Twitter မှာ တိတ်တခိုးရန်ဖြစ်နေခဲ့ကြတဲ့ Donald Trump နဲ့ ၁၆ နှစ်သမီးလေး Greta Thunberg

Shutterstock-Evan El-Amin, [email protected]

သဘာဝပတ်ဝန်းကျင်ဆိုင်ရာတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ ၁၆ နှစ်သမီးလေး Greta Thunberg နဲ့ အမေရိကန်သမ္မတ Donald Trump တို့ မတည့်ဘူးဆိုတာ အားလုံးသိကြမှာပါ။ လူမှုကွန်ယက်ပေါ်မှာ၊ တွေ့ဆုံပွဲတွေမှာ ထိပ်တိုက်တွေ့တဲ့အချိန်တွေမျိုးတွေမှာတောင် ဟန်မဆောင်နိုင်ကြဘဲ ကြည့်မရမှုတွေ ပွင့်ထွက်ကုန်ကြတယ်မဟုတ်လား။

တလောကကလုပ်ခဲ့တဲ့ UN ကအစည်းအဝေပွဲတစ်ခုကို ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက တက်ရောက်ခဲ့ပါတယ်။ ပွဲမှာ နိုင်ငံ့ခေါင်းဆောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီပွဲမှာလည်း Greta Thunberg ရဲ့ Trump ကိုလည်းတွေ့ရော ရှုံ့မဲ့သွားတဲ့ မျက်နှာထားကြောင့် နာမည်ကြီးခဲ့ပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အသက် ၁၆ နှစ်အရွယ် ပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူ Greta Thunberg ကတော့ Time မဂ္ဂဇင်းမှ ၂၀၁၉ ခုနှစ်အတွက်ရွေးချယ်ထားတဲ့ Person of the Year ဆုကို ရရှိခဲ့တဲ့သူပါ။ ဒီဂုဏ်ပုဒ်ရဲ့သက်တမ်းတစ်လျှောက်မှာတော့ Greta အနေနဲ့ အသက်အငယ်ဆုံး Time ရဲ့ Person of the Year အဖြစ်ရွေးချယ်ခံခဲ့ရသူ ဖြစ်လာတာပါ။

Time

အခုလည်း ရန်ဖြစ်ဖော်ရန်ဖြစ်ဖက်ဟောင်းကြီး Donald Trump နဲ့ Greta Thunberg တို့ရဲ့ Twitter ရန်ပွဲကြီးတစ်ခု ထပ်ဖြစ်လာခဲ့ပါတယ်။ ရန်ပွဲကိုစခဲ့သူကတော့ ကျွန်တော်တို့ရဲ့ သမ္မတကြီး Donald Trump ပါပဲ။ Roma Downey ရဲ့ Twitter account ကနေပြီး Greta Thunberg တစ်ယောက် ၂၀၁၉ အတွက် Time မဂ္ဂဇင်းရဲ့ Person of the Year ရခဲ့တဲ့အပေါ် ဂုဏ်ယူပါတယ်ဆိုပြီး ပြောလာခဲ့ပါတယ်။

ဒါကို Donald Trump ကနေပြီး မဆီမဆိုင်ရှယ်ပြီး ဒီလိုပြောလာခဲ့ပါတယ်။ စိတ်ပျက်စရာကောင်းတယ်ပေါ့၊ နောက် Greta Thunberg ဟာ ဒီလိုအပိုအလုပ်တွေလုပ်ဖို့ထက် စိတ်တိုတာကို ထိန်းချုပ်ဖို့ လုပ်သင့်တယ်၊ နောက် သူငယ်ချင်းနဲ့ရုပ်ရှင်ပဲ ကြည့်သင့်တဲ့အရွယ်ဆိုပြီး ပြောလာခဲ့ပါတယ်။

ဒါကို Greta Thunberg တစ်ယောက် ပြန်တုန့်ပြန်ပုံကတော့.. Greta Thunberg ဟာ သူမရဲ့ Twitter bio ကို ပြောင်းခဲ့ပါတော့တယ်။ အဲဒါကတော့ “A teenager working on her anger management problem. Currently chilling and watching a good old fashioned movie with a friend.” တဲ့လေ။ Trump ပြောတဲ့ စကားအတိုင်းကို ပြန်ရေးထားတာနော်။

READ
ဖျော်ဖြေတင်ဆက်နေစဉ် လက်ကိုင်လွတ်ပြီး ပြုတ်ကျခဲ့တဲ့ ကောင်းကင်ကျွမ်းဘားသမား
Twitter-Greta Thunberg

ဒီလို တိတ်တခိုးရန်ဖြစ်မှုကြီးအပေါ် Twitter user တွေထက်ကနေပြီး ဝေဖန်မှုတွေ ဖြစ်ပေါ်လျက်ရှိနေပါတယ်။ အများစုကတော့ အသက် ၇၀ တန်းအရွယ် သမ္မတကြီးက ဘာမှမဟုတ်တဲ့ ၁၆ နှစ်သမီးလေးကို အနိုင်ကျင့်နေတယ်ဆိုပြီး တော့ ဝေဖန်နေခဲ့ကြပါတယ်။ နောက် Greta Thunberg ရဲ့ တုန့်ပြန်မှုဟာလည်း သိပ်ကိုပညာရှိတယ်ဆိုပြီး ချီးကျူးနေခဲ့ကြပါတယ်။ ဒါကတော့ comment တချို့ပါ။

Penny

READ
လေယာဉ်ကွင်းထဲကမျောက်တွေကို မောင်းထုတ်ဖို့ မျောက်ဝံလိုဝတ်ခဲ့ရတဲ့ ၀န်ထမ်း

 

SHARE