လူတိုင်းအတွက် လက်ထပ်ပွဲဆိုတာ အရေးကြီးတဲ့ အခမ်းအနားပွဲတစ်ခုဖြစ်သလို နှစ်ဖက်မိဘအသိုင်းအဝိုင်းအတွက် မင်္ဂလာရှိတဲ့ နေ့တစ်နေ့ဆိုလည်း မမှားပါဘူး။ အဲဒီလိုနေ့မျိုးဟာ ကိုယ်ချစ်တဲ့ လူတစ်ယောက်နဲ့ တစ်သက်လုံးပေါင်းဖက်ရတာကြောင့် ဘယ်သူမဆို ပျော်ရွှင်နေမှာ အမှန်ပါပဲ။ ဒါပေမယ့် အဲဒီလိုနေ့မျိုးမှာ ကိုယ်လက်ထပ်မယ့် သတို့သမီးက မတော်တဆမှုတစ်ခု ဖြစ်သွားရင်တော့ တော်တော်လေးကို ဝမ်းနည်းဖို့ကောင်းတဲ့ နေ့တစ်နေ့ဖြစ်သွားမှာ အမှန်ပါပဲ။ ဒီလိုမျိုးအဖြစ်အပျက်မျိုးကို ရင်ဆိုင်ကြုံတွေခဲ့တဲ့လူကတော့ အိန္ဒိယနိုင်ငံမှ အမျိုးသားတစ်ယောက်ဖြစ်ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ အဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ဟာ အိန္ဒိယနိုင်ငံ၊ Prayagraj မြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေ့မှာ Aarti လို့ အမည်ရတဲ့ သတို့သမီးနဲ့ Awdhesh လို့ အမည်ရတဲ့ သတို့သားတစ်ယောက်တို့ရဲ့ မင်္ဂလာပွဲအခမ်းအနား ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနေ့ဟာ နှစ်ယောက်စလုံးအတွက် ပျော်ရွှင်ရတဲ့ နေ့တစ်နေ့ ဖြစ်သလို တော်တော်လေးကို ဝမ်းနည်းဖို့ကောင်းတဲ့ နေ့လေးတစ်နေ့ဆိုလည်း မမှားပါဘူး။ အကြောင်းကတော့ လက်ထပ်မယ့်နေ့မှာ သတို့သမီးဖြစ်သူ Aarti ဟာ အိမ်ခေါင်မိုးပေါ်ကနေ ခြေချော်ပြီး မြေကြီးပေါ်ကို ပြုတ်ကျခဲ့လို့ပဲ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ Aarti ကို ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ရပြီး မင်္ဂလာပွဲ ပျက်သွားခဲ့ရပါတယ်။ Aarti ဟာ အဆိုပါအဖြစ်အပျက်ကြောင့် ကျောရိုးမကြီး ထိခိုက်ခဲ့သလို ခြေထောက်နှစ်ဖက်ဟာလည်း လုံးဝကို လှုပ်လို့မရခဲ့တော့ပါဘူး။ အဲဒီလို အချိန်မျိုးမှာဆိုရင် သာမန်ယောကျာ်းလေးတစ်ယောက်ဆိုရင်တော့ လက်ထပ်ပွဲကို နောက်ဆုတ်တာမျိုး လုပ်လောက်မှာပါ။ ဒါပေမယ့် သတို့သားဖြစ်သူ Awdhesh ဟာ ဆေးရုံက ဆရာဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေကို ခွင့်တောင်းပြီး ဆေးရုံမှာပဲ သတို့သမီးဖြစ်သူ Aarti ကို လက်ထပ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပြီး လူတိုင်းက Awdhesh ရဲ့ လုပ်ရပ်နဲ့ တာဝန်ယူမှုကို ချီးကျူးခဲ့ပါတယ်။
Prayagraj: Couple tied knot hours after bride injured her back in an accident rendering herself bedridden.
Awdhesh, the groom says, “Whatever happened was destiny.”
Aarti says, “I was apprehensive but my husband told me he’ll be there for me even if I don’t recover.” (17.12.20) pic.twitter.com/cRAhBOSZnW
— ANI UP (@ANINewsUP) December 17, 2020
That’s so humane of him. Rare quality to see. Hats off to his parents for instilling such values
— LG23India (@LG23India) December 17, 2020
Pyi Hein Kyaw