ အားကစာအတွက် လေ့ကျင့်နေတဲ့အချိန်မှာလည်း ပရိုတိန်းဘားတွေ မစားခဲ့ပါဘူး။ သူက “ကျွန်တော် စားချင်တာစားရပြီး လေ့ကျင့်ခန်းလုပ်နေနိုင်တာ တော်တော်လေးကံကောင်းပါတယ်။ စားဖိုမှုးတစ်ယောက်က ပရိုတိန်းဘားတွေစားပြီး အရသာရှိပါတယ်လို့ ဘယ်လိုပြောရမလဲ။ အရသာဒီလောက်ဆိုးနေတာ။” ဆိုပြီးတော့လည်း ပြောပြသွားခဲ့တယ်လို့ asiaone သတင်းကနေသိရပါတယ်။

READ
အိမ်သာအိုးထဲမှာအရှည်3ပေရှိတဲ့ စပါးအုံးတစ်ကောင်ကို တွေ့ရှိခဲ့တဲ့ ကျောင်းသားလေး

ShweMom

SHARE