တစ်ချက်တည်းနဲ့ ကျွင်းဝင်အောင် ကမ္ဘာ့အထူးဆန်းဆုံး ရိုက်ချက်နဲ့ ရိုက်ပြခဲ့တဲ့ ဂေါ့ဖ်သမား

[email protected] jonrahm

ဂေါ့ဖ်ရိုက်တယ်ဆိုတာ တစ်ကယ့်လက်တွေ့မှာ ကျွင်းဝင်အောင်ရိုက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ လေတိုက်နှုန်း၊ ကိုယ်ရိုက်မယ့် ဂေါ့ဖ်ရိုက်တံ၊ သတ်မှတ်ထားတဲ့ ရိုက်ချက်အရေအတွက် အစရှိတာတွေပေါ် မူတည်ပြီး ကျွင်းဝင်အောင် ရိုက်ရတာပါ။ ဒီကြားထဲ banker နဲ့ ရေထဲလည်း ကျမသွားအောင်လို့ ဂရုစိုက်ရပါသေးတယ်။ အခုပြောချင်တဲ့ ဂေါ့ဖ်ရိုက်သမားကတော့ တော်တော်လေးကံကောင်းပြီး တစ်ခက်တည်းနဲ့ ကျွင်းဝင်အောင်ရိုက်ပြခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ ရိုက်ချက်ဟာ Greatest hole in one အဖြစ်တောင် သတ်မှတ်ခံခဲ့ရကြောင်း news.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါ ဂေါ့ဖ်ရိုက်သမားကတော့ စပိန်နိုင်ငံက နာမည်ကြီး ဂေါ့ဖ်ရိုက်ချန်ပီယံတစ်ယောက်ဖြစ်တဲ့ Jon Rahm ပဲ ဖြစ်ပါတယ်။ Jon ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓနေ့(၁၁.၁၁.၂၀၂၀)တုန်းက Masters ဂေါ့ဖ်ရိုက်ပြိုင်ပွဲတစ်ခုမှာ ရိုက်ခဲ့တဲ့ ကျွင်းတစ်ကျင်းဟာ တစ်ချက်တည်းနဲ့ ကျွင်းဝင်ခဲ့တဲ့ ရိုက်ချက်တစ်ချက်ဖြစ်ပြီး အကောင်းဆုံး တစ်ချက်တည်းနဲ့ ကျွင်းဝင်တဲ့ ရိုက်ချက်တစ်ခုအဖြစ်တောင် မှတ်တမ်းတင်ခံခဲ့ရပါတယ်။ များသောအားဖြင့် ဂေါ့ဖ်ရိုက်သမားတွေဟာ ရေကန်အပေါ်ကနေသာ ဂေါက်သီးကို ကျော်အောင် ရိုက်လေ့ရှိပေမယ့် Jon ကတော့ ရေပြင်ပေါ်ကနေ ဂေါက်သီးကို လျှပ်တိုက်ပြီး ရိုက်ခဲ့ကာ တစ်ချက်တည်းနဲ့ ကျွင်းဝင်ခဲ့တာ ဖြစ်ပါတယ်။

READ
ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေတဲ့ သန့်ရှင်းရေးသမား Spider-Man

 

“တော်တော်လေးကို ပျော်ခဲ့ရပါတယ်။ အစကတော့ ဒီအတိုင်း ရေကန်ကျော်ပြီး ရိုက်ရင် ဂေါက်သီးက အရှိန်လွန်သွားမှားစိုးလို့ တမင်ကို ရေပြင်ပေါ်ကနေ ရှပ်တိုက်ပြီး ရိုက်ခဲ့တာပါ။ အနည်းဆုံးတော့ ကျွင်းနားအထိ ရောက်အောက်ရိုက်ခဲ့တာပါ။ ဒါပေမယ့် ကံကောင်းချင်တော့ ကျွင်းထဲကို ကွက်တိကြီး ဝိုက်ပြီး ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မွေးနေ့မှာ ဒီလိုမျိုးရိုက်ချက်လေးနဲ့ ကျွင်းဝင်ခဲ့တာကြောင့် သာမန်အချိန်တွေထက် ပိုပြီး အမှတ်တရ ဖြစ်ခဲ့ရပါတယ်”လို့ Jon က ပြောကြားခဲ့ပါတယ်။

 

Pyi Hein Kyaw

READ
အရေးကြီးကိုယ်အင်္ဂါအစိတ်အပိုင်းတွေ မျှဝေသုံးစွဲနေရတဲ့ (၂)နှစ်အရွယ်အမွှာညီအစ်မ

 

SHARE