အိမ်ထဲက လေထုကို သန့်စင်ပေးမယ့် အပင်တစ်မျိုးကို သိပ္ပံပညာရှင်များ တီထွင်

အိမ်ထဲမှာ အပင်စိုက်တာက လေထုကို သန့်စင်စေပြီး ပတ်ဝန်းကျင်ကို အေးစေတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဝါရှင်တန်တက္ကသိုလ်က သုတေသနပညာရှင်တွေကတော့ ဒါကို တစ်ဆင့်ထပ် မြှင့်လိုက်ပြီး လေထုထဲက အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးနိုင်မယ့် အပင်ကို တီထွင်လိုက်ပါတယ်။

ပုံမှန်အားဖြင့် လူအသုံးများတဲ့ လေသန့်စက် (HEPA filter) တွေက လေထုထဲက ဓာတ်မတည့်မှု ဖြစ်စေတဲ့ အမှုန်အမွှားတွေနဲ့ ဖုန်တွေကိုသာ စုပ်ယူပေးတာပါ။ ဒါပေမယ့် ထိုလေသန့်စက်တွေက မစုပ်ယူနိုင်တဲ့ ပိုသေးတဲ့ မော်လီကျူးတွေက လေထဲမှာ ရှိနေပါသေးတယ်။ ကလိုရင်းနဲ့ ပိုးသတ်ထားတဲ့ရေတွေ၊ ဓာတ်ဆီတွေကနေ ထွက်တဲ့ ကလိုရိုဖောင်းနဲ့ ဘန်ဇင်းလို မော်လီကျူးတွေက အမှုန်တွေထက် ပိုသေးငယ်တဲ့ မော်လီကျူးတွေဖြစ်တာကြောင့် လေသန့်စက်က မစုပ်နိုင်တဲ့အပြင် သူတို့က လူတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

Pixabay

ဒီလို သေးငယ်ပြီး အန္တရာယ်ရှိတဲ့ လေထဲက မော်လီကျူးတွေကို စုပ်ယူဖယ်ရှားပေးနိုင်မယ့် အပင်ကို ပညာရှင်တွေက တီထွင်လိုက်တာပါ။ Devil’s ivy လို့ နာမည်ပေးထားတဲ့ ထိုနွယ်ပင်တစ်မျိုးဟာ ကလိုရိုဖောင်းနဲ့ ဘန်ဇင်းတို့ကို စုပ်ယူနိုင်ပြီး အပင်ကြီးထွားမှုမှာ ပြန်အသုံးချနိုင်ပါတယ်။ ပညာရှင်တွေက ထိုအပင်ကို လူတွေရဲ့ အသည်းအလုပ်လုပ်ပုံကို အခြေခံ ဖန်တီးထားတာပါ။ အသည်းမှာ ရှိတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ P450 2E1 ဟာ ဘန်ဇင်းနဲ့ ဓာတ်ပြုရင် ဖနောကို ပြောင်းနိုင်ပြီး ကလိုဖောင်းနဲ့ ဓာတ်ပြုတဲ့အခါ ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့ ကလိုရိုက်အိုင်းယွန်းတွေဆီ ပြောင်းသွားပါတယ်။ ဒါပေမယ့် အသည်းက P450 2E1 ပရိုတင်းကို အယ်ကိုဟောနဲ့ တွေ့မှသာ ထုတ်လုပ်နိုင်တာပါ။

READ
အိပ်စက်ခြင်းကိုနှောင့်ယှက်တဲ့ဆူညံသံမှန်သမျှကိုဖျောက်ပေးမယ့် Bose Sleepbuds
Mark Stone/University of Washington

Devil’s ivy ကို 2E1 ဆိုက်တိုခရုမ်းထည့်ပြီး ပြုလုပ်ထားတဲ့အတွက် လေထဲက ကလိုရိုဖောင်းနဲ့ ဘန်ဇင်းတို့ကို စုပ်ယူပေးမှာပါ။ ဓာတ်ပြုပြီး ထွက်လာမယ့် ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့ ကလိုရိုက်အိုင်းယွန်းတို့ကို အပင် အစာချက်ရာမှာ ဆက်အသုံးပြုမှာဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေက Devil’s ivy ရဲ့ လေထုကို သန့်စင်နိုင်ပုံကို သက်သေပြဖို့ 2E1 မထည့်ထားတဲ့ အပင်နဲ့ ယှဉ်ပြီး စမ်းသပ်ပြခဲ့ပါတယ်။ 2E1 ပါတဲ့ အပင်နဲ့ မပါတဲ့ အပင် ၂ ပင်ကို ဖန်ပေါင်းချောင်ထဲ ထည့်ထားပြီး ၁၁ ရက်ထားထားပါတယ်။

ထို့နောက်မှာတော့ 2E1 ပါတဲ့ အပင်ရဲ့ ဖန်ပေါင်းချောင်ထဲက လေထုညစ်ညမ်းမှုအဆင့်က 2E1 မပါတဲ့ အပင်ရှိတဲ့ ဖန်ပေါင်းချောင်ထဲက လေထုရဲ့ ညစ်ညမ်းမှုအဆင့်ထက် များစွာလျော့ကျနေခဲ့ပါတယ်။ Devil’s ivy ဟာ လေထုထဲက ကလိုရိုဖောင်းရဲ့ ၈၂ ရာခိုင်နှုန်းကို စုပ်ယူနိုင်ပြီး ဘန်ဇင်း ၇၅ ရာခိုင်နှုန်းကို စုပ်ယူနိုင်ပါတယ်။

READ
ရာစုနှစ်အနည်းငယ်အတွင်း စက်ရုပ်များ လူသားမျိုးနွယ်ကို ဖျက်ဆီးနိုင်သိပ္ပံပညာရှင်များဆို

Ref: Digital Trends

SHARE