မင်္ဂလာပွဲမှာနောက်ထပ်သတို့သမီးတစ်ယောက် ပေါ်လာလို့ အရှက်ကွဲခဲ့ရတဲ့ဖြစ်ရပ်

ရည်းစားဟောင်းကို ပြန်ုလာဖို့အတွက် အမျိုးမျိုးကြိုးစားလို့ရတဲ့ အခွင့်အရေးအပြည့်အဝရှိတယ်ဆိုပေမယ့် အဲဒီရည်းစားဟောင်းက တရားဝင်ဇနီး၊ခင်ပွန်းရှိသွားပြီဆိုရင်တော့ ချစ်နေလည်း အချစ်တွေကို သော့ခတ်ပြီး တိတ်တိတ်လေးသာဆက်ချစ်နေရမှာ လူ့ကျင့်ဝတ်တစ်ခုပါပဲ။

ဒရာမာကားတွေထဲ မင်းသားနဲ့မင်းသမီးတို့ မင်္ဂလာဆောင်ကာနီး ဗီလိန်တစ်ယောက်ယောက်က မင်္ဂလာပွဲလာဖြတ်တာတို့၊ ပွဲမဖြစ်အောင် နှောက်ယှက်တာတို့၊ ပြန်လာပါဆိုပြီး တောင်းပန်တာတို့ကို ကြည့်ဖူးကြမှာပါ။ ဒီလိုအဖြစ်အပျက်မျိုးတွေဟာ ယုတ္တိမရှိလွန်းလို့ ရုပ်ရှင်တွေထဲမှာပဲ ရှိမယ်လို့ ထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ မင်္ဂလာပွဲမှာ ရည်းစားဟောင်းကြောင့် ပွဲလာပရိတ်သတ်တွေကြားထဲ မျက်နှာမပြဝံ့လောက်အောင် အရှက်ကွဲခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု မကြာသေးခင်ကဖြစ်ခဲ့ပါတယ်။

လူမှန်ရင်အချစ်နဲ့မကင်းသလို တွဲကြည့်ကာမှ အဆင်မပြေဖြစ်ပြီး ပြတ်သွားခဲ့တဲ့ ရည်းစားတွေလည်း အနည်းနဲ့အများရှိမှာပါပဲ။ ဒီသတို့သားကတော့ အရင်ရည်းစားဖြစ်တဲ့ အမျိုးသမီး အမူအကျင့်တွေမတူဘဲ ဘယ်လိုမှ ငြှိလို့မရတော့တဲ့အတွက် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြတာပါ။ ရှင်းရှင်းလင်းလင်းဖြစ်ပြီးကာမှ သူ့ရဲ့သတို့သမီးနဲ့တွေ့ကာ ချစ်ခင်စုံမက်ပြီး ဘဝရဲ့အခက်အခဲတွေကို ရွှေလက်တွဲကာအတူရင်ဆိုင်ဖို့အတွက် မင်္ဂလာဆောင်ခဲ့ကြပါတယ်။

Sina

ဒါပေမဲ့ မင်္ဂလာပွဲမှာတော့ အမျိုးသမီးတစ်ယောက်ဟာ သတို့သမီးလည်းမဟုတ်ဘဲ အဖြူရောင်သတို့သမီးဝတ်စုံဝတ်ကာ ကောင်းချီးသြဘာပေးနေတဲ့ စင်ပေါ်ကို တက်လာခဲ့ပါတယ်။ ပါးစပ်မှလည်း “ကျွန်မမှားသွားပါတယ်” လို့ အထပ်ထပ်အခါခါ ပြောကာ သတို့သားကို လှမ်းဆွဲခဲ့ပါတယ်။ ရည်းစားဟောင်းကို မင်္ဂလာဝတ်စုံဝတ်ပြီး သူ့ရဲ့လက်ထပ်ပွဲမှာမြင်လိုက်ရတဲ့အတွက် သတို့သားကတော့ တော်တော်လေး တုန်လှုပ်သွားမှာပါပဲ။ တစ်ဖက်က သတို့သမီးအစစ်ကတော့ တအံ့တသြဖြစ်ကာ ဒေါသတွေထွက်နေတာကြောင့် ဘာမှမပြောဘဲ စိုက်သာကြည့်နေခဲ့ပါတယ်။

READ
ခြေထောက်ကို သံကြိုးနဲ့ချည်ပြီး၊ ဒဏ်ရာတွေပရဗွနဲ့ နှိပ်စက်ခံထားရတဲ့ ကလေး
Sina

ရည်းစားဟောင်းဆိုသူအမျိုးသမီးက သတို့သားရဲ့လက်ကိုမလွှတ်ဘဲ ဆွဲထားစဉ် သတို့သားကတော့ သူ့ရဲ့သတို့သမီးရဲ့လက်ကို ကျန်တစ်ဖက်မှဆွဲကာ ခေါင်းကိုအသာပွတ်ပြီး ချော့နေခဲ့ပါတယ်။ သို့ပေမယ့်လည်း အခြေအနေတွေတင်းမာလာပြီး ရည်းစားဟောင်းအမျိုးသမီးက သက်သက်လာကာ အရှက်ခွဲနေသလိုဖြစ်တဲ့အတွက် ပွဲရဲ့အဓိကခေါင်းဆောင်မင်းသမီးလေးဟာ ဘာစကားတစ်ခွန်းမှမပြောဘဲ သတို့သားရဲ့လက်ကို ဖြုတ်ကာ ပွဲကနေထွက်သွားခဲ့ပါတယ်။

Sina
Sina

ဒီ စက္ကန့် ၃၀ သာကြာမြင့်တဲ့ မင်္ဂလာပွဲဗီဒီယိုဟာ တရုတ်ကလူမှုကွန်ယက်တွေမှာ အရမ်းကိုခေတ်စားနေခဲ့ကာ ဝေဖန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။ တချို့ကတော့ ရည်းစားဟောင်းဟာ ပွဲကိုသက်သက်လာဖျက်တာဖြစ်တယ်လို့ ဝေဖန်ထားပြီး တချို့ကျတော့လည်း သတို့သားက မပြတ်မသားလုပ်တယ်လို့ ထင်ကြေးပေးနေခဲ့ပါတယ်။ သို့ပေမယ့် ကာယကံရှင်သတို့သမီးလေးကတော့ သူမဘဝရဲ့အပျော်ရွှင်ဆုံးနဲ့ ပျော်ရွှင်မှုအမှတ်တရတွေပဲ ရသွားရမယ့်မင်္ဂလာပွဲနေ့ကြီးမှာ ခင်ပွန်းလောင်းရဲ့ရည်းစားဟောင်းကြောင့် အသိုင်းအဝိုင်းကြားထဲ အရှက်ကွဲခဲ့ရတဲ့အပြင် တော်တော်လေးကို ခံပြင်းသွားရှာမှာပါ။

Sina

Source: Daily Mail

Penny

SHARE