ရန်ပုံငွေရှာဖွေဖို့ ကိုယ်တိုင်စံပြအဖြစ်နဲ့ ကတုံးတုံးခဲ့တဲ့ လေးစားဖွယ် စီအီးအို

hairforhope

Grab ကုမ္ပဏီကို ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့ အန်သိုနီတန်ဟာ ကင်ဆာဝေဒနာခံစားနေရတဲ့ ကလေးတွေအတွက် ရည်ရွယ်ကာ ကတုံးတုံးပစ်ခဲ့ကြောင်း todayonline အွန်လိုင်းသတင်းအရ သိရပါတယ်။ တန်ဟာ နှစ်စဉ်ပြုလုပ်မြဲဖြစ်တဲ့ Hair for Hope ကမ်ပိန်းအတွက် လှုပ်ရှားနေတာဖြစ်ပြီး ကမ်ပိန်းအပေါ်မှာ ထားတဲ့ သူ့စိတ်စေတနာကို မြင်နိုင်ကြစေဖို့အတွက် ကတုံးတုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

hairforhope

လက်ရှိမှာတော့ ကင်ဆာဝေဒနာရှင်ကလေးတွေအတွက် တန်တစ်ဦးတည်း ရှာဖွေလို့ရတဲ့ ရန်ပုံငွေဟာ စင်ကာပူဒေါ်လာ (၂၀၂,၀၁၀) ထိရောက်ရှိနေပြီးဖြစ်ပြီး ၄င်းဟာ မူလက သူခန့်မှန်းထားတဲ့ တားဂတ် ဒေါ်လာ(၈၀,၀၀၀) ထက် နှစ်ဆကျော်နေပြီ ဖြစ်ပါတယ်။ Hair for Hope ကမ်ပိန်းမှာ ပါဝင်ဆင်နွှဲသူတွေဟာ ကင်ဆာဝေဒနာရှင်ကလေးတွေအပေါ်မှာ စာနာထောက်ထားကြောင်း ပြတဲ့အနေနဲ့ ဦးခေါင်းကိုကတုံးရိတ်ကြပါတယ်။

READ
ကောလိပ်ဒီဂရီ လိုချင်တဲ့ဆန္ဒ ပြည့်ဝသွားပြီဖြစ်တဲ့ အသက်(၇၅)နှစ် အရွယ်အဖွားအို

တန်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၁) ရက်နေ့တုန်းက ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ကုမ္ပဏီရဲ့ ခေါင်းဆောင်မှုပေါင်းဆိုင်ရာ ပွဲတစ်ပွဲကိုတက်ရောက်ခဲ့ပြီးနောက် ခေါင်းရိတ်ခဲ့တာ ဖြစ်ပါတယ်။ တန်ဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ LinkedIn မှာလည်း ခေါင်းရိတ်ရခြင်းအကြောင်းရင်းဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာနဲ့လည်း ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

LinkedIn/Anthony Tan

သူ့ရဲ့မိသားစုထဲမှာ ကင်ဆာဝေဒနာသည်ရှိခဲ့ဖူးတာကြောင့်လည်း ဝေဒနာရှင်ကလေးတွေရဲ့ ခံစားချက်ကို နားလည်ပေးနိုင်တယ်လို့လည်း တန်က ပြောပါတယ်။ သူအခုလို ကတုံးတုံးလိုက်ခြင်းအားဖြင့်လည်း သူဟာ ဝေဒနာရှင်ကလေးတွေဘက်က အမြဲတမ်းရပ်တည်အားပေးနေပါတယ်ဆိုတာ ပြသရာရောက်ကြောင်း တန်က သူ့အယူအဆကို ရှင်းပြပါတယ်။

hairforhope.org

လက်ရှိမှာ စင်ကာပူ Grab အဖွဲ့အစည်းတစ်ခုလုံးက ယာဉ်မောင်းတွေနဲ့ ၀န်ထမ်းတွေပါ အပါအ၀င် အားလုံးစုဆောင်းရရှိတဲ့ ရန်ပုံငွေ ပမာဏဟာ စင်္ကာပူဒေါ်လာ (၃၂၉၆၆၃.၆၇) ထိရှိနေပြီလို့ သိရပါတယ်။ Hair For Hope ပင်မရန်ပုံငွေကောက်ခံပွဲကိုတော့ လွန်ခဲ့တဲ့ စနေ၊ တနင်္ဂနွေတုန်းက VivoCity mall မှာ ကျင်းပခဲ့တာ ဖြစ်ပြီး စက်တင်ဘာလကုန်မှာတော့ အွန်လိုင်းမှတဆင့် အလှူငွေလက်ခံမှုကို ရပ်နားတော့မှာ ဖြစ်ပါတယ်။ စင်ကာပူတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြောရရင်တော့ Hair for Hope ဟာ ယနေ့အထိ ဒေါ်လာ(၄) သန်းကျော် လှူဒါန်းငွေရရှိပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

READ
တစ်ကောင်တည်းကျန်ခဲ့မယ့် သမီးလေးအတွက် စိတ်မချဖြစ်နေရှာတဲ့ အိမ်ရာမဲ့အမျိုးသားကြီး

လင်းလင်း (ShweMom)

SHARE