မှူတ်ဆေးတစ်မျိုးတည်းနဲ့ နံရံတွေကို ဖောက်ထွင်းမြင်ရအောင် ဖန်တီးနေတဲ့ အမျိုးသား

Instagram/vile_graffiti

အချို့အနုပညာရှင်တွေဟာ လူသွားလူလာများရာ လမ်းဘေးလို နေရာတွေမှာ မိမိတို့ရင်ထဲက စိတ်ကူးစိတ်သန်းတွေကို ပန်းချီဆေးခြယ်ပြီး ပြသတတ်ကြပါတယ်။ Street artists လို့ခေါ်တဲ့ အနုပညာရှင်တွေဟာလည်း ဒီအတိုင်းပါပဲ။ သူတို့ရဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အမြင်တွေကို လမ်းပန်းချီလို့ခေါ်ကြတဲ့ graffiti တွေနဲ့တမူထူးခြားအောင် ရေးဆွဲပြီး အများပြည်သူဆီ တင်ပြကြပါတယ်။ ဒီလို အနုပညာရှင်တွေထဲမှာ ပေါ်တူဂီနိုင်ငံသား street artist တစ်ဦးဖြစ်တဲ့  Vile လည်း ပါဝင်တာကို Boredpanda ကနေတဆင့် တွေ့ရတာပါ။

Vile ရဲ့ အသက်ကတော့ (၃၄) နှစ်ရှိပါပြီ။ အသက်(၁၄) နှစ်ကတည်းက graffiti တွေရေးဆွဲလာခဲ့တဲ့ Vile က အခုအခါမှာဆိုရင်တော့ ဆရာတစ်ဆူဖြစ်နေပါပြီ။ အောက်မှာ တွေ့ရမှာတွေကတော့ နံရံတွေကို ထုတ်ချင်းဖောက်မြင်ရသလိုမျိုး ရေးဆွဲထားတဲ့ Vile ရဲ့ graffiti တွေပဲ ဖြစ်ပါတယ်။ ဘေးက ဖြတ်လျှောက်သွားသူတွေအဖို့မှာတော့ Vile ရဲ့လက်ရာတွေက ထူးခြားလွန်းတာကြောင့် ဘယ်သူမဆို နှစ်ကြိမ်လောက် ပြန်မကြည့်ပဲ နေနိုင်မှာတောင် မဟုတ်ပါဘူး။ ပါရမီရှင် Vile ရဲ့ လက်ရာတွေကတော့….

Instagram/vile_graffiti
Instagram/vile_graffiti
Instagram/vile_graffiti
Instagram/vile_graffiti
Instagram/vile_graffiti
Instagram/vile_graffiti
Instagram/vile_graffiti
Instagram/vile_graffiti
Instagram/vile_graffiti
Instagram/vile_graffiti

လင်းလင်း (ShweMom)

SHARE