သရက်သီး ပုဇွန်စိမ်းထောင်း ချဉ်ငံစပ်လေး အိမ်မှာ လုပ်စားကြည့်ရအောင်……

ဒီတစ်ခါတော့ ရှူးရှဲအရသာလေးတွေကို နှစ်သက်သူများအတွက် ပုဇွန်စိမ်းနဲ့ သရက်သီးလေး ထောင်းစားကြည့်ရအောင်နော်။ အရမ်းကိုစားလို့ကောင်းတာကြောင့် အကြိုက်တွေ့နေစေမှာပါ။

လိုအပ်သောပစ္စည်းများ

  • သရက်သီးစိမ်းတစ်လုံး
  • ပုဇွန်အနည်းငယ်
  • ငံပြာရည် ၃ ဇွန်း
  • ဆား အနည်းငယ်
  • ငရုတ်သီးမှည့် ၁၀ တောင့်
  • ကြက်သားမှုန့် တစ်ဇွန်း
  • သံပုရာသီးခြမ်း
  • သကြားအနည်းငယ်
  • ကြက်သွန်ဖြူ နှစ်တက်

ပြုလုပ်ပုံအဆင့်ဆင့်

  • ပထမဆုံး သရက်သီးကို မျှင်မျှင်လေးဖြစ်အောင် ခြစ်လိုက်ပါ။
  • ပုဇွန်ကို အခွံနွှာပါ။ ( နှစ်သက်မှထည့်ပါ။)
  • စုံထဲသို့ ပါဝင်ပစ္စည်းအားလုံးကိုထည့်လိုက်ပါ။
  • သမအောင်ထောင်းပြီးလျှင် အရသာနှင့်ပြည့်စုံသော သရက်သီးပုဇွန်စိမ်းထောင်းကို စားသုံးနိုင်ပါပြီ။

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE