မြေး (၁၁) ယောက်ကို ကျောင်းပို့ဖို့ ခရစ္စမတ်အမှီ ကျောင်းကားဝယ်ခဲ့တဲ့ ဖိုးဖိုး

youtube/KGW News

အမေရိကန်နိုင်ငံက မြေးတွေရဲ့ ဖိုးဖိုးတစ်ယောက်ဟာ သူ့ရဲ့ မြေး (၁၁) ယောက်ကို မနက်တိုင်း ကျောင်းအကြိုအပို့လုပ်နိုင်ဖို့ အ၀ါရောင် ဘတ်စ်ကားကြီးတစ်စီး ၀ယ်ထားကြောင်း ladbible သတင်းအရ သိရပါတယ်။ အဖိုးနာမည်ကတော့ ဒေါက်ဟာရက်စ်ပါ။ အော်ရီဂွန်ပြည်နယ်ကပါ။ အဖိုးဟာ အ၀ါရောင်ဘတ်စ်ကားကြီးကို ခရစ္စမတ်လက်ဆောင်အဖြစ်နဲ့ မြေးတွေအတွက် ရည်ရွယ်ကာ ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။ ကားဘေးနားမှာတော့ “Grandfather Express” ဆိုပြီး ဆေးခြယ်ထားပါသေးတယ်။

အဖိုး ဟာရက်စ်ဟာ ခရစ္စမတ်နေ့မှာတော့ သူဝယ်ယူထားတဲ့ ကျောင်းကားကြီးကို ပြပြီး မိသားစုဝင်တွေကို အပျော်ကူးစက်စေခဲ့တာပါ။ ဒေသခံ တီဗီဌာနတစ်ခုဖြစ်တဲ့ KSBW ကိုတော့ “… မြေးကလေးတွေက ကျွန်တော့်ကို အမြဲပြောတယ်။ သူတို့ကျောင်းသွားဖို့ ကျောင်းကားတစ်စီးလောက် လိုချင်တယ်ဆိုပြီးတော့။ ဒါနဲ့ပဲ ကျွန်တော်လည်း ၀ယ်ဖြစ်ခဲ့တာ…” လို့ အဖိုးဟာရက်စ်က ပြောခဲ့ပါတယ်။

facebook/Doug Hayes

အဖိုးဟာရက်စ်က ၄င်းရဲ့ မြေး () ယောက်ဟာ ပုဂ္ဂိလိကကျောင်းတစ်ကျောင်းဖြစ်တဲ့ Paideia Classical Christian School မှာ ကျောင်းတက်နေတယ်လို့ ပြောပြပါတယ်။ ကျောင်းတက်နေတဲ့ ဒီမြေးတွေကို တစ်နေ့နဲ့တစ်နေ့ ကျောင်းကို အသွားအပြန် အကြိုအပို့လုပ်ရတာ မလွယ်တာကြောင့်လည်း အဖိုးက ကျောင်းကားတစ်စီးဝယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

youtube/KGW News
youtube/KGW News

ကျန်တဲ့မြေးတွေကတော့ လောလောဆယ် ကျောင်းတက်ရတော့မယ့်အရွယ် မရောက်သေးပေမယ့် မကြာခင်မှာ သူတို့လည်း ကျောင်းတော့ရမှာဖြစ်တယ်လို့ အဖိုးဟာရက်စ်က ဆိုပါတယ်။ အခုဆိုရင်တော့ အဖိုးဟာရက်စ်ဟာ မနက်တိုင်း မြေးတွေကို ကျောင်းကားနဲ့ သွားကြိုပါတယ်။ မြေးတွေရဲ့အိမ်က အဖိုးနေတဲ့နေရာကနေဆိုရင်တော့ မိနစ်(၂၀) လောက် ကားမောင်းသွားရပါတယ်။ အဖိုးအိမ်နဲ့ မြေးတွေတက်နေတဲ့ ကျောင်းကတော့() မိုင်လောက် ဝေးပါတယ်။

youtube/KGW News

အဖိုးက အခုတော့ ကျွန်တော့်မြေးတွေနဲ့ မနက်တိုင်း မိနစ်နည်းနည်းလောက်တော့ အချိန်ဖြုန်းလို့ရပြီ…” လို့ ဆိုပါတယ်။ အဖိုးဟာရက်စ်က ဒီဘတ်စ်ကားဝယ်ဖို့ အစီအစဉ်ကို သူ့ရဲ့ ဇနီးသည်ဖြစ်သူက အကောင်အထည်ပေါ်အောင် တိုက်တွန်းတာပါလို့လည်း ပြောပြပါတယ်။ အဖိုးတို့ ဇနီးမောင်နှံဟာ ခရစ္စမတ်လက်ဆောင်အဖြစ် မိသားစုစီးဖို့ ဘတ်စ်ကားများစွာ ရှာဖွေကြည့်ပြီးတဲ့နောက်မှ ခုတွေ့မြင်ရတဲ့ ဘတ်စ်ကားကို ရွေးချယ်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE