Donald Trump ကို ဒေါသလျှော့ပါဦး ဆိုပြီး ဆုံးမစကား ပြောခဲ့တဲ့ Greta Thunberg

Instagram(@GRETATHUNBERG),DONALD J. TRUMP

Greta Thunberg နဲ့ Donald Trump တို့ရဲ့ အွန်လိုင်းပေါ်က ကီးဘုတ်တိုက်ပွဲအကြောင်း သိကြရဲ့လား။

Greta အနေနဲ့ အသက် ၁၃ နှစ်လောက်ကတည်းကိုက ဆွီဒင်နိုင်ငံအတွင်းမှာ သဘာဝပတ်ဝန်းကျင်အရေးနဲ့ ပတ်သက်ပြီး ကျေင်းမတက်ဘဲနဲ့ တက်ကြွလှုပ်ရှားမှုတွေကို တစ်ကိုယ်တည်းစတင်ပြုလုပ်လာခဲ့တာပါ။ နောက်ပိုင်း ဆွီဒင်တစ်နိုင်ငံလုံး၊ အဲဒီကနေပြီး တစ်ကမ္ဘာလုံးက ဆယ်ကျော်သက်လူငယ်တွေရဲ့ အာရုံတွေကို ဖမ်းစားသွားနိုင်ခဲ့ပြီးတော့ Greta Thunberg ဆိုတာ ဆယ်ကျော်သက်တွေရဲ့ ဥတုရာသီနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခြင်းခံလာရပါတယ်။

 

View this post on Instagram

 

A post shared by Greta Thunberg (@gretathunberg) on

နောက်ပိုင်းမှာတော့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အာရုံစိုက်ခြင်းကိုလည်း ခံလာခဲ့ရပြီးတော့ UNICERF တို့လို ကမ္ဘာ့အဖွဲ့အစည်းတွေရဲ့ ဖိတ်ခေါ်ခြင်းကိုခံခဲ့ရကာ ခေါင်းဆောင်တွေနဲ့အတူတူ ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူမဟာ အမေရိကန်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Donald Trump နဲ့တော့ အမြင်ကွဲလွဲမှုတွေနဲ့ သဘောထားမတိုက်ဆိုင်တာတွေ အများကြီးဖြစ်နေခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by President Donald J. Trump (@realdonaldtrump) on

နောက်ဆုံးတစ်ခေါက် UNICERF နဲ့ ဆွေးနွေးပွဲမှာတုန်းက Greta ဟာ ဟောပြောနေုတန်းမှာပဲ မျက်ရည်တွေကျလာကာ စိတ်ခံစားချက်တွေ လွန်ကဲသွားတဲ့ အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ Donald Trump က Greta ကို ရည်ရွယ်ပြီးတော့ တချို့သော ဆယ်ကျော်သက်တွေဟာ ကျောင်းနေတဲ့အရွယ်မှာ ကျေင်းမတက်ဘဲနဲ့ မဆီမဆိုင် ကိစ္စကြီးတွေကို ၀င်ပါနေတာဖြစ်ကြောင်း၊ ရွယ်တူသူငယ်ချင်းတွေနဲ့ လျှောက်လည့်ရမယ့် ကလေးသာသာအရွယ်လေးအနေနဲ့ အခုလောက် ဒေါသတွေကြီးနေတာဟာ မဖြစ်သင့်တဲ့အတွက်ကြောင့် anger management ကိုလည်း ကျင့်သင့်ကြောင်း မီဒီယာတွေနဲ့ရော Twitter မှာပါ ပေါ်ပေါ်တင်တင်ကို ထုတ်ပြောလာခဲ့တာပါ။

 

View this post on Instagram

 

A post shared by Greta Thunberg (@gretathunberg) on

ဒီကိစ္စဟာ လပေါင်းများစွာ ကြာနေပြီဖြစ်ပေမယ့်လည်း Greta အတွက်တော့ အခုမှ တုန့်ပြန်ဖို့ အခွင့်အရေးရသွားသလိုပါပဲ။ US ရွေးကောက်ပွဲကာလကြီးမှာ Donald Trump အနေနဲ့ သမ္မတအဖြစ် ပြန်အရွေးခံရမလားဘာလားဆိုတာ မသေချာတဲ့အအြေနေကြီးမှာ social media ပေါ်တက်ပြီးေ ပါက်ကွဲမှုတွေကို ပိုစ့်တွေတင်ပြီး ပြောနေခဲ့တာပါ။

READ
ကားတိုက်မှုကြောင့် မိခင်ရဲ့သားအိမ်ကွဲပြီး အပြင်ကို ကျွတ်ထွက်ခဲ့တဲ့ ကလေးရဲ့ အဖြစ်

ဒါကိုလည်း Greta သိလည်းသိရော Twitter မှာ ပိုစ့်တစ်ခုတင်လာခဲ့ပါတယ်။ အဲဒါကတော့ ဒီ ပိုစ့်ပါ။

Donald Trump ရဲ့ “Stop the Count!” ဆိုတဲ့ tweet ကို Greta ကနေပြီး “စိတ်ပျက်ဖို့ကောင်းလိုက်တာ။ Donald လည်း anger management လုပ်သင့်နေပြီ။ ရွယ်တူသူယ်ချင်းအနေနဲ့ ရှေးဟောင်းရုပ်ရှင်တွေဘာတွေ ကြည့်ပေါ့။ အေးဆေးပေါ့ Donald ရေ။ စိတ်လျှော့” ဆိုပြီးတော့ သူမကိုပြောခဲ့တဲ့အတိုင်း Donald Trump ကို တသွေမသိမ်း ပြန်ပြီးပြောခဲ့တာပါ။ ၁၇ နှစ်သမီးလေးကတော့ တကယ့်ကိုစံပါပဲ။

READ
ပါးစပ်နား ရောက်ခါနီးဆဲဆဲမှ အစာကို လှမ်းပုတ်ချခံလိုက်ရတဲ့ စပါးအုံးမြွေကြီးရဲ့ အဖြစ်

penny

SHARE