မိုင်ယာမီရဲ့ကိုကင်းနတ်ဘုရားမ Griselda Blanco ရဲ့ လူသိပ်မသိတဲ့အချက် ၆ ချက်

Rader

Griselda Blanco ဟာ ၁၉၄၃ ခုနှစ်မှာမွေးဖွားခဲ့ပြီး Medellin မှာ ကြီးပြင်းခဲ့တဲ့ ကိုလံဘီယာသူတစ်ဦးဖြစ်ပါတယ်။ ၁၉၇၀ ကုန်ခါနီးနဲ့ ၁၉၈၀ အစပိုင်းလောက်မှာ ဖြစ်ပွားခဲ့တဲ့ မိုင်ယာမီကိုကင်းတိုက်ပွဲမှာ သူမရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် နာမည်ရလာကာ နောက်ပိုင်းကိုကင်းအရောင်းအဝယ်လောကထဲမှာ နတ်ဘုရားမတစ်ဆူဖြစ်လာခဲ့ပါတယ်။ Cocaine Godmother ဆိုပြီး US တခွင်မှာ Griselda Blanco ကို မသိသူမရှိလောက်တဲ့အထိကို ကျော်ကြားခဲ့တာပါ။ ကိုယ်တိုင်တော့လူသတ်တာရှားပေမယ့် လက်အောက်ငယ်သားတွေကို လူသတ်ဖို့ခိုင်းစေတာတဲ့အမှုပေါင်း ရာနဲ့ချီလောက်မယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။ လူသတ်နည်းတစ်ခုကိုလည်း တီထွင်ခဲ့သူဖြစ်ပြီး မူးယစ်ဆေးဝါးတွေကို ကိုလမ်ဘီယာနဲ့ အမေရိကန်နှစ်နိုင်ငံကြား သယ်ယူပို့ဆောင်းရေးလုပ်တဲ့နေရာမှာလည်း နယ်စပ်စစ်ဆေးရေးကို လွတ်ကင်းဖို့အတွက် နည်းလမ်းသစ်တွေ တီထွင်ခဲ့တာပါ။

Rader

Griselda Blanco ဟာ သူမကြီးပြင်းရာ Medellin မှာပဲ အခြေစိုက်ကာ ဒုစရိုက်မှုပေါင်းစုံကို ကျူးလွန်းခဲ့ပေမယ့် ၁၉၈၅ ခုနှစ်မှာတော့ အဖမ်းခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက သူမရဲ့တစ်လဝင်ငွေဟာ ၈၀ မီလီယံဒေါ်လာလောက်ကို ဝင်နေခဲ့ပါပြီ။ အဖမ်းဆီးခံရပြီးနောက် အမေရိကန်ဘက်ကထောင်မှာ ၁၉ နှစ်ကြာ ထောင်နန်းစံခဲ့ရပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ ထောင်ကလွတ်လာခဲ့ပြီး ကိုလံဘီယာကို ပြန်သွားကာ ၂၀၁၂ ခုနှစ်မှာတော့ Medellin မှာပဲ ပြန်အသတ်ခံခဲ့ရတာပါ။

ဒုစရိုက်ခေါင်းဆောင်ဖြစ်တာနဲ့အညီ Griselda Blanco ဟာ သူမရဲ့ပုဂ္ဂိုလ်ရေးအချက်အလက်တွေကိုတော့ မြင်သာအောင်ချပြလေ့မရှိခဲ့ပါဘူး။ သူမနဲ့အနီးကပ်နေခဲ့သူတွေတောင် Griselda Blanco ရဲ့နောက်ကြောင်းတွေကို ရောခပ်သိမ်းသိခဲ့လူမရှိသလောက်ပါပဲ။ Griselda Blanco အသတ်ခံရပြီးကာမှ အတိတ်တုန်းကဘာတွေလုပ်ခဲ့တယ်၊ ဘယ်လိုတွေဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေပေါ်လာခဲ့ပါတယ်။ အမျိုးသမီးဒုစရိုက်သမားဖြစ်ပြီး ရာနဲ့ချီတဲ့အမျိုးသားတွေကိုက ပိရိစွာအုပ်ချုပ်နိုင်ခဲ့တဲ့ Griselda Blanco ရဲ့ လူသိပ်မသိကြသေးတဲ့ အကြောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) မိုင်ယာမီကိုကင်းစစ်ပွဲကိုကြိုးကိုင်ဟန်ရှိခဲ့တဲ့ Griselda Blanco

ဒီနေ့အချိန်မှာတော့ မိုင်ယာမီဆိုတာ ကမ္ဘာ့ခရီးသွားအလည်ပတ်မှုအများဆုံးနဲ့ အထင်ရှားဆုံးကမ်းခြေတွေထဲက တစ်ခုအဖြစ် ကျော်ကြားနေပေမယ့်လည်း ၁၉၇၀ နဲ့ ၁၉၈၀ အတွင်းတွေမှာတော့ ခရီးသွားတွေလာဖို့နေနေသာသာဒေသခံတွေတောင်မှ ဒုစရိုက်လောကရဲ့အချင်းချင်းပစ်ခတ်ကြတဲ့ စစ်ပွဲတွေကြား မနည်းအသက်လုနေရတဲ့အချိန်ပါ။ မိုင်ယာမီထဲ မူးယစ်ဆေးဝါးတွေ အုံလိုက်ကျင်းလိုက်သယ်လာပြီး ကိုကင်းမြို့ကြီးဖြစ်အောင် လုပ်ခဲ့သူမှာလည်း Griselda Blanco လို့ယူဆသလို ဖြစ်ပွားခဲ့တဲ့ ဂိုဏ်းအချင်းချင်းပစစ်ခတ်မှုတွေဟာလည်း သူမရဲ့စနက်လို့ အာဏာပိုင်တွေကတော့ ယူဆခဲ့ကြပါတယ်။

READ
အားကစားသမားကောင်းတို့ရဲ့ စိတ်ဓာတ်ကိုမြင်ရတဲ့ ဆီးဂိမ်းပြိုင်ပွဲထဲက ဖြစ်ရပ်တစ်ခု
Photo: wordpress.com

(၂) လူသတ်မှုပေါင်းရာချီရဲ့အဓိကတရားခံ

အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ Griselda Blanco လူဘယ်နယောက်သတ်ခဲ့တယ်ဆိုတာ ဘယ်သူမှတိတိကျကျမသိခဲ့ပါဘူး။ လူသတ်မှုပေါင်း ၄၀ ကနေ ၂၀၀ အတွင်းရှိလောက်မယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။ Griselda Blanco ဟာ လုပ်ငန်းအရ လူသတ်တာတွေရှိသလို ပုဂ္ဂိုလ်ရေးအရ သူမကြည့်မရတဲ့လူတွေရဲ့အသက်ကိုလည်း နှုတ်တတ်တယ်လို့ နာမည်ကြီးခဲ့ပါတယ်။ သို့ပေမယ့် လူသတ်မှုတွေကို သူမကိုယ်တိုင်ကျူးလွန်တာမျိုးမဟုတ်ဘဲ လက်အောက်ငယ်သားတွေကို တာဝန်ပေးခဲ့တာကြောင့် တရားစီစစ်တဲ့အခါ လူသတ်မှု ၃ မှုကိုသာ သက်သေနဲ့တကွစွဲချက်တင်နိုင်ခဲ့ပါတယ်။

Photo: Pinterest

(၃) ၁၁ နှစ်သမီးကတည်းက ဇ ရှိခဲ့တဲ့သူမ

Griselda Blanco ဟာ ဒုစရိုက်မှုတွေကို အသက် ၁၁ နှစ်သာသာလောက်ကတည်းကစပြီး ကျူးလွန်ခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ ပထမဆုံးလို့တော့ တိတိကျကျမဆိုနိုင်ပေမယ့် အစောပိုင်းဒုစရိုက်မှုကိုတော့ လူချမ်းသာမိသားစုတစ်စုက ကောင်လေးတစ်ယောက်ကို ပြန်ပေးဆွဲခဲ့တာပါ။ ချမ်းသာတဲ့မိသားစုက မိသားစုဝင်တစ်ယောက်ကို ပြန်ပေးဆွဲပြီး ငွေညှစ်ရင် အလုပ်ဖြစ်တယ်ဆိုတာ သိထားတဲ့အတွက် သူမထက်ငယ်ပြီး အကောင်သေးတဲ့ကောင်လေးတစ်ယောက်ကို ခေါ်ကာ မိဘတွေဆီကို ဖုန်းဆက်ပြီး ပိုက်ဆံတောင်းခဲ့ပါတယ်။ ၁၁ နှစ်သမီးလေးတစ်ယောက်က ပြန်ပေးဆွဲထားတယ်ဆိုတော့ မိဘတွေက အထင်သေးတာ တောင်းတဲ့ပိုက်ဆံကိုမပေးဘဲ ရဲတွေလက်ထဲကိုသာ အမှုအပ်ထားခဲ့တဲ့အတွက် Griselda Blanco တစ်ယောက်ဒေါသထွက်ကာ ကောင်လေးရဲ့ခေါင်းကိုသေနတ်နဲ့ပစ်သတ်ကာ ကာကယံရှင်ရဲ့အိမ်ရှေ့လမ်းမပေါ်မှာ သွားပစ်ထားခဲ့ပါတယ်။


Photo: griseldablanco.info

(၄) ကမ္ဘာကျော်လူသတ်နည်းတစ်ခုကို တည်ထွင်ခဲ့တဲ့ Griselda Blanco

Motorcycle assassin ဆိုတဲ့ လူသတ်နည်းကို ထွင်ခဲ့ပါတယ်။ ဒီလူသတ်နည်းကို ရုပ်ရှင်တွေတော်တော်များများထဲ မြင်ဖူးနေကျဖြစ်လို့ သိပ်စိမ်းမယ်မထင်ပါဘူး။ လူနှစ်ယောက်၊ ဆိုင်ကယ်တစ်စီးတည်းစီးပြီး အရှေ့ကလူကမောင်း၊ အနောက်ကလူက အသံတိတ်သေနတ်နဲ့ ပစ်မှတ်ကိုမသိမသာပစ်သွားတဲ့သတ်နည်းမျိုးပါ။ ဒီနည်းအတိုင်း လူအများကြီးကို သတ်ခဲ့ပေမယ့် ၂၀၁၂ ခုနစ် လုပ်ကြံအသတ်ခံခဲ့ရတုန်းက သူမထွင်ခဲ့တဲ့ နည်းလမ်းအတိုင်း ပြန်အသတ်ခံခဲ့ရပါတယ်။

(၅) လက်တွဲဖော်သုံးဦးကို သုတ်သင်ခဲ့ခြင်းပြစ်မှု

Griselda Blanco ဟာ အသက် ၁၃ နှစ်မှာ Cartos Trujillo ဆိုသူနဲ့ သူမအသက် ၁၃ နှစ်မှာ စတင်သိကျွမ်းခဲ့ပါတယ်။ ငယ်ကတည်းက ဇ မသေးတဲ့သူဖြစ်တာကြောင့် နှစ်ယောက်ပေါင်းပြီး အမေရိကထဲသို့ တရားမဝင်နေထိုင်ချင်သူများအတွက် စာရွက်စာတမ်းအတုတွေ၊ လမ်းကြောင်းတွေစီစဉ်ပေးခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲလက်ထပ်ခဲ့ပြီး Dixon, Uber နဲ့ Osvaldo ဆိုတဲ့ ကလေးသုံးယောက်ကို မွေးခဲ့ပါတယ်။ သို့ပေမယ့် ၁၉၆၀ နောက်ပိုင်းတစ်နှစ်မှာ ကွာရှင်းခဲ့ပြီး ၁၉၇၀ မှာတော့ လုပ်ငန်းတစ်ခုလုပ်ရင်း ငြိစွန်းကာ ရက်ရက်စက်စက်သတ်ပစ်ခဲ့ပါတယ်။

READ
ဒုတိယကမ္ဘာစစ်အတွင်း Bulge တိုက်ပွဲမှ အရောင်သွင်းပြီးမှတ်တမ်းဓာတ်ပုံများ
Crypto Coin Discovery

ဒုတိယအိမ်ထောင်ကတော့ Aberto Bravo ဆိုသူအမျိုးသားပါ။ ကိုလံဘီယာထဲ ကိုကင်းတင်သွင်းတဲ့လုပ်ငန်းကကို ပူးပေါင်းလုပ်ကိုင်ခဲ့ကြပေမယ့် ကြာကြာမပေါင်းသင်းခဲ့ရပါဘူး။ လုပ်ငန်းအတူတူလုပ်နေတဲ့အတွက် ပိုက်ဆံကိုလည်း ညီတူမျှတူနဲ့ နှစ်ယောက်သားခွဲယူခဲ့ကြတာပါ။ သို့သော်လည်း ဘုံထားထားတဲ့ငွေကြေးတချို့ဟာ Griselda Blanco မသိဘဲ လျော့နေခဲ့တာကြောင့် ခင်ပွန်းဖြစ်သူကိုမေးမြန်းရာ စကားများရန်ဖြစ်ပြီး ပစ္စတိုထုတ်ကာ ကိုယ်တိုင်ပစ်ခဲ့ပါတယ်။ သက်တော်စောင့်တွေပါ,ပါလာခဲ့ပြီး Bogota နိုက်ကလပ်ကားပါကင်မှာ အပြန်အလှန်ပစ်ခတ်ရင်း ဒုတိယခင်ပွန်းအပါအဝင် အဲဒီဘက်ကသက်တော်စောင့်တွေပါ သေဆုံးခဲ့ပါတယ်။ တတိယမြောက်ခင်ပွန်း Dario Sepulveda နဲ့ကတော့ Griselda Blanco နဲ့ အဆင်မပြေတဲ့အတွက် ကွာရှင်းရင်း တစ်ဦးတည်သောသားလေးဖြစ်တဲ့ Micheal Corleone Blanco ရဲ့ အုပ်ထိန်းမှုအအတွက် တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ပါတယ်။ သို့ပေမယ့် Griselda Blanco ဟာ အုပ်ထိန်းခွင့်ကို Dario ဆီကို အသာတကြည်လွှဲပြောင်းပေးခဲ့ပြီး လူငှားပြီး သတ်ခိုင်းကာ သားဖြစ်သူကိုတော့ သူ့ဆီကို ပြန်ခေါ်လာခိုင်းခဲ့ပါတယ်။

Photo: The Daily Banter

(၆) မူးယစ်ဆေးသယ်တဲ့ အမျိုးသမီးအတွင်းခံတွေကို ဆိုင်ဖွင့်ရောင်းခဲ့သူ

Medellin ကနေ ဖလော်ရီဒါရဲ့မိုင်ယာမီကို ၁၉၇၀ နောက်ပိုင်းမှာ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကျမှ ကိုကင်းနယ်ပယ်မှာ နတ်ဘုရားမတစ်ဆူဖြစ်လာခဲ့တာပါ။ ဒုစရိုက်မှုတွေကို cover ယူတဲ့အနေနဲ့ မိုင်ယာမီမြို့လယ်ခေါင်မှာ အမျိုးသမီးဝတ်အတွင်းခံရောင်းဆိုင်ကို ကိုယ်တိုင်ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ သို့သော် သူမဆိုင်ကအတွင်းခံဘောင်းဘီတွေထဲ နယ်စပ်ကိုလွတ်ကင်းစွာ ဖြတ်ပြီး မူးယစ်ဆေးသယ်ယူပေးနိုင်တဲ့ အထူးအတွင်းခံတွေကိုပါ ရောင်းချခဲ့တာပါ။

Photo: Flashback Miami

Source: Ranker , Wikipedia

Penny

SHARE