Grand Theft Auto 5 ထဲမှာ Music Video အသစ်ကို ရိုက်ကူးခဲ့တဲ့ Gorillaz အဖွဲ့

[email protected] gorillaz

ဒီဘက်ခေတ်မှာ ထွက်ရှိတဲ့ music video တော်တော်များများဟာ ဖန်တီးမှုတွေ ကောင်းလာသလို တော်တော်လေးကို အရည်အသွေးပြည့်ဝပြီး ပရိသတ်တွေ လက်ခံနိုင်လောက်တဲ့ ပုံစံတွေ ရှိကြပါတယ်။ နည်းပညာအသစ်အဆန်းတွေ၊ CGI effect တွေ တိုးတက်လာတာနဲ့အမျှ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဂိတပညာရှင်တွေကလည်း သူတို့ရဲ့ MTV တွေကို လုံးဝအသစ်အဆန်းတွေဖြစ်အောင် တီထွင်ဖန်တီးလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခုပြောပြချင်တဲ့ MTV ကတော့ Gorillaz အဖွဲ့ရဲ့ အသစ်ထွက်ရှိခဲ့တဲ့ The Valley of the Pagans အမည်ရ MTV တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အဆိုပါ MTV ရဲ့ ထူးခြားချက်ကတော့ MTV တစ်ခုလုံးကို Grand Theft Auto 5 ဂိမ်းထဲမှာ ရောက်ရှိနေတဲ့ ပုံစံနဲ့ ထွက်ရှိလာခဲ့တာဖြစ်ကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

MTV ပုံစံကတော့ အပေါ်မှာ တွေ့မြင်ရတဲ့အတိုင်း လုံးဝ အမိုက်စားပါပဲ။ တစ်ကယ့် ကားသူခိုးဂိမ်းထဲ ရောက်သွားသလို mood မျိုးပါပဲ။ Gorillaz အဖွဲ့ဟာ ၁၉၉၈ ခုနှစ်ကတည်းက ဂီတပညာရှင် နှစ်ဦးဖြစ်တဲ့ Damom Albarn နဲ့ Jamie Hewlwtt တို့ တွဲဖက် တည်ထောင်ခဲ့တဲ့ အမိုက်စား music band တစ်ခုပါ။ Gorillaz အဖွဲ့ရဲ့ MTV တော်တော်များများဟာလည်း လူကိုယ်တိုင် ဝင်ရောက်သရုပ်ဆောင်တာမျိုး မဟုတ်ပဲ သူတို့အဖွဲ့ဝင်တွေရဲ့ ကာတွန်းဇာတ်ကောင်လေးတွေပုံစံနဲ့ အမြဲလိုလို ပါဝင်သရုပ်ဆောင်တာကြောင့် ပရိသတ်တွေအတွက် သူတို့ရဲ့ MTV တော်တော်များများဟာ အမြဲလိုလို အသစ်အဆန်းတွေ ဖြစ်နေတတ်ပါတယ်။

READ
အဝလွန် စစ်သား(၄၀၀)ကို တာဝန်ကနေ ရပ်ဆဲလိုက်ရတဲ့ ဗြိတိန်တော်ဝင်ရေတပ်

 

 

View this post on Instagram

 

Song Machine, Season One: Strange Timez Now playing on @spotifyuk ✨ gorill.az/songmachine

A post shared by Gorillaz (@gorillaz) on

ဒီလိုမျိုး ဂိမ်းထဲက background ပုံစံနောက်ခံတွေနဲ့ MTV ဟာ Gorillaz အဖွဲ့အပြင် အခြား ဂီတပညာရှင်တော်တော်များများလည်း အခုနောက်ပိုင်းမှာ အသုံးပြုလာတတ်ပါတယ်။ ဒီနှစ်အစောပိုင်းတိန်းကလည်း Sonic the Hedgehog ရုပ်ရှင်ရဲ့ movie theme song ကိုလည်း Wiz Khalifa, Ty Dolla $ign, Lil Yatchy, Sueco the Child အစရှိတဲ့ အနုပညာရှင်တွေဟာ Sonic ဂိမ်းရဲ့ နောက်ခံကို သုံးပြီး MTV ရိုက်ကူးခဲ့ပါသေးတယ်။

READ
သူမရဲ့ တစ်ဝမ်းကွဲညီမနဲ့ဖောက်ပြန်တဲ့ ယောကျာ်းကို လူမြင်ကွင်းမှာ ဖမ်းမိခဲ့တဲ့ အမျိုးသမီး

 

 

View this post on Instagram

 

You’ve had Song Machine, Season One: Strange Timez for a week 🎈 What’s your favourite song?

A post shared by Gorillaz (@gorillaz) on

Pyi Hein Kyaw

SHARE