ကွယ်လွန်သွားရှာတဲ့ မိဘမဲ့ကလေးတွေကိုဟင်းချက်ကျွေးလေ့ရှိသူ YouTuber ဖိုးဖိုး

YouTube-Grandpa Kitchen

ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကတောင်မှပဲ Shwemom ကနေ ဒီဖိုးဖိုးအကြောင်း တင်ပေးခဲ့ပါသေးတယ်။ Grandpa Kitchen ဆိုတဲ့ YouTube Channel တစ်ခုဟာ YouTube သုံးလေ့သုံးထမရှိတဲ့လူတွေကြားမှာတောင်မှပဲ အမြင်စိမ်းနေမှာမဟုတ်ပါဘူး။ တစ်ခါတစ်ခါ Facebook ပေါ်မှာ သူ့ရဲ့ဗီဒီယိုလေးတွေလည်း တက်လာတတ်သေးတာကိုး။

မိဘမဲ့ကလေးတွေနဲ့ဆိုပြီး မိုးပြဲဒယ်ကြီးတွေနဲ့ ပုစွန်ဟင်းတွေ၊ ဟမ်ဘာကာတွေ၊ ဒန်ပေါက်တွေကစလို့ ဒိုးနပ်တွေအထိ ဖိုးဖိုးတစ်ယောက်ထဲ ချက်ပြုတ်ပြရင်း ဗီဒီယိုမှတ်တမ်းတင်ကာ သူ့ရဲ့ YouTube Channel လေးမှာ တင်တင်လာခဲ့တာ ၂၀၁၇ ခုနှစ်ကတည်းကပါ။ သူ့ရဲ့ YouTube ဗီဒီယိုအစမှာဆိုရင် “Loving. Caring. Sharing. This is my family” ဆိုတဲ့ စကားလေးနဲ့ အမြဲတမ်းစတင်လေ့ရှိခဲ့ပါတယ်။ နောက်ဆိုသူ့ရဲ့အသံလေးရယ်၊ ပြုံးချိုချိုမျက်နှာလေးနဲ့ ဟင်းတွေတကုတ်ကုတ်ချက်နေတာကို ကျွန်တော်တို့အနေနဲ့ ဆက်မြင်နိုင်မှာမဟုတ်တော့ပါဘူး။

READ
ရည်းစားဟောင်းရဲ့အိမ်ကို drone နဲ့ဖောက်ခွဲဖို့ကြံစည်ခဲ့တဲ့ အမျိုးသားတစ်ယောက်

ဘာကြောင့်လဲဆိုတော့ ဖိုးဖိုးဟာ အခုအောက်တိုဘာလ ၂၇ ရက်နေ့၊ တနင်္ဂနွေနေ့တုန်းကပဲ ဆုံးပါးသွားခဲ့ရှာပါပြီ။ ဖိုးဖိုးရဲ့နာမည်အရင်းကတော့ Narayana Reddy ပါတဲ့။ အသက် ၇၂ နှစ်ရှိလို့နေခဲ့ပါပြီ။ အိန္ဒိယလူမျိုးဖြစ်ပြီး အသက်ကြီးပိုင်း YouTuber များ၊ အစားအသောက် YouTuber များထဲမှာ နာမည်ကြီးတစ်ယောက်ဆိုလည်း မမှားမပါဘူး။ ၂၀၁၇ ခုနှစ် သြဂုတ်လကတည်းက YouTuber လောကထဲ စဝင်လာခဲ့ရာ အခုဆိုရင်တော့ subscribers ပေါင်း ၆ သန်းရှိနေပြီဖြစ်ပြီး ကြည့်ရှုမှုအများဆုံးဗီဒီယိုမှာဆို viewer ပေါင်း သန်း ၆၀၀ တောင်ရှိနေပါတယ်တဲ့။

YouTube-Grandpa Kitchen
YouTube-Grandpa Kitchen

မသေဆုံးခင် ၆ ရက်လောက်မှာပဲ သူ့ရဲ့ YouTube Channel မှာ Live လွှင့်ပြီး ကျန်းမာရေးအခြေအနေကို လူတွေသိအောင်ပြောပြသွားခဲ့ပါသေးတယ်။ သူပြန်ကောင်းနေပြီဆိုပြီးတော့လေ..

Penny

SHARE