နိုဘယ်လ်ဆုအတွက် ဒုတိယအကြိမ် အမည်စာရင်း တင်သွင်းခံရပြန်တဲ့ Greta Thunberg

Twitter/GretaThunberg

fသဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားမှုမှာ ငယ်ငယ်ရွယ်ရွယ် ထက်ထက်မြတ်မြတ်၊ တုတ်ထိုးအိုးပေါက် စကားလုံးတွေနဲ့ ဘွင်းဘွင်းကြီး ဝေဖန်တတ်တဲ့ Greta ကတော့ အခုဆိုရင် နိုဘယ်ဆုမှာ ရွေးချယ်ခံရနိုင်ဖို့ အမည်စာရင်းထဲမှာ တစ်ခြား ထက်မြတ်ထူးချွန်သူတွေနဲ့အတူ နှစ်ကြိမ်တိုင်အဆိုပြုတာကို ခံခဲ့ရပြီဖြစ်ကြောင်း Evening Standard သတင်းစာက ဖော်ပြခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသက်ငယ်သေးပေမယ့် လူအများမက်မောတဲ့ အိပ်မက်နဲ့ လက်တွေ့နီးစပ်လာတဲ့ သဘောပါ။

Greta ဟာ ကျောင်းသားတွေရဲ့ Fridays for Future လှုပ်ရှားမှုကို ဦးဆောင်ခဲ့ပြီးနောက် လူငယ်မျိုးဆက်တစ်ခုကြားမှာ လူသိရှင်ကြား အောင်မြင်ပေါက်မြောက်လာခဲ့သူပါ။ သူမဟာ ဝေဖန်ရာမှာ တစ်ဖက်လူက ဘယ်လောက် သြဇာတိက္ကမကြီးနေပါစေ ငဲ့ကွက်ခြင်းမရှိဘဲ ခပ်ကြမ်းကြမ်း၊ ခပ်ပြတ်ပြတ် ဝေဖန်လေ့ရှိလို့ ကမ္ဘာ့ခေါင်းဆောင်တွေပင် မျက်ခုံးပင့် ကြည့်ရသူဖြစ်ပါတယ်။

 

မကြာသေးခင်ကပဲ Time Magazine ရဲ့ 2019 Person of the Year အဖြစ် ရွေးချယ်ခံခဲ့ရပြီး၊ အခုဆို နိုဘယ်လ်ဆုအမည်စာရင်းထဲမှာ (၂)နှစ်ဆက်တိုက် ပါဝင်နိုင်ခဲ့တာမို့ ဆုရတာမရတာအပထား၊ လူငယ်ထုကြားမှာတော့ အတော်လေးကို အထင်ကြီးလေးစားဖို့ကောင်းတဲ့ သဘောဖြစ်နေပါပြီ။

Greta ကို ဆွီဒင်နိုင်ငံရေးသမားနှစ်ဦးဖြစ်တဲ့ Jens Holm နဲ့ Hakan Svenneling တို့က အခုနှစ် နိုဘယ်လ်ဆုကို ထိုက်တန်သူဖြစ်ကြောင်း ထောက်ခံထားပြီး၊ သူမဟာ “ ရာသီဥတုအကြပ်အတည်းနဲ့ပတ်သက်ပြီး နိုင်ငံရေးသမားတွေရဲ့ မျက်လုံးကို ပွင့်စေခဲ့သူ ”ဖြစ်ကြောင်း အားပေးအားမြောက်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်တနင်္လာနေ့က-

“ ကျွန်တော်တို့ရဲ့ လေထုညစ်ညမ်းစေရန် ထုတ်လွှတ်မှုတွေကို လျှော့ချဖို့ လုပ်ဆောင်ရမှာဖြစ်သလို …  ပဲရစ်သဘောတူညီချက်မှာ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ရန်ဆိုတဲ့အချက်ကိုလည်း လိုက်နာဖို့လိုပါတယ် … ”လို့ ပြောခဲ့ပါတယ်။ နိုဘယ်လ်ဆုအတွက် နောက်ဆုံးအမည်စာရင်းတင်သွင်းရမယ့်ရက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၂)ရက် တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

School strike week 73. #fridaysforfuture #climatestrike #schoolstrike4climate

A post shared by Greta Thunberg (@gretathunberg) on

Greta ကို ပထမတစ်နှစ်တုန်းက နော်ဝေနိုင်ငံရေးသမား(၃)ဦးက နိုဘယ်လ်ဆုအတွက် အမည်စာရင်း တင်သွင်းခဲ့တာဖြစ်ပြီး၊ အခုနှစ်မှာတော့ ဆွီဒင်ရဲ့ သြဇာတိက္ကမကြီးတဲ့ နိုင်ငံရေးသမားတွေက အမည်စာရင်း တင်သွင်းတာပါ။ Greta အနေနဲ့  ယမန်နှစ်ကတော့ ဒီဆုကိုရရှိဖို့ရေပန်းစားမှုမှာ ဘွတ်ကီဒိုင်တွေက 4/7 အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဘွတ်ကီဒိုင်တွေရဲ့ ကြေးဖွင့်မှုနဲ့ပတ်သက်ပြီး လောင်းကစားနဲ့ အလှမ်းဝေးသူများအနေနဲ့ ကိုယ်က (၁၀)ပေါင် လောင်းလိုက်ရင် (၁၅.၇၁)ပေါင်သာ ပြန်ရနိုင်ပေမယ့် အခြားတစ်ဖက်မှာတော့ Greta ဟာ ဒီဆုကိုရဖို့ အတော်လေးကို သေချာနေတဲ့သဘောမျိုးမှာ ရှိနေပါတယ်။ သို့သော် အဲဒီနှစ်မှာ နိုဘယ်ဆုကို အီသီယိုးပီးယားဝန်ကြီးချုပ် Abiy Ahmed က ရရှိသွားခဲ့ပါတယ်။

Abiy ဟာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ဖန်တီးနိုင်ခဲ့သူဖြစ်ပြီး၊ အီရီထရီးယားနဲ့ ဖြစ်နေတဲ့ (၂)နှစ်ကြာ နယ်စပ်စစ်ပွဲကိုလည်း အဆုံးသတ်ပေးခဲ့ပြီး၊ အနှစ်(၂၀)ကြာ ရင်ဆိုင်နေရတဲ့ စစ်ရေးအကြပ်အတည်းကိုလည်း ဖြေရှင်းပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒီအခြေအနေမှာ တစ်ချို့ကလည်း Greta ဟာ ငယ်သေးလို့ နိုဘယ်လ်ဆုအတွက် စောလွန်းသေးတယ်လို့ ဝေဖန်ခဲ့ပါတယ်။

 

 

View this post on Instagram

 

Impostors, trademarks, commercial interests, royalties and foundation… First: Unfortunately there are still people who are trying to impersonate me or falsely claim that they “represent” me in order to communicate with high profile people, politicians, media, artists etc. Please be aware that this is happening and be extremely suspicious if you are contacted by ”me” or someone saying they ”represent” me. I apologize to anyone who has been contacted – and even misled – by this kind of behavior. Second: My name and the #FridaysForFuture movement are constantly being used for commercial purposes without any consent whatsoever. It happens for instance in marketing, selling of products and people collecting money in my and the movement’s name. That is why I’ve applied to register my name, Fridays For Future, Skolstrejk för klimatet etc as trademarks. This action is to protect the movement and its activities. It is also needed to enable my pro bono legal help to take necessary action against people or corporations etc who are trying to use me and the movement in purposes not in line with what the movement stands for. I assure you, I and the other school strikers have absolutely no interests in trademarks. But unfortunately it needs to be done. Fridays For Future is a global movement founded by me. It belongs to anyone taking part in it, above all the young people. It can – and must – not be used for individual or commercial purposes. And third: together with my family I’m setting up a foundation. It’s already registered and existing, but it not is not yet up and running. This is strictly nonprofit of course and there are no interests in philanthropy. It is just something that is needed for handling money (book royalties, donations, prize money etc) in a completely transparent way. For instance, taxes have to be paid before we can give them away to specified purposes and charities. This takes a lot of time and work, and when the foundation is fully up and running I will tell you more. The foundation’s aim will be to promote ecological, climatic and social sustainability as well as mental health. Love/ Greta

A post shared by Greta Thunberg (@gretathunberg) on

ဒါပေမယ့် တစ်ခုသတိထားရမှာက ကမ္ဘာခေါင်းဆောင်တွေ လုံးဝသတိမထားမိတဲ့ အလုပ်တွေကို သူမဟာ အချိန်တိုအတွင်းမှာ ထူးခြားပြောင်မြောက်စွာယ ဆောင်ရွက်နိုင်ခဲ့ပြီး၊ သူမလို အသက်အရွယ်မပြောနဲ့ သြဇာတိက္ကမကြီးလွန်းတဲ့သူတွေတောင် လုပ်ဖို့မလွယ်တဲ့ အခြေအနေပါ။

အဲဒီနှစ်က နောက်ထပ် အမည်စာရင်းတင်သွင်းခံရသူထဲမှာ ပါဝင်ခဲ့ထရမ့်ကိုလည်း ထရမ့်ဟာ ငြိမ်းချမ်းမှုကို လုပ်ဆောင်သူမဟုတ်ဘဲ အခြေအနေတွေကို ပိုပြီးဆိုးရွားအောင်၊ ဒါမှမဟုတ် အခြေအနေတွေကို ပိုပြီးမတည်ငြိမ်အောင် ပြုလုပ်သူဖြစ်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။

လင်းသူရိန်

SHARE