ဒီကနေ့မှာတော့ Girl’s Generation အဖွဲ့ ပရိတ်သတ်တွေဆီကို ရောက်လာခဲ့တာ 13th anniversary တောင်ပြည့်ခဲ့ပါပြီနော်။ ဒီနေ့မှာတော့ သူတို့အားလုံးက ပျော်ရွှင်စွာ ပွဲလေး ကျင်းပခဲ့ကြပြီး အပြန်အလှန် ဂုဏ်ပြုစကားလေးတွေ ပြောခဲ့ကြတယ်ဆိုတဲ့အကြောင်းကို allkpop က ဖော်ပြထားပါတယ်။
ပွဲလေးကတော့ ပေါ့ပေါ့ပါးပါး လုပ်ဖြစ်ခဲ့တဲ့ ပွဲလေးဖြစ်ပြီးတော့ သူတို့ရဲ့ အဖွဲဝင် ရှစ်ယောက်လုံးက အရမ်းကို လှပနေခဲ့ကြပါတယ်။ အားလုံးက အမည်းရောင် dress လေးတွေ ကိုယ်စီဝတ်ပြီးတော့ ပွဲလေးကို သူတို့သီးသန့် နွေးနွေးထွေးထွေး ပုံစံလေး ကျင်းပခဲ့ကြတာပါ။
View this post on Instagram
170813 SNSD #Holiday #AllNight – SBS 인기가요 Inkigayo #snsd #girlsgeneration #GIRLS6ENERAT10N
နောက်ပြီးတော့ ဒီကနေ့ဟာ သူတို့ပွဲဦးထွက် 13 နှစ်ပြည့်ရုံမက သူတို့အဖွဲ့ဝင် Tiffany Young ရဲ့ မွေးနေ့လည်း ဖြစ်နေခဲ့ပါတယ်။ သူတို့ရဲ့ စည်းလုံးမှုတွေနဲ့ မပြောင်းလဲတဲ့ ခင်မင်မှုတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
နောက်ပြီး Girl’s Generation အဖွဲ့ဝင်တွေက မတွေ့ရတာကြာပြီဖြစ်တဲ့ သူတို့ရဲ့ ပရိသတ်တွေအတွက် video message လေးကိုလည်း ဖန်တီးခဲ့ပါတယ်။ ပရိတ်သတ်တွေဆီကို သူတို့ရဲ့ အချစ်တွေနဲ့ နှုတ်ဆက်ထားတဲ့ ဗီဒီယိုလေးကတော့ ပရိတ်သတ်တွေရဲ့ နှလုံးသားကို ခံစားမှု တစ်ခုခု ပေးစွမ်းနိုင်မှာပါ။
View this post on Instagram
170810 SNSD #AllNight – Mnet MCountdown backstage #snsd #girlsgeneration #GIRLS6ENERAT10N
အနုပညာခရီးလမ်းကို အတူတူ ဖြတ်သန်းခဲ့ကြတဲ့ သူတို့ရဲ့ သံယောဇာဉ်တွေနဲ့ ခင်မင်မှုတွေကတော့ လွယ်လွယ်ဖြတ်လို့ မရနိုင်တဲ့ အရာတွေပါ။ Girl’s Generation အဖွဲ့ကို ဟိုးအရင်ကနေ ခုချိန်ထိ အားပေးနေဆဲ ပရိတ်သတ်တွေကလည်း အခိုင်အမာ ရှိနေဆဲပါပဲနော်။
Khin