အစာခွက်ထဲ ကိုယ်လုံးညှပ်နေတာတောင် အစားသောင်းကျန်းနိုင်သေးတဲ့ ကိုလောဘလေး

ခွေးပေါက်လေးတစ်ကောင်ဟာ အစာစားနေရင်း ခွေးစာက ကြမ်းပြင်ပေါ် ဖိတ်စင်ကျသွားတာကြောင့် ကောက်ယူစားဖို့ ပြင်ခဲ့ပါတယ်။ အပိုလိုအမည်ရတဲ့ ၄င်းခွေးပေါက်လေးဟာ ကြမ်းပေါ်ရောက်သွားတဲ့ အစာအစအနလေးကို စားဖို့ သူ့ရဲ့ သစ်သားခွေးစာခွက်ထဲကို ကိုယ်တစ်ဝက်လျိုသွင်းပြီး အသာငမ်းငမ်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။

viralhog

အခုတော့ သူ့နာမည်ဆေးခြယ်ထားတဲ့ ခွေးစာခွက်မှာ အပိုလိုဟာ ပိတ်ညှပ်နေပါပြီ။ ခွေးစာခွက်ထဲ ညှပ်နေလည်း အပိုလိုက ဂရုမစိုက်သေးပါဘူး။ အိမ်ထဲ ဘယ်နေရာမှာများ အစာအကြွင်းအကျန်တွေ ကျနေဦးမလဲဆိုပြီး ခွေးစာခွက်ကြီး စွတ်နေလျက်က အစာလိုက်ရှာနေခဲ့ပါသေးတယ်။ အစားပုတ်တဲ့ အပိုလိုရဲ့ ဗီဒီယိုဖိုင်ကိုတော့ သူ့အိမ်ရှင်မိသားစုကနေ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။

viralhog
viralhog

အပိုလိုဟာ ဗီဒီယိုတစ်လျှောက်လုံးမှာ ခွေးစာခွက်ကြီးတန်းလန်းနဲ့ အိမ်ထဲလျှောက်သွားနေခဲ့တာ ဖြစ်ပါတယ်။ မကြာခဏလည်း လဲကျလိုက်ပါသေးတယ်။ ဗီဒီယိုနောက်ခံမှာတော့ အပိုလိုရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူကို စောင့်ကြည့်နေကြတဲ့ သူ့အိမ်ရှင်မိသားစုက သဘောကျစွာ ရယ်နေကြပါတယ်။ “ကဲ.. ခုတော့ ဘာတတ်နိုင်သေးလဲ…ဘာထပ်လုပ်ဦးမှာလဲ..ကလေး…” ဆိုပြီး အပိုလိုကို မေးနေတာပါ။ အောက်ဘက်မှာတော့ အစားပုတ်လေး အပိုလိုရဲ့ အစားသောင်းကျန်းနေတဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်။

READ
ထိုင်နေပုံက သာမန်မဟုတ်လို့ အင်တာနက်ပေါ်မှာ ရေပန်းစားခဲ့တဲ့ ဓာတ်ပုံ

လင်းလင်း (ShweMom)

Ref: dailymail

SHARE