ခြေထောက်တစ်ဖက်မရှိပေမယ့် Miss ရွေးပွဲမှာ နောက်ဆုံးအဆင့်ထိရောက်ခဲ့သူ

အခု (၂၀၁၈) ခုနှစ် Miss Italy ရွေးပွဲကတော့ ထူးထူးခြားခြားပါပဲ။  အကြောင်းကတော့ နောက်ဆုံး ဆန်ကာတင် (၃) ယောက်မှာ (၁) ယောက်က ခြေထောက်တစ်ဖက်ဆုံးရှုံးထားတဲ့ သူဖြစ်နေလို့ပါပဲ။ ဒါ သမိုင်းတစ်လျှောက်မှာ ပထမဆုံးလို့လည်းပြောလို့ရပါတယ်။

Instagram

သူမရဲ့ နာမည်ကို Chiara Bordi လို့ခေါ်ပြီး အသက်အရွယ်အားဖြင့် (၁၈) နှစ်ပဲရှိပါသေးတယ်။ သူဟာ သရဖူ မရတဲ့တိုင် လူတွေက သူမဟာ သိပ်တော်တဲ့အတွက် သရဖူရသင့်တယ်လို့တောင် အခိုင်အမာဆိုကြပါတယ်။

chiarabordi_

Chaira ဟာ အသက် (၁၃) မှာ စက်ဘီးစီရင်း ကားအက်ဆီဒင့်ဖြစ်ခဲ့တာကြောင့် ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။ သူမကို ကယ်တင်ဖို့အတွက်နဲ့ ဆရာဝန်တွေဟာ ခြေထောက်နဲ့ သက်ဆိုင်ရာ အစိတ်အပိုင်းတွေကို ဖြတ်ပေးလိုက်ခဲ့ရတယ်။

READ
အကြွေးကင်းကင်းနဲ့ ဘွဲ့ယူနိုင်ဖို့ ကိုယ်တိုင်အိမ်တစ်လုံးဆောက်ခဲ့တဲ့ ကျောင်းသား

အဲ့ဒီ့နောက်မှာတော့ ခြေထောက်အတုကို အစားထိုးပေးခဲ့ကြပြီး သူမဟာလည်း လျင်လျင်မြန်မြန်ပဲ ခြေတုနဲ့ အသားကျလာခဲ့ပြီး ဖိနပ်အမြင့်တွေကိုပါစီးလာနိုင်ခဲ့တယ်။

https://www.instagram.com/p/BnjlTV9B7x4/?utm_source=ig_web_copy_link

ပြိုင်ပွဲကြီးပြီးသွားပြန်တော့လည်း Chiara ကို မုန်းတဲ့သူတွေက သူမရဲ့ အားနည်းချက်ကို နင်းပြီး တိုက်ခိုက်စော်ကားတာတွေရှိခဲ့တယ်။ အဲ့ဒီ ကောမန့်တွေ အားလုံးက တစ်ပုံစံတည်းဖြစ်နေခဲ့တယ်။

“ဒိုင်တွေက Vote ပေးမှာပေါ့.. မသန်မစွမ်း တစ်ယောက်ဖြစ်နေတာကိုး”

chiarabordi_
chiarabordi_

ဘယ်လိုပဲဖြစ်နေရှိနေ၊ Chiara Bordi က တစ်ခုပဲ ပြန်ပြောခဲ့တယ်။

“ဟုတ်တယ် ကျွန်မက ခြေထောက်ပဲမရှိတာ၊ ရှင်တို့အားလုံးကတော့ ဦးနှောက်ရော၊ နှလုံးသားပါ မရှိကြဘူး” တဲ့လေ….။

ဒါပေမယ့် တခြားသော အီတာလျံ အကျော်အမော်များကတော့ Chiara ဘက်က မားမားမတ်မတ်ရပ်တည်ခဲ့ကြတယ်။ ဒီ ချို့ယွင်းချက်နဲ့ ချစ်စရာကောင်းသူလေးက သူမဟာ ပြိုင်ပွဲမှာ အောင်သရဖူဖို့ စိတ်မ၀င်စားကြောင်း၊ ဒီလို့ ချို့တဲ့မှုတွေနဲ့တောင် ဘ၀ဟာ ဘယ်လို လှပတယ်ဆိုတာ လူတွေကို ပြချင်ရုံ သက်သက်ဖြစ်ကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့တယ်။

READ
အိမ်ရာမဲ့တစ်ဦးနဲ့ မေတ္တာနဲ့ဖေးမပေးသူ ရဲအရာရှိတို့ကြားက နွေးထွေးတဲ့ ဖြစ်ရပ်လေး
chiarabordi_

ဒီ့အပြင် Chiara ဟာ မသန်စွမ်းသူတွေတိုင်း များစွာသော အခက်အခဲ ရှုပ်ထွေးမှုတွေနဲ့၊ အားလုံးသော စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှာနိုင်စွမ်းရှိတာ အခိုင်အမာယုံကြည်တယ်လို့လည်း ပြောခဲ့ပါတယ်။

chiarabordi_

Chiara Bordi ဟာ မိန်းမလှလေး တစ်ယောက်ဖြစ်ရုံတင်မဟုတ်ပါဘူး။ သူမဟာ ခိုင်မာပြင်းပြတဲ့ စရိုက်ဟန်ပန်ရှိသူလည်းဖြစ်တယ်။ အစားထိုးထားတဲ့ ခြေအတုနဲ့ စက်ရုပ်မလေးလိုတောင် စွဲဆောင်မှုရှိနေသေးတယ်လို ခံစားမိတယ်။ အထူး လိုအပ်ချက်တွေရှိနေတဲ့ တခြားသူတွေအတွက်လည်း သူမဟာ ကြီးမားတဲ့ လှုံ့ဆော်မှုတွေ ပေးနေတဲ့ စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်နိုင်တဲ့သူပါ။

Source: Fabiosa

Matthew (ShweMOM)
SHARE