ကမ္ဘာ့ခေါင်းဆောင်တွေ သူနဲ့ selfie လာရိုက်တာဟာ ရှိုးလုပ်ချင်လို့ဆိုပြီး ပြောခဲ့တဲ့ Greta

Instagram- @gretathunberg

Greta Thunberg ကိုတော့ အားလုံးနဲ့အထူးတလည်မိတ်ဆက်ပေးစရာ မလိုတော့ဘူးလို့ ထင်ပါတယ်။ ဆယ်ကျော်သက်သာသာ ကလေးအရွယ်ကတည်းက ကမ္ဘာကြီးရဲ့ ပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူအဖြစ် ရပ်တည်ခဲ့တာပါ။

လက်ရှိ အသက် ၁၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆွီဒင်သူလေးဟာ ပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူတွေကြားထဲ ဦးဆောင်ဦးရွက်ပြုနေသူအဖြစ်ပါ သတ်မှတ်ခြင်းခံထားခဲ့ရသူပါ။ ဒါပမေဲ့လည်း သူ့အနေနဲ့ Trump တို့လို တချို့သောနိုင်ငံရေးခေါင်းဆောင်တွေနဲ့ ကတောက်ကဆပြဿနာလေးတွေရှိနေတတ်ပြန်ပါသေးတယ်။ ဒီအပြင် သူမရဲ့မိန့်ခွန်းမှာလည်း တစ်ခါတစ်လေကျ နိုင်ငံခေါင်းဆောင်တွေကို ခနဲ့တဲ့တဲ့စကားလေးတွေနဲ့ ချေပနေခဲ့သူပါ။

အခုလည်း နိုင်ငံခေါင်းဆောင်တွေအနေနဲ့ သူနဲ့ selfie လာလာရိုက်တဲ့အကြောင်းကို ထုတ်ပြောခဲ့ပါတယ်။ သူ့အနေနဲ့ နာမည်ကြီးလာခဲ့ပြီး TIMES မဂ္ဂဇင်းမှာပါ ပါခဲ့တုန်းကဆိုရင် ကမ္ဘာ့ခေါင်းဆောင်တွေ၊ ဝန်ကြီးချုပ်တွေဟာ သူမကိုခေါ်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်တဲ့။ ဒါပေမဲ့ သူတို့ဆွေးနွေးတဲ့အကြောင်းအရာတွေဟာ ခေါင်းဆောင်တွေအတွက်တော့ တစ်ဖက်နားကဝင်ပြီးတစ်ဖက်နားက ပြန်ထွက်သွားတာတွေချည်းပဲတဲ့။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာမျိုးက ကောက်ရိုးမီးလို ဟုန်းခနဲထတောက်ပြီး ပြန်ငြိမ်းသွားတာမျိုးမဟုတ်ဘဲ တဖြေးဖြေးချင်းဇွဲရှိရှိနဲ့ပြုပြင်ယူရမယ့်အရာမျိုးတွေပါ။ ဒါကို ခေါင်းဆောင်တွေက သူနဲ့တွေ့၊ ဆွေးနွေးတာတွေ ခဏလောက်တော့ လက်ခံစကားပြောမယ် ပြီးတာနဲ့ သူနဲ့ဓာတ်ပုံအတူတူတွဲရိုက်ဖို့ကိုပဲ အာရုံထားနေကြတယ်။ ဒါမှလည်း ပြည်သူတွေနဲ့ မီဒီယာတွေအတွက် Instagram ဖော်ရှိုးဓာတ်ပုံလှလှလေးရမှာလေဆိုပြီး ပြောလာခဲ့ပါတယ်လို့ News Sky မှာ ဖတ်လိုက်ရပါတယ်။

Penny

SHARE