မီဂန်နဲ့အတူ ဘ၀သစ်စဖို့ နောက်ဆုံး ကနေဒါကို ရောက်လာခဲ့ပြီဖြစ်တဲ့ ဟယ်ရီ

Twitter/Andy Johnstone, YouTube/DailyMail

တော်ဝင်မိသားစုဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဟယ်ရီဟာ ဇန်န၀ါရီ (၂၀) ရက်နေ့ညတုန်းက ကနေဒါမှာ ကျန်ခဲ့တဲ့ ဇနီးသည်မီဂန်နဲ့ သားဖြစ်သူ အာချီတို့ဆီကို ပြန်လာခဲ့ပါတယ်။ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာတော့ ဟယ်ရီရဲ့ လေယာဉ်မဆိုက်ခင် မနက်ခင်းပိုင်းအချိန်မှာ ပြုံးပျော်နေတဲ့ မီဂန်ကို ခုလို တွေ့မြင်ခဲ့ရတာပါ။ မီဂန်ဟာ အာချီကိုလွယ်သိုင်းကာ ခွေးနှစ်ကောင်နဲ့အတူ လမ်းလျှောက်ထွက်နေခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ dailymail ကနေ ဖော်ပြပေးလိုက်တာပါ။

YouTube/DailyMail
YouTube/DailyMail

ဟယ်ရီနဲ့ မီဂန်တို့ဟာ တော်ဝင်မိသားစုဝင်တွေ မဟုတ်ကြတော့ပေမယ့် ဘုရင်မကြီးက သူတို့ကို ပေးအပ်ထားတဲ့ မြို့စားဘွဲ့တွေကတော့ မပြောင်းလဲပဲ ရှိနေမှာပါ။ ဆော့စ်ဆက်မြို့စားကတော် မီဂန်ဟာ Horth Hill Regional Park က တောအုပ်ကလေးထဲ လမ်းလျှောက်နေခဲ့တာပါ။ သူမရဲ့အနောက်မှာတော့ ကိုယ်ရံတော်အရာရှိနှစ်ယောက်ကိုလည်း တွေ့ရပါသေးတယ်။

READ
လက်ကောက်ဝတ်ကို ကြိုးအတူတကွချည်ပြီး မြစ်ထဲခုန်ချခဲ့တဲ့ ဇနီးမောင်နှံ

မီဂန်ဟာ တစ်ဖက်က လစ်ဘရစ်ဒေါ် ခွေးအမျိုးအစား အော့ဇ်နဲ့ ဘီဂယ်အမျိုးအစား ဂိုင်းတို့ကို ကြိုးထိန်းရင်း သူမရဲ့ (၈) လသားအရွယ် အာချီလေးကို ပခုံးသိုင်းကြိုးပါ အိတ်နဲ့ ထွေးပွေ့ထားတာ ဖြစ်ပါတယ်။ အမျိုးသားဖြစ်သူက လုပ်ဆောင်စရာရှိတဲ့ တော်ဝင်ကိစ္စအရပ်ရပ်ကို ဖြေရှင်းအပြီး သူမဆီ ပြန်အလာကို မီဂန်က စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။ သူမကိုကြည့်ရတာ လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်ကျေနပ်နေပုံလည်း ရပါသေးတယ်။

မီဂန်ကို ခုလို တွေ့မြင်ရအပြီးမှာတော့ ၄င်းနေ့ ညပိုင်းမှာပဲ ဟယ်ရီဟာ ဗန်ကူးမားကို လေယာဉ်ဆိုက်လာခဲ့ပါတယ်။ ဟယ်ရီဟာ မီဂန်နဲ့ အာချီကို ကနေဒါမှာ ခဏထားခဲ့ပြီး ဘက်ကင်ဟမ်နန်းတော်မှာ (၂) ပတ်ကြာ နေထိုင်ခဲ့ပါတယ်။ နန်းတော်မှာ သူရှင်းလင်းစရာရှိတဲ့ ကိစ္စတွေကို မြန်မြန်ဆန်ဆန် လုပ်ကိုင်ပြီး အစ်ကိုဖြစ်သူ ၀ီလျံရဲ့ပထမဆုံး Buckingham  Palace reception အခမ်းအနားကိုတောင် မတက်ရောက်တော့ပဲ မိသားစုဆီ ပြန်လာခဲ့တာပဲ ဖြစ်ပါတယ်။

READ
ရည်းစားဖြစ်သူရဲ့ အလောင်းကို တစ်နှစ်ကျော် ဖွက်ထားခဲ့တဲ့ အမျိုးသားကို ဖမ်းဆီးရမိ
Twitter/Andy Johnstone
Twitter/Andy Johnstone

လင်းလင်း (ShweMom)

SHARE