Time မဂ္ဂဇင်းရဲ့ ၂၀၁၉ အတွက် Person of the Year အဖြစ်ဖော်ပြခံခဲ့ရတဲ့ Greta Thunberg

Instagram- @gretathunberg

Greta Thunberg ဟာ အသက် ၁၆ နှစ်အရွယ်သာရှိတဲ့ ပတ်ဝန်းကျင်ဆိုင်ရာတက်ကြွလှုပ်ရှားမှုမှာ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ဦးဆောင်ဦးရွက်ပြုနေခဲ့တဲ့ ဆွီဒင်ကျောင်းသူချာတိတ်မလေးတစ်ယောက်ဖြစ်ပါတယ်။ တစ်နှစ်တုန်းကတော့ Greta Thunberg ဟာ အခုလိုကမ္ဘာကျော်လာဖို့မပြောနဲ့ သူနေတဲ့မြို့မှာတောင် လူတိုင်းနီးပါး သူမကိုမသိခဲ့ကြပါဘူး။ သာမန်သူလိုကိုယ်လို အလယ်တန်းကျောင်းသူလေးတစ်ယောက်ပေါ့။

Instagram- @gretathunberg
Instagram- @gretathunberg

၂၀၁၈ ခုနှစ်တုန်းကဆိုရင် Greta Thunberg ဟာ အက် ၁၅ နှစ်သာသာပဲရှိဦးမှာပါ။ အဲဒီအရွယ်ကတည်းက သူမဟာ သောကြာနေ့တိုင်း ကျောင်းမတက်ဘဲ ဆွီဒင်လွှတ်တော်ရှေ့ ကွင်းပြင်မှာ တစ်ကိုယ်တည်းငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပါတယ်။ အဲဒီကနေမှတစ်ဆင့် သူမနေထိုင်ရာမြို့မှ ကျောင်းတွေ၊ နောက် တခြားနိုင်ငံတွေကကျောင်းတွေအထိ ကျောင်းမတက်ဘဲ ဆန္ဒပြတဲ့အလေ့အထလေးဟာ ပျံ့နှံ့သွားရင်း Greta Thunberg ဆိုတာဟာလည်း Fridays for Future လှုပ်ရှားမှုရဲ့ခေါင်းဆောင်၊ လက်တလော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေထဲ လှုပ်ရှားမှုအစိတ်ဆုံးအဖြစ် အသိအမှတ်ပြုခံရရင်း ကမ္ဘာကျော်လာခဲ့ပါတော့တယ်။

Instagram- @gretathunberg

ဒါကြောင့်လည်း အသက်ငယ်ငယ်လေးနဲ့ နိုင်ငံအသီးအသီးက ထိပ်တန်းဆွေးနွေးပွဲတွေတက်ရောက်ခွင့်ရခဲ့ပြီး ခေါင်းဆောင်တွေနဲ့လည်း အတူတူတွေ့ဆုံးခွင့်ရခဲ့တာကြောင့် ဒီနှစ်ထဲ Greta Thunberg တစ်ယောက် လူတွေရဲ့ပါးစပ်ဖျားမှာ တော်တော်လေးကို ရေပန်းစားနေခဲ့တာပါ။ ရေပန်းစားတယ်ဆိုတာ အားပေးမှုတွေရော၊ ဝေဖန်မှုတွေပါ ပါဝင်နေတာပါ။

READ
(၁၅)ပေအရှည်ရှိတဲ့စပါးအုံးက တိုက်ကြက်ဖကြီးကိုမြိုချခဲ့တဲ့အူယားစရာအဖြစ်
Instagram- @gretathunberg

ဘယ်လိုပဲဖြစ်ဖြဖစ် Greta Thunberg ကတော့ Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ပါလာခဲ့ပါပြီ။ အဲဒါကလည်း ၂၀၁၉ ခုနှစ်ရဲ့ Person of the Year ဆိုတဲ့ ဂုဏ်ပုဒ်ကြီးနဲ့ပါ။ Time မဂ္ဂဇင်းရဲ့ Person of the Year ဆိုတာကို Time မဂ္ဂဇင်းစစချင်းကတည်းက နှစ်တိုင်း ဖော်ပြလာခဲ့တဲ့ ကဏ္ဍတစ်ခုဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ ဒီသမိုင်းတစ်လျှောက်ပြန်ကြည့်မယ်ဆိုရင် Greta Thunberg  မတိုင်ခင်အထိ Time မဂ္ဂဇင်းရဲ့ Person of the Year မှာ အသက်အငယ်ဆုံးက Charles Lindbergh ပဲဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ၂၅ နှစ်ပဲရှိပါသေးတယ်။

ဒါပေမဲ့  Greta Thunberg အခုဖော်ပြခံရတဲ့အသက်က ၁၆ နှစ်သာရှိနေခဲ့သေးတာဆိုတော့ သူမအနေနဲ့ Time မဂ္ဂဇင်းရဲ့ အသက်အငယ်ဆုံး Person of the Year ဖြစ်သွားခဲ့ပါပြီ။

READ
ချစ်သူနဲ့အိပ်နေတဲ့စနိုက်ကြော်မကို အဆက်မပြတ်ရိုက်ခဲ့လို့ အဖမ်းခံထားရတဲ့အမျိုးသမီး
Instagram- @gretathunberg

Penny

 

SHARE