လူငယ်တက်ကြွလှုပ်ရှားသူတွေကို အရေးကြီးတဲ့ တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့တဲ့ Greta Thunberg

Instagram/GretaThunberg

သဘာဝပတ်ဝန်းကျင်အရေးမှာ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Greta Thunberg ကတော့ အင်္ဂလန်နိုင်ငံ၊ ဘရစ္စတိုးမြို့မှာ ပြုလုပ်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်လှုပ်ရှားမှု ဆန္ဒဖော်ထုတ်ပွဲကို သွားရောက်ပူးပေါင်းခဲ့ပြီး၊ မိန့်ခွန်းလည်း ပြောကြားခွင့် ရရှိခဲ့ပါတယ်။ အဆိုပါဆန္ဒပြပွဲအမည်ကတော့ Bristol Youth Strike 4 Climate ဖြစ်ပါတယ်။

Greta က သူမအနေနဲ့ ဒီဆန္ဒထုတ်ဖော်ပွဲကို ပူးပေါင်းဖို့ ရွေးချယ်ဖြစ်ခဲ့ခြင်းရဲ့ အဓိကအကြောင်းက ဒီမှာရှိတဲ့အစုအဖွဲ့တွေဟာ အလွန်အင်အားကောင်းပြီး၊ တက်တက်ကြွကြွရှိကြသလို၊ ယုံကြည်ချက်တွေကလည်း မယိမ်းယိုင်ကြလို့ဖြစ်ကြောင်း ဆိုပါတယ်။ ဒီပွဲမှာ လုံခြုံရေးယူခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်မှုမှာ လူပေါင်း (၂၀၀၀၀)လောက် ရှိတယ်လို့ ပြောပါတယ်။

 

 

View this post on Instagram

 

Incredible turnout today in Bristol!! Over 30 000! #climatestrike #fridaysforfuture #schoolstrike4climate @bristolys4c

A post shared by Greta Thunberg (@gretathunberg) on

ဒါပေမယ့် Bristol Youth Strike 4 Climate စီစဉ်သူတွေကတော့ လာရောက်စုဝေးသူ (၃၀၀၀၀)ထက် မနည်းရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီပွဲမှာလည်း Greta က ကမ္ဘာ့ခေါင်းဆောင်တွေဟာ ပတ်ဝန်းကျင်ပြောင်းလဲမှုဆိုင်ရာ အားနည်းချက်တွေကို ပြည်သူတွေမသိအောင် ဖုံးဖိထားတယ်လို့ ဆိုခဲ့ပြန်ပါတယ်။

သူမက မိန့်ခွန်းပြောကြားရာမှာ “ နိုင်ငံရေးသမားတွေက ဒီအရေးကြီးအချက်ကို ဖုံးအုပ်ထားပါတယ် … နောက်ပြီး မီဒီယာတွေ သြဇာတိက္ကမရှိသူတွေကလည်း သူတို့နဲ့ အလိုတူအလိုပါပဲ … ဆိုရရင် ကျွန်မတို့ ရွေးချယ်တင်မြှောက်လိုက်တဲ့ အရာရှိတွေဆီကနေ စကားလုံးလှလှလေးတွေပဲ ကြားရပြီး တကယ်တမ်းက ဘာမှ ဖြစ်မလာခဲ့ဘူး ”လို့ ပြောခဲ့ပါတယ်။

 

 

View this post on Instagram

 

‪Today I’m addressing the European Commission and the European Parliament in Brussels. #ClimateLaw #FridaysForFuture ‬

A post shared by Greta Thunberg (@gretathunberg) on

သူမက စကားကိုဆက်ပါတယ်။ “ ဒီလိုအရေးကြီးတဲ့အချိန်မှာ ရှင်တို့ ဘာလုပ်နေကြသလဲ … ကမ္ဘာကြီးက မီးလောင်နေချိန်မှာ ကျွန်မကတော့ ပါးစပ်ပိတ်မထားနိုင်ဘူး .. အသံတွေ တိတ်မထားနိုင်ဘူး … ”လို့ ဆက်ပြောပါတယ်။ သူမ စင်မြင့်ပေါ်ကို တက်လာတာနဲ့ ရွယ်တူကျောင်းသားတွေက သူမရဲ့အမည်ကို အော်ဟစ်ဂုဏ်ပြုခဲ့ကြပါတယ်။

Greta ကို လူငယ်စွမ်းဆောင်ပညာရှင် Mya-Rose Craig ကလည်း ဝန်းရံခဲ့ပါတယ်။ Rose ဟာ နှယ်နှယ်ရရမဟုတ်ပါဘူး။ သူမဟာ အသက်(၁၇)နှစ်အရွယ်မှာ ဘရစ္စတိုးတက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ရယူနိုင်ခဲ့သူဖြစ်ပြီး၊ ဒီဘွဲ့ကို ရယူနိုင်ခဲ့သူတွေထဲမှာ အငယ်ဆုံးအဖြစ် မှတ်တမ်းဝင်ထားသူပါ။

သူမက “ ကျွန်မတို့အနေနဲ့ သဘာဝပတ်ဝန်းကျင် လှုပ်ရှားမှုတိုက်ပွဲမှာ စနစ်တကျ တိုက်ပွဲဝင်နိုင်ဖို့ အဖွဲ့အစည်းအသီးသီးက ထိတွေ့ဆက်ဆံမှုတွေ ရှိနေရပါမယ် … ညီမျှမှုမရှိတဲ့ ကမ္ဘာကြီးဟာ ဘယ်တော့မှ ရေရှည်တည်တံ့ ခိုင်မြဲမှာ မဟုတ်ပါဘူး ” လို့ ပြောခဲ့ပါတယ်။ ဒီပွဲမှာ လူငယ်အများစု ပါဝင်ခဲ့ကြပြီး ခေါင်းစီးစာတန်တွေ၊ ပိုစတာတွေ၊ ဆိုင်းဘုတ်တွေ အမျိုးမျိုးကိုင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

လင်းသူရိန်

SHARE