ကံကောင်းလို့သေကံမရောက်ခဲ့ရတဲ့ ဓာတ်ပုံအရိုက်ကောင်းတဲ့ဖွားဖွား

Texas ပြည်နယ်၊ Flower Mound မှာနေထိုင်တဲ့ Judith Streng ဆိုသူဖွားဖွားဟာ Iceland မှာရှိတဲ့ နာမည်ကြီး Jökulsárlón Lagoon သို့ သားဖြစ်သူမိသားစုနဲ့အတူ သွားလည်ခဲ့ပါတယ်။ လှည့်ပတ်ကြည့်ရင်းနဲ့ ကမ်းပေါ်မှာတင်နေတဲ့ ရေခဲတုံးကြီးကို အားလုံးသတိထားခဲ့မိကြပါတယ်။

ရေခဲတုံးကြီးဟာ ရှေးခေတ်က အနောက်တိုင်းဘုရင်တွေထိုင်တဲ့ ပုလ္လင်လိုပုံသဏ္ဍာန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်တူနေခဲ့တာပါ။ ပုလ္လင်လိုလေးဖြစ်နေတာကြောင့် တက်ထိုင်ပြီး ဓာတ်ပုံရိုက်ဖို့အတွက် စဉ်းစားခဲ့ပါတယ်။ သားဖြစ်သူကို ဓာတ်ပုံရိုက်ခိုင်းဖို့ပြောရင်း Iceland ခရီးစဉ်အတွက် တစ်သက်လုံးအမှတ်တရဖြစ်စေမယ့် အဖြစ်အပျက်တစ်ခုကို အမှတ်မထင်ဖန်တီးမိသွားခဲ့ပါတယ်။

Catherine Streng

ဖွားဖွား Judith ဟာ ကိုယ်အလေးချိန်အရလည်း အရမ်းမလေးတဲ့အတွက် ရေခဲပြင်ပေါ်သို့တက်ကာ ပုလ္လင်ပုံဏ္ဍာန်ရှိတဲ့ရေခဲတုံးပေါ်မှာ ထိုင်နေခဲ့ပါတယ်။ ငယ်ကတည်းက ဘုရင်မဖြစ်ချင်ခဲ့တဲ့ ကလေးလေးစိတ်ကူးကလည်းရှိတော့ အခုလို မျက်စိရှေ့မှာ ပုလ္လင်အခန့်သားကြီး မြင်ရခဲ့တဲ့အတွက် ရေခဲဘုရင်မဖြစ်ချင်တဲ့ စိတ်ကူးကို လက်လွှတ်မခံနိုင်ဘူးဆိုပြီး ဖွားဖွားတစ်ယောက် အရဲစွန့်ပြီး ပိုစ့်ပေးခဲ့တာပါ။

READ
မူးပြီးမောင်းခဲ့ပေမယ့် ဒဏ်ကြေး ဒေါ်လာ4.9သန်း ရှောင်လွှဲနိုင်ခဲ့တဲ့ ဘီလျံနာမလေး
Catherine Streng

ရေခဲပြင်ပေါ်စစချင်းတက်ကာစကတည်းက လှုပ်တုပ်လှုပ်တုပ်ဖြစ်နေတာကို ခံစားမိခဲ့ပါတယ်။ သို့သော်လည်း အဲဒီအချိန်မှာ တွေးခဲ့တာက သူ့ခန္ဓာကိုယ်ကပေါ့ပေါ့လေးမို့လို့ ကျွံမကျလောက်တဲ့အတွက် စိတ်ချရတယ်ဆိုတာပါပဲ။ သို့ပေမယ့် တကယ်တမ်းဖြစ်သွားတာက ပင်လယ်ဘက်ဆီမှလာတဲ့ လှိုင်းလုံးကြီးအပုတ်မှာ ဖွားဖွားထိုင်နေတဲ့ ရေခဲပုလ္လင်ကြီးဟာ ကမ်းပေါ်ကနေ ပင်လယ်ဘက်သို့ ပါသွားခဲ့တာပါ။

အာဂဖွားဖွားကတော့ ရေခဲပုလ္လင်ပေါ်မှာ ပါသွားပြီး ပင်လယ်ထဲမြောသွားတာတောင် ရယ်နိုင်နေသေးတယ်။ ဖွားဖွားကို ကမ်းခြေစောင့်တပ်မှ လှေနဲ့သွားကယ်ခဲ့ရပါတယ်။

GMA

ဓာတ်ပုံတွေကိုတော့ ဖွားဖွားရဲ့ သားဖြစ်သူက အသက် (၂၄) နှစ်ရှိနေပြီဖြစ်တဲ့ မြေးမလေးဆီကို လှမ်းပို့ရင်း မြေးဖြစ်သူမှ Twitter ပေါ်တင်ခဲ့ရာမှ ဖွားဖွား Judith ကို ချစ်ခင်သူတွေများခဲ့တာပဲဖြစ်ပါတယ်။

Catherine Streng

ဖွားဖွားပုလ္လင်ပေါ်ထိုင်နေတဲ့ပုံကိုတော့ “ရေခဲဘုရင်မ” ဆိုတဲ့စာနဲ့ တွဲပို့ခဲ့ပါတယ်။

Catherine Streng

လှိုင်းပုတ်လို့ ရေခဲကြီးမြောသွားတဲ့အချိန်မှာတော့ ” ပင်လယ်ထဲမြောသွားလို့ တိုင်းပြည်ကြီးကိုဆုံးရှုံးသွားပြီ။” ဆိုပြီး နောက်ထပ်တစ်ပုံထပ်ပို့ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ “မနောက်ဘူး။ ကမ်းခြေစောင့်တပ်က သွားကယ်ပြီး ကမ်းဘက်ကို ပြန်ခေါ်လာခဲ့ရတယ်” ဆိုပြီး ပို့ခဲ့ပါတယ်။

READ
မြို့တစ်မြို့လုံးသုံးတဲ့ရေ ပန်းရောင်တွေ ဖြစ်နေလို့ မြို့ခံလူများ ထိတ်လန့်နေ
Catherine Streng

ဖွားဖွား Judith တစ်ယောက်တော့ တစ်သက်စာအတွက် “ရေခဲဘုရင်မရဲ့ Iceland အမှတ်တရ” ဖြစ်သွားခဲ့ပါပြီ။

Source: Daily Mail

Penny

SHARE