ရိုလာကိုစတာစီးသူတွေအတွက်အမိုက်စားတီထွင်မှုတစ်ခုလုပ်ပေးခဲ့တဲ့ဂျပန်ကစားကွင်း

Youtube-これがグリーンランドの新・絶叫スタイル! メガトン篇

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါ ဖြစ်ပွားနေဆဲ ကာလဖြစ်တာကြောင့် လူသွားလူလာ အများဆုံးနေရာတွေဖြစ်တဲ့ ရုပ်ရှင်ရုံတွေ၊ စားသောက်ဆိုင်တန်းတွေ၊ ပန်းခြံတွေဟာ အချိန်ကာလတစ်ခုအထိ ပိတ်လိုက်ရပြီပဲ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ COVID 19 ကပ်ရောဂါဖြစ်ပွားသူတွေဟာလည်း စဖြစ်ကာစအချိန်ထက် တဖြည်းဖြည်း လျော့နည်းလာပြီဖြစ်တာကြောင့် မကြာခင်အချိန်မှာပဲ ရောဂါကြီး အမြန်ဆုံးပြီးဆုံးသွားဖို့ မျှော်လင့်ရပါတယ်။ အခုလည်း ဂျပန်နိုင်ငံက ကစားကွင်းတစ်ခုဟာ ရိုလာကိုစတာစီးသူတွေအတွက် အမိုက်စားတီထွင်မှုတစ်ခု ပြုလုပ်ပေးခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-これがグリーンランドの新・絶叫スタイル! メガトン篇

ဂျပန်နိုင်ငံ၊ Arao မြို့ရှိ Greenland ကစားကွင်းဟာ လက်ရှိအချိန်မှတော့ COVID 19 ကာလဖြစ်တာကြောင့် ကစားကွင်းကို ပိတ်ထားလျက် ရှိပါတယ်။ မကြာခင်အချိန်အတွင်းမှာ ပြန်ဖွင့်နိုင်ဖို့အတွက်လည်း ကစားကွင်းတာဝန်ရှိသူတွေဟာ အကောင်းဆုံးကြိုးစားနေကြသလို ကစားကွင်းမှာ ရိုလာကိုစတာလာစီးသူတွေအတွက်လည်း အမိုက်စားတီထွင်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ရိုလာကိုစတာ မျက်နှာဖုံးပါပဲ။ အဆိုပါ မျက်နှာဖုံးကတော့ ရိုလာကိုစတာစီးတဲ့လူတိုင်း မဖြစ်မနေတပ်ကိုတပ်ရမယ့် မျက်နှာဖုံးပဲ ဖြစ်ပါတယ်။

READ
မျောက်သားငယ်လေးကို Tablet သုံးနည်းသင်ပေးနေတဲ့ မျောက်မကြီး
Youtube-これがグリーンランドの新・絶叫スタイル! メガトン篇

အကြောင်းကတော့ တစ်ယောက်နဲ့တစ်ယောက် ရောဂါမကူးစက်အောင်လို့ပါ။ ဘာလို့လဲဆိုတော့ ရိုလာကိုစတာစီးတဲ့လူတိုင်းဟာ ပါးစပ်ကြီးဖွင့်ပြီး အားရပါးရအော်လေ့ရှိပါတယ်။ ဒီလိုအော်တဲ့ လူတွေထဲက တစ်ယောက်ယောက်မှာသာ ရောဂါပိုးရှိနေခဲ့ရင် ကျန်တဲ့လူတွေ ဒုက္ခရောက်နိုင်ပါတယ်။ ဒီမျက်နှာဖုံးတပ်ပြီး အော်မယ်ဆိုရင်လည်း ဘယ်လောက်အော်အော် ဘာမှမဖြစ်တာကြောင့် အခုလိုတီထွင်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ရိုလာကိုစတာစီးတဲ့လူတိုင်းအတွက် Green Land ကစားကွင်းကနေပြီးတော့ ရိုလာကိုစတာမျက်နှာဖုံး သီးသန့်ပေးမှာပဲ ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE