ရာသီဥတုအရေးနဲ့ပတ်သက်လို့ လွှတ်တော်မှာ အကြုံပြုဆွေးနွေးခဲ့တဲ့ (၁၆) နှစ်သမီးလေး

twitter/GretaThunberg

ဗုဒ္ဓဟူးနေ့တုန်းက အသက်(၁၆) နှစ်အရွယ် ဆွီဒင်လူမျိုး ဂရီတာသွန်းဘာ့ဂ်အမည်ရတဲ့ ကောင်မလေးတစ်ယောက်ဟာ လွှတ်တော်မှာ ရာသီဥတုအရေးနဲ့ပတ်သက်လို့ အကြံပြုဆွေးနွေးခဲ့ကြောင်း CNN သတင်းအရ သိရပါတယ်။ ဂရီတာက သူမမှာ အထူးပြင်ဆင်ထားတဲ့ မှတ်ချက်တော့ မရှိပေမယ့် စစ်တမ်းတစ်ခုကို ရည်ညွှန်းလိုကြောင်း ဆိုပါတယ်။

သူမက ကမ္ဘာကြီးပူနွေးလာခြင်းနဲ့ ရာသီဥတုပြောင်းလဲလာခြင်းကို သုတေသနပြုထားတဲ့ Intergovernmental Panel on Climate Change ရဲ့ အထူးစစ်တမ်းတစ်ခုကို ကိုးကားထောက်ပြကာ တရိပ်ရိပ်တက်လာတဲ့ ကမ္ဘာ့အပူချိန်ဟာ စိုးရိမ်ဖွယ်ဖြစ်နေကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။

twitter/cspan

ဂရီတာက သူမအနေနဲ့ ဒီအစီရင်ခံစာကို မျက်မြင်ကိုယ်တွေ့အနေနဲ့ တင်ပြခြင်းသာဖြစ်ပြီး အစိုးရဟာ သူမစကားကို နားထောင်ဖို့မလိုပဲ သိပ္ပံပညာရှင်တွေရဲ့ စကားကိုသာ နားထောင်ဖို့လိုတာပါ လို့လည်း ပြောသွားပါတယ်။ ဒါ့အပြင် နားထောင်ပြီး အသိအမှတ်ပြုရုံတင်မက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုတွေကိုလည်း ထိထိရောက်ရောက်ပြုလုပ်သွားဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

READ
(၁၆) နှစ်နဲ့ ဟားဗက်ကဘွဲ့ရပြီး အမေရိကန်သမ္မတဖြစ်ချင်တယ်ဆိုတဲ့ ဆယ်ကျော်သက်

ဆယ်ကျော်သက်တစ်ယောက်နဲ့ ဂရီတာဟာ အခုလို မိမိဆန္ဒကို အစိုးရဆီထုတ်ဖော်ကြေညာတာက ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အရင်တုန်းကလည်း သူမဟာ ဆွီဒင်ပါလီမန်ရဲ့ အပြင်ဘက်မှာ ရက်သတ္တပတ်ပေါင်းများစွာ ထိုင်စောင့်ပြီး သဘာဝပတ်ဝန်းကျင်အရေးကို အမြန်ဆုံးနည်းလမ်းတွေနဲ့ ထိန်းသိမ်းကြဖို့ လှုံ့ဆော်ခဲ့သူ ဖြစ်ပါတယ်။

 

သူမဟာ လာမယ့် စက်တင်ဘာ(၂၃) ရက်နေ့မှာ ကုလသမဂ္ဂက ကြီးမှုးကျင်းပတဲ့ Climate Action အစည်းအဝေးကို နယူးယောက်မှာ လာတက်ရမှာ ဖြစ်ပါတယ်။ ဒါတွေအပြင် အမေရိကန်မှာ သူမလုပ်စရာအလုပ်တွေကလည်း များစွာ ရှိနေပါသေးတယ်။ အင်တာဗျူးဖြေဖို့၊ ၀ါရှင်တန်မှာသွားပြီး ပတ်ဝန်းကျင်အရေးတက်ကြွစွာ လှုပ်ရှားသူအဖြစ် ဆုတံဆိပ်လက်ခံဖို့ရော ရှိနေပါတယ်။ ဂရီတာဟာ အမေရိကန်နိုင်ငံကို လေယာဉ်နဲ့သွားမှာမဟုတ်ပါဘူး။ ဓာတ်ငွေ့ထုတ်လွှတ်မှု ဇီးရိုးရှိတဲ့ ရွက်လှေနဲ့ ရက်သတ္တပတ်(၂) ပတ်ကြာ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကာ နယူးယောက်ကို သွားမယ်လို့ သိရပါတယ်။

READ
အိမ်ထောင်မပြုပဲ ကလေးပဲလိုချင်လို့ အငှားကိုယ်ဝန်နဲ့ ကလေးယူခဲ့တဲ့ အမျိုးသား

လင်းလင်း (ShweMom)

SHARE