HyunA ရဲ့ Calvin Klein အတွင်းခံနဲ့ ဆက်စီဆန်ဆန် မိမိုက်နေတဲ့ အလှပုံရိပ်များ

ig/HyunA

HyunA ကတော့ တစ်ခေတ်တစ်ခါက kpopper တွေကြားမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ 4Minute ဆိုတဲ့ မိန်းကလေးအဆိုတော်အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးပါ။ 4Minute အဖွဲ့ကိုတော့ ၂၀၁၆ ခုနှစ်မှာ Cute Entertainment က အဖွဲ့ကို တရားဝင်ဖျက်သိမ်းခဲ့ပြီး အဖွဲ့ဝင်တွေကတော့ ကိုယ်ပိုင်အနုပညာလှုပ်ရှားတွေကို လုပ်ဆောင်နေကြပါတယ်။

Reddit/CronoDroid

HyunA ဆိုတဲ့အဆိုတော်ကောင်မလေးကို မြန်မာပရိသတ်တွေကတော့ တော်တော်များများ သိကြမှာပါ။ သူမရဲ့ အရိုင်းတုန်းလေးလို ဆက်စီဆန်တဲ့အလှတရား၊ အကစွမ်းရည်နဲ့ rap စွမ်းရည်တွေက သူမကို လူတော်တော်များများက သတိပြုမိခဲ့ကြတာပါ။ သူမရဲ့ သီချင်းတွေဖြစ်တဲ့ Trouble Maker, Red, Icecream , Lip & Hip အစရှိတာတွေကတော့ နိုင်ငံတကာမှာ အောင်မြင်မူတော်တော်များများရရှိခဲ့ပြီး ပရိသတ်တွေလည်း ရင်းနှီးပြီးသားဖြစ်မှာပါ။

 

View this post on Instagram

 

A post shared by Hyun Ah (@hyunah_aa) on

HyunA ကတော့ သူမနဲ့အေဂျင်စီတစ်ခုထဲဖြစ်တဲ့ Pentagon အမျိုးသားအဆိုတော်အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင့်း E’Dawn နဲ့ရည်းစားတွေဖြစ်နေကြောင်း ၂၀၁၈ ခုနှစ်မှာ ထုတ်ဖော်ပြောခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး နှစ်ယောက်လုံးက အေဂျင်စီနဲ့ပြဿနာဖြစ်ခဲ့ကြပြီး HyunA က Cube Entertainment ကနေ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ နှုတ်ထွက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလမှာ PSY ရဲ့ကိုယ်ပိုင်အေဂျင်စီဖြစ်တဲ့ P nation နဲ့လက်တွဲခဲ့ပြီး Flower Shower ဆိုတဲ့အယ်ဘမ်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ဖြန့်ချီခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Hyun Ah (@hyunah_aa) on

 

View this post on Instagram

 

A post shared by Hyun Ah (@hyunah_aa) on

HyunA ကတော့ အမေရိကန်ရဲ့နာမည်ကြီး fashion brand တစ်ခုဖြစ်တဲ့ Calvin Klein ရဲ့ brand ambassador တစ်ယောက်ပါ။ မကြာသေးမီက သူမက Calvin Klein ရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ underwear နဲ့သူမတူတဲ့ အလှတွေနဲ့ပြည့်နှက်နေတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးခဲ့ပါသေးတယ်။ Calvin Klein ရဲ့ underwear နဲ့ လှပကျော့ရှင်းနေတဲ့ HyunA ရဲ့ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

READ
Box Office ရဲ့ နံပါတ်တစ်နေရာတွင် Dr. Seuss' The Grinch (2018) ရပ်တည်
Allkpop
Allkpop
Allkpop
ig/HyunA
Allkpop
Allkpop
Allkpop
ig/HyunA
ig/hyuna
ig/HyunA

Source : AllKpop

SHARE