လတ်တလော အခြေအနေတွေကို ပုံဖော်ထားတဲ့ ကမ္ဘာအနှံ့က Graffiti လက်ရာများ

[email protected] Juggins [email protected]

အခုအချိန်မှာတော့ COVID 19 ကူးစက်ရောဂါကြီးဟာ လူတိုင်းကြောက်လန့်နေရတဲ့ ကပ်ရောဂါကြီးတစ်ခုဆိုလဲ မမှားပါဘူး။ တရုတ်နိုင်ငံ၊ဝူဟန်မြို့က အစပြုခဲ့တဲ့ ကပ်ရောဂါကြီးဟာ အခုအချိန်မှာတော့ ကမ္ဘာ့နိုင်ငံ အနှံ့အပြားဆီကို ကူးစက်ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ကာကွယ်ဆေးက လုံးဝမပေါ်ပေါက်သေးတာကြောင့် အကောင်းဆုံးကာကွယ်ရေးနည်းလမ်းကတော့ အိမ်ထဲကအိမ်အပြင် လုံးဝမထွက်ဖို့ပါပဲ။

မဖြစ်မနေ အရေးတကြီးကိစ္စကြောင့် အပြင်ထွက်ရမယ်ဆိုရင်လည်း Face Mask ကို မဖြစ်မနေတက်သွားသင့်ပါတယ်။ အခုလည်း ဒီ COVID 19 ကူးစက်ရောဂါနဲ့ ပတ်သတ်ပြီး ပညာပေးတဲ့ ပုံရိပ်တွေကို နိုင်ငံအသီးသီးရှိ Graffiti ပညာရှင်များက လမ်းမတွေထက်မှာ ရေးဆွဲထားတာတွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ အောက်မှာ တစ်ချက်လောက် ကြည့်လိုက်ရအောင်။

ဒီပုံကတော့ Netherlands နိုင်ငံ၊ Amsterdam မြို့ရှိ Graffiti ပညာရှင် Fake က ရေးဆွဲထားတာပဲ ဖြစ်ပါတယ်။ Face Mask ရဲ့ အရေးပါပုံနဲ့ ကာကွယ်နိုင်ဆွဲကို တင်စားပြီး ရေးဆွဲထားတာပဲ ဖြစ်ပါတယ်။

READ
ဘ၀မှာတစ်ကြိမ်လောက်တော့ ကြည့်ဖူးသင့်တဲ့ Van Gogh ရဲ့ ပန်းချီကားများ
iamfake

Denmark နိုင်ငံ၊ Copenhagen မြို့ရှိ Graffiti ပညာရှင် Welinoo ရေးဆွဲထားတဲ့ ဒီပုံမှာတော့ ကိုယ်နှစ်သက်ရာနည်းလမ်းနဲ့ စိတ်ကူးကြည့်လို့ ရပါတယ်။

welinoo

အမေရိကန်နိုင်ငံ၊ Los Angeles မြို့ရှိ Graffiti ပညာရှင် Teachr1 ရေးဆွဲထားတဲ့ ပုံဖြစ်ပြီး သန့်ရှင်းရေးပစ္စည်းဖြစ်တဲ့ တစ်ရှုးတွေ ပြတ်လပ်နေတဲ့ ကိစ္စကို ဖော်ညွှန်းထားတာပဲ ဖြစ်ပါတယ်။

teachr1

အမေရိကန်နိုင်ငံ၊ Los Angeles မြို့ရှိ Graffiti ပညာရှင် Ponywave ရေးဆွဲထားတဲ့ ဒီပုံမှာတော့ ဒီကပ်ဆိုးကြီးကို အတူတကွကျော်ဖြတ်ကြမယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် အားပေးနေတဲ့ ပုံစံပေါ်အောင် ဖော်ပြထားပါတယ်။

ponywave

စပိန်နိုင်ငံ၊ဘာစီလိုနာမြို့ရှိ Tvboy လို့အမည်ရတဲ့ Graffiti ပညာရှင်ရေးဆွဲထားတာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေကို လူသားတွေရဲ့ နတ်သားတွေအဖြစ် ဖော်ကျူးရေးဆွဲထားတာ ဖြစ်ပါတယ်။

READ
အိမ်မှာနေရတာပျင်းလို့ တစ်အိမ်လုံးကို နေရာလပ်မကျန်အောင် ပန်းချီဆွဲခဲ့တဲ့ အမျိုးသမီး
tvboy

Italy နိုင်ငံ၊ Pompei မြို့ရှိ Graffiti ပညာရှင် Nello Petrucci ရေးဆွဲထားတဲ့ ဒီပုံမှာတော့ ဒီ COVID 19 ဖြစ်နေတဲ့ အချိန်ကာလအတွင်း အိမ်မှာပဲနေဖို့ အသိပညာပေးထားတဲ့ Graffiti လက်ရာတစ်ခုပဲ ဖြစ်ပါတယ်။

nellopetrucciartist

Sweden နိုင်ငံ၊ Malmo မြို့ရှိ Graffiti ပညာရှင် Richard Juggins ရေးဒဆွဲထားတဲ့ဒီပုံကတော့ COVID 19 ရောဂါပုံစံကို ဟာသအမြင်နဲ့ ရေးဆွဲထားတာပဲ ဖြစ်ပါတယ်။

Richard Juggins

UK နိုင်ငံ၊ Glasgow မြို့ရှိ Graffiti ပညာရှင် The Rebel Bear ရေးဆွဲထားတဲ့ ဒီပုံကတော့ COVID 19 ဖြစ်နေတဲ့အချိန် လူသားတွေရဲ့ မွန်းကျပ်မှုကို သရုပ်ဖော်ရေးဆွဲထားတာပဲ ဖြစ်ပါတယ်။

the.rebel.bear

Pyi Hein Kyaw

SHARE