မြေးက စာမေးပွဲမဖြေဘူးလို့ ဂျီတိုက်နေလို့ အဖွားက ရဲကို ဖုန်းဆက်ခေါ်လိုက်တဲ့အခါ..

markusspiske/Pixabay, Thailand Police Story/ Facebook

ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့တုန်းက Thailand Police Story Facebook page ကနေပြီး ထူးထူးဆန်းဆန်းသတင်းတစ်ပုဒ် တက်လာခဲ့ပါတယ်။ သူတို့ ရဲဌာနဆီကို အဖွားတစ်ယောက်ကနေပြီး ဖုန်းဆက်အကူအညီတောင်းတဲ့အကြောင်းပါ။

အူဒုံသနီအရပ်မှာရှိတဲ့ ရဲစခန်းတစ်ခုကို အဖွားတစ်ယောက်ကနေပြီး ငိုကြီးချက်မနဲ့ ဖုန်းဆက်လာခဲ့ပါတယ်။ မြေးလေးကျောင်းသွားပြီး စာမေးပွဲဖြေရမှာကို ပြောမရဆိုမဖြစ်နေပြီး အိပ်ယာထဲက မထလို့ ဆရာတို့ ကူညီပေးပါဦးတဲ့။ အဖွားရဲ့ စကားတွေကို နားထောင်ရတာ တကယ်ကိုကြံရာမရဖြစ်နေပြီး တော်တော်လေးလည်း စိတ်ဆင်းရဲနေမှန်း သိသာနေခဲ့ပါတယ်။ ဒါကြောင့် စခန်းကနေပြီး အဖွားကို ကူညီပေးဖို့ဆိုတာ ရဲ ၂ ယောက်ထွက်လာခဲ့ပါတယ်။

အဖွားပြောတဲ့ အိမ်လိပ်စာအတိုင်းရောက်လာခဲ့တဲ့အချိန်မှာတော့ အိမ်ရှေ့မှာ မျက်ရည်တွေနဲ့ ထိုင်စောင့်နေတဲ့ အဖွားအိုတစ်ယောက်ကို တွေ့ခဲ့ရပြီး အကျိုးအကြောင်းမေးမြန်းလိုက်တဲ့အချိန်မှာတော့ မြေးဖြစ်သူဟာ စာမေးပွဲရက်ကြီးမှ ရုတ်တရက်စာမေးပွဲမဖြေချင်တော့ဘူးဆိုပြီး ပေကပ်ကပ်နဲ့ အိပ်ယာထဲကနေ မထခဲ့ပါဘူး၊ အလယ်တန်းအရွယ်ရောက်နေပြီမလို့ ထွားကျိုင်းလှတဲ့ မြေးခန္ဓာကိုယ်ကိုလည်း အဖွားမှာ မနိုင်တော့တာကြောင့် ဆွဲလွဲပြီးကျောင်းချီပို့ဖို့ဆိုတာလည်း မဖြစ်နိုင်ရှာတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ ရဲစခန်းကို အကူအညီလှမ်းတောင်းခဲ့ရတာပါ။

READ
သူဌေးတွေ သူဌေးအဖိုးကြီးတွေရဲ့ ငွေတွေနဲ့ ကမ္ဘာလှည့်နေတဲ့ ကောင်မလေး
Thailand Police Story/ Facebook

ကျောင်းသားလေးကတော့ စာမေးပွဲမဖြေချင်တာဟာ စိတ်တွေ အရမ်းရှုပ်နေလို့ဆိုပြီးပဲ အကြောင်းပြခဲ့ပမေယ့် ရဲနှစ်ယောက်တောင် အိမ်ကိုရောက်လာတော့လည်း ကလေးပီပီ ရှိန်ပြီးကြောက်ကာ စာမေးပွဲဖြေဖို့ကို ကျောင်းဝတ်စုံတွေဘာတွေဝတ်ပြီး စိတ်မပါတပါနဲ့ပြင်ဆင်ကာ ရဲအရာရှိတစ်ယောက် လိုက်ပို့တဲ့ ဆိုင်ကယ်နဲ့ စာမေးပွဲသွားဖြေပါတော့တယ်။ နောက်ထပ်အရာရှိကတော့ အဖွားနဲ့ကလေးအကြောင်းဆွေးနွေးဖို့ အိမ်မှာကျန်နေခဲ့ပါတယ်တဲ့။

Thailand Police Story/ Facebook
Thailand Police Story/ Facebook

ဒီလိုကြည်နူးဖွယ်အကြောင်းအရာလေးကို ထိုင်းရဲဌာန Facebook page မှာ တင်ခဲ့ပြီး like ပေါင်း ၁၃,၀၀၀ ကျော်ရရှိနေပြီး ပြန်လည်မျှဝေသူဟာလည်း ၉ ထောင်ကျော်နီးနီးရှိလို့နေခဲ့ပြီး ပြည်သူတွေ အားကိုးလိုစိတ်ဖြစ်အောင် နေနေပေးတဲ့ ရဲတွေကို ချီးကျူးကြောင်းနဲ့ ကိစ္စသေးသေးလေးကိုတောင် ကူညီမှုပေးခဲ့တာကိုလည်း လေးစားတယ်ဆိုပြီး မှတ်ချက်တွေဝေနေခဲ့ပါသေးတယ်။

Source: Asia One

SHARE