အုတ်ဂူတွေကြား လူနေအိမ်တွေအပြည့်နဲ့ ကမ္ဘောဒီးယားက သင်္ချိုင်းရွာလေး

ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်ဖနွမ်းပင် တစ်ခုတည်းနဲ့ကိုတင် နှစ်စဉ်လူဦးရေဟာ ၂၀% နီးပါး ပုံမှန်တိုးတိုးလာခဲ့ပါတယ်။ ဒါကြောင့်နေရာတော်တော်များများဟာ ကွက်လပ်ဖြစ်မနေတော့ဘဲ လူနေအိမ်ဖရိုဖရဲတွေနဲ့ ကျောတစ်ခင်းစာနေရာရဖို့ လိုက်လံရှာဖွေနေကြပါတယ်။

ဒီအထဲကမှ Doeum Sleng အမည်ရှိရွာလေးဟာ အထူးခြားဆုံးပါပဲ။

SCMP

Doeum Sleng ဟာ ကမ္ဘောဒီးယားရဲ့ သင်္ချိုင်းရွာလေးလို့ တင်စားကြပါတယ်။ အုတ်ဂူထိုးထိုးထောင်ထောင်တွေကြားမှာ လူနေအိမ်တွေကို တည်ဆောက်ထားပါတယ်။ ရွာလို့သာဆိုရမယ်၊ အိမ်သာလို့ မယ်မယ်ရရရယ် မရှိ၊ တဲအိမ်လေးတွေကလည်း အခုပဲ ပြိုလဲတော့မယ့်အလား ခနော်နီခနော်နဲ့ အနေအထားလေးတွေပါ။

SCMP

လူသေတွေ မြှုပ်နှံထားတဲ့ အုတ်ဂူတွေကြားထဲ နေ့ရောညပါ အချိန်ကုန်ဖို့ဆိုတာ သာမန်လူတစ်ယောက်အတွက်တောင် စိတ်ခြောက်ခြားစရာပါပဲ။ ဒါပေမယ့် Doeum Sleng ရွာသားတွေ အတွက်ကတော့ ထုံးစံလို ဖြစ်နေကြပါပြီ။

အုတ်ဂူတွေပေါ် အဝတ်လှမ်းထားတဲ့ လူနဲ့၊ ပစ္စည်းတွေ တင်ထားတဲ့လူနဲ့၊ တချို့အိမ်တွေဆို အုတ်ဂူတွေရှောင်ပြီး အိမ်ဆောက်ဖို့ နေရာလပ် မရှိတော့တာကြောင့် အိမ်ထဲမှာ အုတ်ဂူတွေတောင် ထည့်ဆောက်ထားကြရပါတယ်။ အဲဒီလိုအခါမျိုးမှာတော့ အုတ်ရူတွေဟာ မီးဖိုချောင်ထဲက ပစ္စည်းတင်စားပွဲအဖြစ် အသုံးပြုခြင်း ခံခဲ့ရပါတယ်။

READ
ကမ္ဘာကျော် Tom & Jerry ကာတွန်းဇာတ်လမ်းတွဲအကြောင်း လူသိနည်းသေးတဲ့ အချက်များ
SCMP

ကလေးတွေဟာလည်း မွေးကတည်းက အုတ်ဂူတွေကြား ကြီးပြင်းလာကြတဲ့အတွက် ကြောက်စိတ်မဖြစ်ကြတော့ဘဲ ကျော်လိုက်ခွလိုက်၊ ပတ်ပြေးလိုက်နဲ့ ကစားနေတတ် ကြပါတယ်။

SCMP

ရွာလေးမှာက ဆင်းရဲချို့တဲ့ပြီး နေ့စားအလုပ်သမားတွေ၊ ပညာမတတ်သူတွေ များတဲ့အတွက် အရက်ကစလို့ မူးယစ်ဆေးဝါးအထိ အကုန်ရနိုင်ပြီး ဒုစရိုက်မှုတွေ၊ HIV ရောဂါပျံ့ပွားမှုတွေ၊ ကလေးသူငယ်နှိပ်စက်စော်ကားတာတွေအထိ ဖြစ်ပွားမှုနှုန်းတွေ မြင့်တက်လို့နေပါတယ်။ ရေသန့်ဗူးကောက်တာနဲ့ အမှိုက်ကောက်တာတို့ကို အထူအလေးထားလုပ်ကိုင်နေတဲ့ ရွာလေးလည်းဖြစ်ပါတယ်။

SCMP

အိမ်ဂရံရယ်လို့လည်း သတ်သတ်မှတ်မှတ်မရှိတဲ့အတွက် တရားမဝင်နေထိုင်သလိုဖြစ်နေတာကြောင့် အစိုးရမှ ဖယ်ခိုင်းမှာကိုလည်း နေ့စဉ်စိုးရိမ်နေရပါသေးတယ်။ ဒီအပြင် မိုးတွင်းမိုးသည်းတဲ့ ကာလတွေမှာလည်း အန္တရာယ်ရှိတဲ့ အမြင့်နဲ့ ရေကြီးရေလျှံမှုတွေလည်း ဖြစ်ပေါ်လေ့ရှိပါတယ်။

SCMP

Doeum Sleng ရွာလေးမှာရှိတဲ့ အုတ်ဂူုတွေဟာ ဗီယက်နမ်လူမျိုးတွေများပြီး ဒုတိယကမ္ဘာစစ်အတွင်း စစ်ဘေးတိမ်းရှောင်ရင်း Doeum Sleng ရွာမှာ သေဆုံးသွားလိုက် မြေနေရာမရှိလို့ ရွာထဲမှာပဲ မြှုပ်နှံလိုက်လုပ်ကာ အခုလိုမျိုး သင်္ချိုင်းတစ်ဝက်၊ လူနေအိမ်တစ်ဝက် ဖြစ်သွားခဲ့တာပါ။

Source: SCMP

Penny

 

SHARE