ဂျပန်နိုင်ငံမှာကတော့ အရုပ်ကောက်စက်၊ မုန့်ကောက်စက်၊ အအေးဘူးကောက်စက်လို vending machine တွေပေါလှပါတယ်။ အခုဆိုရင်တော့ တွေ့မြင်ဖူးသမျှထဲ အကောင်းဆုံးစက်လို့ဆိုနိုင်လောက်တဲ့ ဂျပန်လက်ဖက်စိမ်းဘူးကောက်စက်ကို စာဖတ်သူတွေ ထူးထူးခြားခြားလေး တွေ့ရမှာပါ။

ဒီစက်ကလေးဟာ Haneda လေဆိပ်မှာရှိပါတယ်။ ဂျပန်နိုင်ငံက အကြီးဆုံးလက်ဖက်စိမ်းဖြန့်ချိရေးကုမ္ပဏီဖြစ်တဲ့ Ito En ကပိုင်ဆိုင်ပါတယ်။ စက်ကနေ Oi Ocha လက်ဖက်စိမ်းဘူးကိုရနိုင်ပါတယ်။
Karakuri အဓိပ္ပါယ်ဟာ ဂျပန်ဘာသာစကားအရဆို စက်ယန္တရား သို့မဟုတ် လှည့်ကွက်လို့ အဓိပ္ပါယ်ရပါတယ်။ ၁၇ရာစုလောက်က ဂျပန်မှာဖျော်ဖြေရေးအနေနဲ့ ရုပ်သေးရုပ်လေးတွေကိုသုံးပါတယ်။ အဲ့ဒါကိုတော့ Karakuri puppets လို့ခေါ်ပါတယ်။ ရုပ်သေးရုပ်တွေကိုတော့ သစ်သားနဲ့ပြုလုပ်တာ ဖြစ်ပါတယ်။

အခု Haneda လေဆိပ်မှာတွေ့ရတဲ့ Oi Ocha လက်ဖက်စိမ်းဘူးကောက်လို့ရတဲ့စက်ကို Karakuri puppets လေးတွေပေါ်မှာ အခြေခံပြီးလုပ်ထားပါတယ်။ စက်ထဲမှာတော့ Oi Ocha ဘူးတစ်ဘူးရဖို့ လက်ဖက်စိမ်းလေးတွေရဲ့ ဖြတ်သန်းလာရတဲ့လုပ်ငန်းအဆင့်ဆင့်ကို အရုပ်လေးတွေနဲ့ဖော်ပြထားပါတယ်။ စာဖတ်သူဟာ စက်ထဲကို ယန်း၁၆၀ (အမေရိကန်ဒေါ်လာ ၁.၅၄) ထည့်လိုက်ပြီး ခလုတ်နှိပ်လိုက်ရုံနဲ့ စက်ထဲက အရုပ်ကလေးတွေက စတင်လှုပ်ရှားလာမှာဖြစ်ပါတယ်။ အရင်ဆုံး လက်ဖက်စိမ်းတွေကိုခူး၊ ပြီးရင် စက်ရုံကိုသယ်၊ အနံ့အရသာ ပိုကောင်းအောင်နဲ့ ပိုတာရှည်အထားခံအောင် လက်ဖက်စိမ်းတွေကိုအခြောက်ခံတဲ့စနစ်တွေကို အရုပ်လေးတွေနဲ့ ပုံဖော်သွားပါတယ်။
View this post on Instagram
အကြိုက်ဆုံးနေရာကတော့ ဂျပန်မလေးက လက်ဖက်စိမ်းခွက်ကိုကိုင်ပြီး စာဖတ်သူဆီ လက်ဖက်စိမ်းခွက်လေးယူလာပေးတာပါပဲ။ ခဏနေရင်တော့ လက်ဖက်စိမ်းဘူးလေးဟာ စက်ထဲက ထွက်လာပါပြီ။ မသိရင် လက်ဖက်စိမ်းဖျော်ရည်ကို လတ်လတ်ဆတ်ဆတ်လုပ်ထားသလိုမျိုးနဲ့ ချစ်စရာအရုပ်မလေးက လာပေးတယ်ထင်ရပါတယ်။ ဒီစက်ကလေးကိုတော့ Haneda လေဆိပ်က Terminal 1 ရဲ့ ဒုတိယထပ်က departure lobby မှာတွေ့နိုင်ကြောင်းလည်း soranews24 အရ သိရပါတယ်။

ShweMom