အသက် ၁၃ နှစ်လောက်ကတည်းက ကမ္ဘာ့ဥတုရာသီနဲ့ သဘာဝပတ်ဝန်းကျင်အရေးကို တစ်ဦးတည်းလုပ်ဆောင်လာခဲ့တဲ့ Greta Thunbreg လေးဟာ အခုဆိုရင် အသက် ၁၈ နှစ်ပြည့်သွားခဲ့ပါပြီတဲ့။
View this post on Instagram
အထက်တန်းကျောင်းတက်နေဆဲဖြစ်တဲ့ သူမအနေနဲ့ ကျောင်းပျက်ပြီး တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်တာတွေ၊ သောကြာနေ့တိုင်း ကမ္ဘာအနှံ့က ပတ်ဝန်းကျင်လှုပ်ရှားတဲ့ ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်တွေကို အွန်လိုင်းမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်အောင် လူတွေစုပြီးတော့ အာရုံစိုက်လာအောင်လို့ နှစ်ပေါင်းများစွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ကမ္ဘာ့ကုလသမကအဖွဲ့အစည်းတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ပွဲတွေတက်၊ တွေးဆုံဆွေးနွေးခဲ့ပေမယ့်လို့ သူမကို ကလေးက ကလေးအလုပ်မလုပ်ဘဲနဲ့ အပိုဝင်လျှာရှည်နေတယ်ဆိုပြီး ဝေဖန်ကြတဲ့လူတွေရှိနေခဲ့ပါတယ်။
အခုတော့ ဆွီဒင်သူလေးဟာ ၁၈ နှစ်ပြည့်သွားခဲ့လို့ဆိုပြီး ပျော်နေရှာပါတယ်။ ၁၈ နှစ်ဆိုတာ အရာရာ ကိုယ့်ဆုံးဖြတ်ချက်ကိုယ်ချနိုင်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ လူကြီးတစ်ယောက်ဖြစ်နေပြီဆိုပြီး သတ်မှတ်ခံထားတဲ့အရွယ်ပေါ့။
View this post on Instagram
ဒါနဲ့ပဲ Greta ဟာ သူမရဲ့ Twitter မှာ ရှုံ့ချသူတွေနဲ့ ပတ်သက်ပြီးတော့ post တစ်ခုတင်လာခဲ့ပါတယ်။ မွေးနေ့အမှတ်တရအနေနဲ့ပေါ့။ သူမအနေနဲ့ မွေးနေ့ကိုဆုတောင်းပေးကြတဲ့လူတွေကို ကျေးဇူးတင်ကြောင်းအရင်ဆုံး ပြောခဲ့ပါတယ်။ နောက်တော့ ဒီနေ့ညတော့ အိမ်နားက အရက်ဆိုင်မှာပဲ သဘာဝပတ်ဝန်းကျင်အကြောင်းတွေ ဆွေးနွေးသွားမယ်၊ ဆက်ပြီးလည်း ကျောင်းပျက်ဆန္ဒပြတာကို လုပ်သွားဦးမယ်လို့ ဆိုသတဲ့။
ဒီအပြင် အခု Greta တစ်ယောက် ၁၈ နှစ်ပြည့်သွားပြီဆိုတော့ ကလေးလိုလိုဆက်ဆံနေတဲ့ အယုတ်တမာတွေရဲ့ ချုပ်ကိုင်မှုကလည်း တရားဝင်လွတ်မြောက်ပြီဆိုပြီးတော့ “and my evil handlers who can no longer me! I am free at last!!” လို့ တင်လာခဲ့ပါတယ်။
View this post on Instagram
View this post on Instagram
Penny