နိုင်ငံခြားသား ခရီးသွားတွေအတွက် အထူးအစီအစဉ်တစ်ခု ဖန်တီးပေးထားတဲ့ Greece နိုင်ငံ

[email protected]

လက်ရှိ COVID19 ကပ်ရောဂါ ဖြစ်ပွားမှုနှုန်းဟာ စဖြစ်ခါစ အချိန်ထက်စာလို့ရှိရင် ရောဂါဖြစ်ပွားမှုနှုန်းဟာ တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါဟာ အမြစ်မပြတ်သေးတာကတစ်ကြောင်း၊ ကူးစက်သူတွေ ရှိနေသေးတာကတစ်ကြောင်း၊ ရောဂါကာကွယ်ဆေးက မပေါ်သေးတာကတစ်ကြောင်း အစရှိတဲ့ အကြောင်းတွေကြောင့် စိတ်ချလို့တော့ မရသေးပါဘူး။ ဒါပေမယ့် အရင်ကလောက်အထိ ရောဂါဖြစ်ပွားမှုနှုန်းတွေကျသွားပြီး ကူးစက်သူတော်တော်များများလည်း ပြန်လည်သက်သာလာတာကြောင့် နိုင်ငံတော်တော်များများဟာ Lockdown စည်းမျဉ်းတစ်ချို့ကို လျှော့ချခဲ့ပြီး နယ်စပ်ဂိတ်တော်တော်များများကိုလည်း ပြန်လည် ဖွင့်လှစ်ပေးနေပြီ ဖြစ်ပါတယ်။

Pixabay-jdblack

နိုင်ငံခြားသွား ခရီးသည်တွေ လည်ပတ်မှုအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ Greece နိုင်ငံကလည်း လေဆိပ်တွေ၊ နယ်စပ်ဂိတ်တွေကို ဇူလိုက်လ ၁ ရက်နေ့မှ ပြန်ဖွင့်မယ်လို့ ကြေညာခဲ့ပေမယ့် လွန်ခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့မှာပဲ လေဆိပ်တွေ၊ နယ်စပ်ဂိတ်တွေကို စောပြီး ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြားသားခရီးသည်တွေအတွက်လည်း အထူးအစီစဉ်တစ်ခုကို စီစဉ်ပြုလုပ်ပေးခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
မိမိမှာ အမေရိကန်ရဲ့ လူကြိုက်အများဆုံး သမ္မတဖြစ်ကြောင်း ထရမ့်ကြွေးကြော်

https://www.instagram.com/p/CBjYujbJq6D/

အဲဒီအစီအစဉ်ကတော့ Greece နိုင်ငံကို လာရောက်မယ့် International Flights တွေရဲ့ ဈေးနှုန်းကို တစ်ဝက်နီးပါးလျှော့ချပေးခဲ့တာပဲ ဖြစ်ပါတယ်။ များသောအားဖြင့် Greece နိုင်ငံရဲ့ လေယာဉ်လက်မှတ်ခတွေဟာ သာမန်ထက်ဈေးကြီးပါတယ်။ ဒါ့ကြောင့် ဒီလိုအချိန်မှာ နိုင်ငံခြားသားခရီးသွားတွေကို အရင်ကထက် ပိုတိုးလာစေချင်လို့ လျှော့ချပေးခဲ့တဲ့အပြင် VAT(Value-added Tax) အခွန်တွေကိုလည်း ၂၄ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့ကြောင်း သိရပါတယ်။

 

“နိုင်ငံခြားသား ခရီးသွားလုပ်ငန်းတွေ ပုံမှန်ပြန်လည်ပတ်လာဖို့အတွက် ကျွန်တော်တို့ တက်နိုင်တဲ့ဘက်တွေကနေ လျှော့ချပေးနေပါတယ်။ ခရီးသွားဧည့်သည်တော်တော်များများကိုတော့ လေဆိပ်တွေမှာ COVID 19 ပုံမှန် Test တွေ စစ်ဆေးပေးပါတယ်။ ရောဂါဖြစ်ပွားမှုနှုန်းများတဲ့ နိုင်ငံက လာတဲ့လူဆိုရင်တော့ Quarantine ဝင်ခိုင်းပြီး ရောဂါပိုးမရှိမှ နိုင်ငံအတွင်းကို ၀င်ခွင့်ပေးမှာလည်း ဖြစ်ပါတယ်” Greece နိုင်ငံရဲ့ နိုင်ငံခြားသားခရီးသွားဝန်ကြီးဖြစ်တဲ့ Haris Theoharis က ပြောကြားခဲ့ပါတယ်။

READ
ကိုယ့်ကိုကိုယ် ဆင်းရဲလှပြီထင်နေတဲ့ ကလေးတွေအတွက် ပညာပေးခရီးစဉ် စီစဉ်ခဲ့တဲ့မိခင်

Pyi Hein Kyaw

SHARE