သခင်ကားတိုက်သေသွားတဲ့နေရာကနေ မခွာဘဲ သခင်ကိုပဲ မျှော်နေခဲ့တဲ့ ခွေးလေး

Youtube/Nafpaktianews Web TV

ဂျပန်နိုင်ငံက ဖြစ်ရပ်မှန်ဇာတ်လမ်းပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ Hachi: A Dog’s Tale ဆိုတဲ့ ဇာတ်ကားဟာ လူနဲ့ ခွေးကြားက ရင်းနှီးခင်မင်မှုကိုဖော်ပြတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ ဟာချီကိုဆိုတဲ့ ခွေးလေးဟာ သူ့သခင်သေသွားတာကို မသိပါဘူး။ ဒါကြောင့် သခင်ဖြစ်သူက သူ့ဆီလာလိုလာငြား နေ့တိုင်း တိုကျိုရဲ့ ရှီဘူယာဘူတာရုံမှာ (၉) နှစ်တိုင်တိုင် စောင့်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။

Youtube/Nafpaktianews Web TV

အံ့သြစရာကောင်းလောက်အောင် တိရစ္ဆာန်တစ်ကောင်ရဲ့သစ္စာရှိမှုကို ပြသခဲ့တဲ့ ခွေးလေး ဟာချီကိုကို ကမ္ဘာတစ်ဝှမ်းက စာအုပ်တွေ၊ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ရုပ်ထုစတာတွေမှာ ချီးကျူး ပုံဖော်ကြပါတယ်။ အခုဆိုရင်တော့ ဟာချီကိုသေပြီး နောက်ထပ်(၉၄) နှစ်အကြာမှာ အလားတူ ဖြစ်ရပ်မျိုး ဂရိနိုင်ငံမှာ ထပ်မံပေါ်ပေါက်ခဲ့ပြီဖြစ်ပါတယ်။ ဒီသတင်းကိုတော့ Bored Panda မီဒီယာကနေ ဖော်ပြထားပါတယ်။ ဂရိနိုင်ငံမှ ခွေးလေးတစ်ကောင်ဟာ ကားတိုက်မှုနဲ့ သေဆုံးသွားတဲ့ သခင်ဖြစ်သူကို သူ့သခင်ကားတိုက်ခံခဲ့ရတဲ့ နေရာမှာပဲနေပြီး သခင်ပြန်အလာကို စောင့်နေတယ်လို့ သိရပါတယ်။

READ
မိသားစုဝင်တွေကို အဆိပ်ခပ်ပြီးသတ်ခဲ့တဲ့ မအေနဲ့သမီး ထောင်ဒဏ်နှစ်ရှည်မှတ်ခံရ

သူဟာ ပြန်မလာနိုင်တော့တဲ့ သခင်ကို စောင့်ဆိုင်းနေခဲ့တာ (၁၈) လတိုင် ရှိနေပြီဖြစ်ပါတယ်။ သူ့ကိုတော့ ဒုတိယဟာချီကိုလေးလို့တောင် ခေါ်လို့ရမယ်ထင်ပါတယ်။ ဒီ ဂရိဟာချီကိုလေးရဲ့ သခင်ဟာ အသက်(၄၀) အရွယ် ရှိတဲ့ အမျိုးသားတစ်ယောက်ပါ။ ထိုသူဟာ နိုဝင်ဘာ(၂၀၁၇) ခုနှစ်မှာ ဘိလပ်မြေကြိတ်စက်ကားနဲ့ တိုက်မိပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာပါ။

Youtube/Nafpaktianews Web TV

တကယ်တော့ ကားတိုက်မှုဖြစ်တဲ့နေရာက ထိုအမျိုးသားရဲ့ အိမ်နဲ့ (၇) မိုင်ခွဲလောက် ဝေးပါတယ်။ ဒါပေမယ့် ခွေးကလေးကတော့ ဘယ်လိုလုပ်ပြီး သခင်ကားတိုက်သေခဲ့တဲ့နေရာကို အတိအကျ သိနေတယ်လို့ မဆိုနိုင်ပါဘူး။ သူဟာ သူ့သခင်ကားတိုက်ခဲ့တဲ့ နေရာလေးထိအောင် ရောက်လာခဲ့ပြီးတဲ့နောက် ထိုနေရာကနေ ဘယ်မှ မသွားတော့ပဲ အဲဒီကားလမ်းဘေးမှာပဲ နေနေတာ ဖြစ်ပါတယ်။ ဒေသခံတွေက ထိုခွေးလေးကို သနားလို့ဆိုပြီး သူ့ကို မွေးစားမယ့်လူထပ်ရှာပေးမယ့် သူက မနေပါဘူး။ သူ့ရဲ့ အရင်သခင် သေဆုံးခဲ့တဲ့နေရာလေးကိုပဲ ပြန်လာပြီး အဲဒီမှာပဲ နေပါတယ်။

READ
အမြွှာနှစ်ယောက်ကို အဝတ်လဲပေးဖို့ကြိုးစားရင်း တိုင်ပတ်နေတဲ့ ဖခင်ရဲ့ ဗီဒီယိုဖိုင်

ဒါကြောင့် ဒေသခံတွေက သူ့ကို နောက်ထပ် သခင်ရှာပေးဖို့ မကြိုးစားတော့ပဲ  သူနေဖို့ အမိုးအကာလေးတစ်ခုရယ်၊ သူ့သခင်အတွက် စင်လေးတစ်ခုရယ် ဆောက်ပေးထားပါတယ်။ ခွေးလေးကိုတော့ ကြုံတဲ့သူကပဲ အစားအသောက်နဲ့ ရေတွေ လာလာကျွေးလေ့ရှိပါတယ်။ ယနေ့ထက်တိုင် ဂရိဟာချီကိုလေးဟာ ထိုနေရာကနေပဲ သခင်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE