
ဂရိနိုင်ငံရဲ့ ဝန်ကြီးချုပ်တစ်ဦးဖြစ်သူ Kyriakos Mitsotakis ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၂၀.၁.၂၀၂၁)တုန်းက ဂရိနိုင်ငံ၊ Athens မြို့ရှိ Attikon University Hospital မှာ COVID 19 ကာကွယ်ဆေးထိုးခဲ့ပါတယ်။ အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Kyriakos အတွက်တော့ ဒီတစ်ကြိမ်ဟာ ဒုတိယအကြိမ်မြောက် ကာကွယ်ဆေးထိုးတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုဒုတိယအကြိမ်ကာကွယ်ဆေးထိုးတဲ့ အချိန်မှာတော့ Kyriakos တစ်ယောက် ကာကွယ်ဆေးထိုးနေတဲ့ပုံဟာ ဆိုရှယ်မီဒီယာမှာ တောမီးသဖွယ်ပျံ့နှံ့လာခဲ့ပါတယ်။ အကြောင်းကတော့ Kyriakos တစ်ယောက် ကာကွယ်ဆေးထိုးတဲ့ အချိန်မှာ သူ့ရဲ့ အပေါ်ပိုင်းအင်္ကျီကို တစ်ဝက်ချွတ်ပြီး ရုပ်ရှင်မင်းသားဆန်ဆန် ဟန်ပန်မျိုးနဲ့ ဆေးထိုးခံခဲ့လို့ပါ။
Our prime minister is a sexy daddy 😍🇬🇷🇬🇷🇬🇷 pic.twitter.com/4ggBiGYpLV
— Doomed (@profilepicnotme) January 18, 2021
ပုံထဲမှာ တွေ့ရတဲ့အတိုင်း Kyriakos ဟာ ဆေးထိုးမယ့်အချိန်မှာ သူ့ရဲ့ အပေါ်ပိုင်း ရှပ်အင်္ကျီကို တစ်ဝက်ချွတ်ခဲ့ပါတယ်။ အဲဒီလိုအချိန်ကိုပဲ အချိန်ကိုက် သတင်းထောက်တစ်ယောက်က အမိအရဓာတ်ပုံရိုက်လိုက်နိုင်ခဲ့ပြီး အဆိုပါ ဓာတ်ပုံဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေးကို ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။ Kyriakos ရဲ့ ပုံစံဟာ အသက် ၅၂ ရှိနေပြီ ဖြစ်ပေမယ့် လုံးဝကို သန်သန်မာမာနဲ့ ဆွဲဆောင်မှု အပြည့်ရှိလွန်းတဲ့ ပုံစံဖြစ်နေတာကြောင့် အဆိုပါ ဓာတ်ပုံကို တွေ့တဲ့လူတော်တော်များများက Kyriakos ရဲ့ ပုံစံကို ချီးမွမ်းခဲ့ပါတယ်။ ဒါ့အပြင် BBC ရဲ့ နာမည်ကျော် သတင်းထောက်တစ်ဦးဖြစ်သူ Dino Sofos ကလည်း Kyriakos ရဲ့ အပေါ်ပိုင်းဗလာကျင်းထားတဲ့ ဓာတ်ပုံတစ်ချို့ကို သူ့ရဲ့ Twitter အကောင့်မှာ ဖော်ပြခဲ့ပါတယ်။
LAAAAAAAAYYYDIIIIIIIIIEEESSS pic.twitter.com/Ctp5HFiODP
— Dino Sofos (@dinosofos) January 18, 2021
Lots of chat about Kyriakos’ leather thong pendant. As a Greek Orthodox man, I imagine it’s his crucifix. He never takes it off. pic.twitter.com/vGDKbznYVb
— Dino Sofos (@dinosofos) January 18, 2021
ဂရိနိုင်ငံသားတော်တော်များများကလည်း သူတို့ရဲ့ ဝန်ကြီးချုပ်ကြောင့် ဂုဏ်ယူရကြောင်း မှတ်ချက်များစွာပေးခဲ့သလို တစ်ချို့ကျတော့လည်း Kyriakos ဟာ လက်မောင်းအထိပဲ အင်္ကျီကို ချွတ်လို့ရရဲ့သားနဲ့ တမင်သက်သက်ကို ခန္ဓာကိုယ်တစ်ဝက်လုံးနီးပါး ချွတ်ပြခဲ့တာဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။ ဒါ့အပြင် Twitter အကောင့်ပိုင်ရှင်တစ်ယောက်ကလည်း ခရိုအေးရှား ဝန်ကြီးချုပ်ဖြစ်သူ Zdravko Mari ကလည်း အလားတူ ဆွဲဆောင်မှုရှိတဲ့ ပုံစံတစ်မျိုးနဲ့ ကာကွယ်ဆေးထိုးခဲ့ကြောင်း ပို့စ်တင်ခဲ့ပါသေးတယ်။
Damn the Greece 🇬🇷 prime minister Kyriakos Mitsotakis surely has a sexy gorgeous hairy chest love it , but sure love Croatian Prime Minister Zdravko Marić Captain Croatia 🇭🇷 pic.twitter.com/E2AVYaUxIh
— Alin Campan (@GURBEDIU1987) January 20, 2021
Pyi Hein Kyaw