ခရီးသွား ချစ်သူတွေကို သွားလည်ဖူးသင့်တဲ့ နိုင်ငံတွေ နေရာတွေအကြောင်း Shwemom မှ ဖော်ပြပေးနေကျ ဖြစ်ရာ ဒီတစ်ခါမှာတော့ အေးချမ်းလှပလွန်းလှတဲ့ ဖင်လန်နိုင်ငံလေးအကြောင်း ဖော်ပြပေးချင်ပါတယ်။ ဖင်လန်ဟာ ဥရောပတိုက်ရဲ့ အဋ္ဌမမြောက်အကြီးဆုံး နိုင်ငံဖြစ်ပေမယ့် လူဦးရေမှာ (၅) သန်းခွဲပဲ ရှိပါတယ်။ ဥရောပတိုက်က သာယာတဲ့ နိုင်ငံလေးဆီ ဘာကြောင့် သွားလည်သင့်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
(၁) ဝင်ရိုးစွန်းအလင်းတန်းတွေကို ကြည့်နိုင်တဲ့ အကောင်းဆုံး နေရာ

ကမ္ဘာပေါ်မှာ ဝင်ရိုးစွန်းအလင်းတန်းတွေကို ဖင်လန်နိုင်ငံရဲ့ လက်ပ်လန်းဒေသမှာ အဓိကတွေ့နိုင်ပါတယ်။ တစ်နှစ်မှာ ရက် (၂၀၀) လောက် ဝင်ရိုးစွန်း အလင်းတန်းတွေ ပေါ်ပါတယ်။
(၂) ထူးခြားတဲ့ အစားအသောက်ရိုးရာ

ဖင်လန်နိုင်ငံမှာ နှစ်စဉ် မေလရဲ့ တတိယမြောက် တနင်္ဂနွေနေ့မှာ Restaurant Day ဆိုပြီး ကျင်းပဆင်နွှဲကြပါတယ်။ ထိုနေ့မှာ ဘယ်သူမဆို နေရာမရွေး အစားအသောက် ချက်ပြုတ်ရောင်းတဲ့ စားသောက်ဆိုင်လေးတွေကို ဖွင့်ပြီး အစားအစာပွဲတော်ကို ဆင်နွှဲကြပါတယ်။
(၃) တစ်ဦးတည်းသော ဆန်တာကလော့စ်

တကယ့် ဆန်တာကလော့စ်အစစ်ကို ဖင်လန်နိုင်ငံမှာသာ တွေ့နိုင်ပါတယ်တဲ့။ အရင်တုန်းကတော့ လက်ပ်လန်းက Korvatunturi မှာပဲ ခရစ္စမတ်ဘိုးဘိုးကြီးနေပေမယ့် အခုဆို ဖင်လန်နိုင်ငံ တစ်နိုင်ငံလုံးကို ပတ်ပြီး လူတွေကို တွေ့ပေးပါတယ်တဲ့။
(၄) လေထုရဲ့ အရည်အသွေး

မြို့တော် ဟယ်လ်ဆင်ကီက ပိုက်ခေါင်းရေတွေဟာ ကမ္ဘာ့မြို့ကြီးများရဲ့ ပိုက်ခေါင်းရေတွေထဲက အသန့်ဆုံးဖြစ်ပြီး လက်ပ်လန်းက Kilpisjärvi မြို့က လေထုဟာ ဥရောပတိုက်မှာ အသန့်ဆုံး လေထုဖြစ်ပါတယ်။
(၅) နှင်းလျှောစီးဖို့ အကောင်းဆုံးဒေသ

ဖင်လန်နိုင်ငံမှာ နှင်းလျှောစီးတဲ့ ရာသီဟာ အောက်တိုဘာနှောင်းပိုင်းကနေ မေလအထိ တစ်နှစ်ကို (၆) လတောင် ကြာပါတယ်။ နိုင်ငံတဝှမ်းမှာလည်း နှင်းလျှောစီးတဲ့ လမ်းကြောင်းတွေက ကီလိုမီတာ ရာနဲ့ ချီပြီး ရှိပါတယ်။
(၆) ကော်ဖီချစ်သူတွေအတွက်

နိုင်ငံရဲ့ ရာသီဥတုက အရမ်းအေးတာကြောင့် ဖင်လန်လူမျိုးတွေဟာ ကော်ဖီအရမ်းကြိုက်ကြပါတယ်။ ကော်ဖီသောက်သုံးမှု အမြင့်ဆုံးနိုင်ငံပါ။ နိုင်ငံတွင်းမှာ ကော်ဖီဆိုင်ကောင်းကောင်းတွေ အရမ်းကို ပေါပါတယ်။
(၇) အလန်းဆုံး ပွဲတော်များ

ဇနီးသည် အထမ်းပြိုင်ပွဲ၊ ဂစ်တာပျောက်အတီးပြိုင်ပွဲ၊ ဖုန်းနဲ့ပစ်ပေါက်ပြိုင်ပွဲ အဲ့လို ထူးထူးဆန်းဆန်း ပေါက်ပေါက်ရှာရှာ ပြိုင်ပွဲတွေအကုန် ဖင်လန်နိုင်ငံကပါ။
(၈) ပျော်ရွှင်ဖွယ် အကောင်းဆုံးနိုင်ငံ

စစ်တမ်းကောက်ချက်တွေအရ ဖင်လန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ နေထိုင်ဖို့ ပျော်စရာအကောင်းဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံထားရပါတယ်။
(၉) အလုံခြုံဆုံး နိုင်ငံ

ပိုက်ဆံအိတ် ကျပျောက်တာတွေ၊ ဖုန်းကျန်ခဲ့တာတွေဆိုရင် ဖင်လန်နိုင်ငံမှာ အကုန်ပြန်ရပါတယ်။ ဘယ်အချိန်ပဲ ဖြစ်ဖြစ် တစ်ယောက်သွားလို့ လာလို့လည်း အန္တရာယ် တစ်စုံတစ်ရာ မရှိပါဘူးတဲ့။
Ref: Visit Finland