အချိန်(၂)မိနစ်ကြောင့် အီသီယိုးပီးယား လေယာဉ်ကပ်ဆိုးကနေ လွတ်မြောက်ခဲ့သူ

ကံကြမ္မာဆိုတာ တကယ့်ကို ဆန်းကျယ်တဲ့ အရာဆိုတာကို ဂရိအမျိုးသားတစ်ယောက်ရဲ့ ဖြစ်ရပ်က သက်သေ ပြနေပါ တယ်။သူဟာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အီသီယိုးပီးယားလေယာဉ်ပျက်ကျမှုဆိုတဲ့ ကံကြမ္မာဆိုး ကနေ ကပ် သီးေ လးလွတ်မြောက်ခဲ့တာပါ။ဂရိအမျိုးသားက မတ်လ(၁၀)ရက်နေ့က ပြောရာမှာတော့ သူဟာ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့တဲ့ ခရီးသည် (၁၅၀)ထဲက တစ်ယောက်ထဲမှာ ပါဝင်တော့မယ့် အရေးကနေ လွတ်မြောက်သွားခဲ့တာလို့ ဆိုပါတယ်။ လေဆိပ်ကို နောက်ကျမှ ရောက်သွားတော့ လေယာဉ်မမီတော့ပဲ နောက်လှည့်ပြန်ခဲ့ရတာပါ။

Evening Standard
fb
Evening Standard

လေဆိပ်ကို (၂)မိနစ်နောက်ကျပြီးမှ ရောက်ခဲ့ပြီး အဲ့ဒီ(၂)မိနစ်ဆိုတဲ့ အချိန်လေးကပဲ သူ့ရဲ့ အသက်ကို ကယ်တင် ပေး ခဲ့တာပါ။” ဂိတ်ကို အချိန်မီရောက်ဖို့ ကျတော့်ကို ဘယ်သူကမှ မကူညီကြတော့ ကျတော့မှာ ရူးလောက်အောင် ကို ဖြစ် ခဲ့ရတာဗျာ..” လို့ Antonis Mavropoulos  က သူ့ရဲ့ fb မှာ ကျတော့်ရဲ့ ကံကောင်းတဲ့ နေ့ဆိုပြီး လေယာဉ် လက် မှတ်နဲ့ အတူ တင်ထားတာပါ။Mavropoulos ကတော့ International Solid Waste Association ရဲ့ Preside nt တစ်ယောက်ပါ။ကင်ညာနိုင်ငံ Nairobi မြို့ကို သွားပြီး UN ရဲ့ ပတ်ဝန်းကျင်ဆိုင်ရာပရိုဂရမ် တစ်ခု ကို တက်ဖို့ စီစဉ်ထားခဲ့တာပါ။လေယာဉ်စီးဖို့ အမီသွားခဲ့ပေမယ့်လည်း (၂)မိနစ်နောက်ကျသွားတော့ ဂိတ်တံခါး ပိတ်သွားတာမို့  ကျန်ခဲ့ရတာပါ။

READ
ရေခဲနေတဲ့ကန်ထဲကိုမှ ဒိုင်ဗင်ပစ်မိတဲ့ကောင်မလေးရဲ့အဖြစ်
fb

နောက်လေယာဉ်မှာ လိုက်စီးဖို့ လုပ်ပေမယ့် လေဆိပ်ဝန်ထမ်းတစ်ယောက် က သူ့ကို တားဆီး ခဲ့ပါတယ်။” သူတို့က ကျတော့်ကို လေဆိပ်က ရဲစခန်းတစ်ခုကို ခေါ်သွားတယ်။အရာရှိတစ်ယောက်က ကျတော့်ကို  စိတ်ခိုင်ခိုင်ထားဖို့၊ ဘုရားကိုဆုတောင်းနေဖို့ ပြောတယ်။ဘာလို့ လဲဆိုတော့ ကျတော်က အသက်ရှင် ကျန်ရစ်တဲ့ ET 302 လေယာဉ်ရဲ့ တစ်ဦးတည်းသောခရီးသည် ပါ ဆိုညပီး ပြောတယ်။လေယာဉ်ပျက်ကျသွားတယ်တဲ့…” လို့ ပြော ခဲ့ပြီး၊သူကိုယ်တိုင် လည်း အရမ်းတုန်လှုပ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။လေဆိပ်အာဏာပိုင်တွေက သူ့ကို မေးခွန်းနည်း နည်းမေးမြန်းဖို့ တောင်းဆိုခဲ့ပါတယ်။သူတို့က ကျတော့်ရဲ့ ID ကို စစ်ပြီးမှ ကျတော့်ကို ထွက်ခွာခွင့်ပေးခဲ့တယ်..” လို့ သူ့ရဲ့ သေကံမရောက်ခဲ့ရတဲ့ အကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။

Evening Standard
Washington Post

အီသီယိုးပီးယားနိုင်ငံ Addis Ababa မြို့ကနေ ကင်ညာနိုင်ငံ Nairobi မြို့သို့ ပြီးခဲ့တဲ့ တနင်္ဂနွေ(မတ် ၁၀) ရက်ေ န့က ထွက်ခွာသွားခဲ့တဲ့ Boeing 737 လေယာဉ်ဟာ မနက်အစောပိုင်း ထွက်ခွာပြီး  မိနစ်ပိုင်းအတွင်း မှာပဲ ပျက်ကျ သွားခဲ့တာပါ။လေကြောင်းလိုင်းရဲ့ ပြောဆိုချက်အရ လေယာဉ်ပေါ်မှာ ခရီးသည် (၁၄၉)ဦး၊လေယာဉ် ၀န်ထမ်း (၈) ယောက် လိုက်ပါသွားတယ်လို့ ဆိုပါတယ်။ET302 လေယာဉ်ပေါ်မှာတော့ ကင်ညာနိုင်ငံသား (၃၂)ယောက်၊ ကနေဒါ (၁၈)ယောက်၊အမေရိကန်(၈)ယောက်၊ဗြိတိန် (၇)ယောက် လိုက်ပါသွားတယ်လို့ သိရပါတယ်။လေယာဉ်ပျက်ကျတဲ့ ဖြစ်ရပ် ကတော့ ဒေသစံတော်ချိန် ( 08:44) မှာ ဖြစ်ခဲ့တာပါ။ထွက်ခွာပြီး (၆)မိနစ်အကြာမှာပဲ ပျက်ကျသွားတာ ဖြစ်ပြီး  အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ မရှိခဲ့ဘူး လို့သိရပါတယ်။

READ
အေးအေးဆေးဆေး လက်ဖက်ရည်သောက်ရုံနဲ့ ပိုက်ဆံတွေရနေတဲ့သူ
Washington Post

Source BBC/channelnewsasia

SHARE