လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခြင်းကိုကာကွယ်ပေးမယ့်ပစ္စည်းလေး တစ်နာရီအတွင်းရောင်းကုန်သွား

shachihata

ဒီကနေ့ခေတ်မှာ မိန်းကလေးတော်တော်များများဟာ လိင်ပိုင်းဆိုင်ရာနှောင်ယှက်မှုတွေကို အများဆုံးရင်ဆိုင်နေရ ပါတယ်။ဒီပြဿနာကို ဖြေရှင်းဖို့အမျိုးမျိုးကြိုးစားနေတဲ့အချိန်မှာ ဂျပန်နိုင်ငံက မိန်းကလေးတွေ လိင်ပိုင်းဆိုင်ရာ နှောင်ယှက်ခံရချိန် ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်တဲ့ပစ္စည်းလေးတစ်ခုကိုထုတ်လုပ်မိတ်ဆက်ခဲ့ပါတယ်လို့ nextshark ရဲ့ဖော်ပြမှုအရ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က ဂျပန်နိုင်ငံမှာ မိန်းကလေးတွေ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရမယ်ဆိုရင် ပြန်လည်ကာကွယ်ဖို့ အတွက် ပစ္စည်းတစ်ခုကိုထုတ်လုပ်ခဲ့ပါတယ်။ဒီပစ္စည်းကိုဂျပန်နိုင်ငံ Nagoya မြို့မှာ Shachihata အမည်ရှိတဲ့စာရေး ကိရိယာအခြေစိုက်ကုမ္ပဏီတစ်ခုက စိတ်အနှောင့်အယှက် ဖြစ်စရာတွေကိုကာကွယ်တားဆီးပေးမယ့်ပစ္စည်းလို့ နာမည်ပေးထားတဲ့ ပစ္စည်းလေးတစ်ခုကိုထုတ်လုပ်ခဲ့တာပါ။ ဒီပစ္စည်းကို သြဂုတ်လ(၂၇) ရက်နေ့က အရေအတွက် (၅၀၀)စတင်ရောင်းချရာ တစ်နာရီအတွင်းရောင်းကုန်သွားခဲ့ပါတယ်။

shachihata

ဒီလိင်ပိုင်းဆိုင်ရာနှောင့်ယှက်နေတဲ့ပြဿနာဟာ ဂျပန်နိုင်ငံမှာ ဖြစ်ပွားနေတာ အတော်ကိုကြာနေပြီဖြစ်ပါတယ်။ လူစည်ကားတဲ့နေရာတွေမှာပါမရှောင်ပဲ ဒီပြဿနာတွေဟာ ခနခနဖြစ်ပွားနေပါတယ်။

မိန်းကလေးတွေလိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရတာကတော့ မနက်(၇)နာရီကနေမနက်(၉)နာရီကြား ကား၊ရထားတွေနဲ့အလုပ်သွားချိန်မှာအများဆုံးအနှောင့်ယှက်ခံရတာပါ။ဂျပန်နိုင်ငံရဲ့(၃၀)ရာခိုင်နှုန်းလောက်ဟာ ဒီပြဿနာတွေဖြစ်ပွားနေပြီး (၂၀၁၇)ခုနှစ်တုန်းကကောက်ယူခဲ့တဲ့စစ်တမ်းအရ မိန်းကလေးတွေကိုလိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တဲ့အမှုပေါင်း(၁၇၅၀)ရှိတယ်လို့ တိုကျိုမြို့တော်ရဲတပ်ဖွဲ့ဌာနကထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

shachihata

ဒီပြဿနာတွေကိုအဆင်ပြေသွားအောင် အထူးထုတ်လုပ်ထားတဲ့ ဒီပစ္စည်းလေးရဲ့အဖုံးဖွင့်လိုက်မယ်ဆိုရင် ထွင်းဖောက်မြင်နိုင်မယ့် Stop တံဆိပ်ပါဆလိုက်ပုံလေးထွက်လာမှာဖြစ်ပါတယ်။တကယ်လို့ လိင်ပိုင်းဆိုင်ရာ လာစော်ကားတဲ့သူတစ်ဦးကို ဒီပစ္စည်းလေးကိုဖွင့်ပြီးအသုံးပြုလိုက်မယ်ဆိုရင် အဲ့ဒီလူဆီမှာ Stop တံဆိပ်ပါ ဆလိုက်ပုံလေးအမှတ်အသားအဖြစ်ထင်ကျန်နေမှာဖြစ်ပါတယ်။ဒီအမှတ်အသားလေးကို ခရမ်းလွန်ရောင်ခြည်ရှိတဲ့ အလင်းအောက်မှာဆိုရင် ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် ဒီပစ္စည်းလေးကို ညအမှောင်ထဲမှာဆိုရင်လည်း ဓာတ်မီးအဖြစ်အသုံးပြုနိုင်ပါတယ်။ဒီပစ္စည်းလေးဟာ သေးငယ်တဲ့အ၀ါရောင်ဘူးလေးတစ်ဘူးဖြစ်ပြီး အိတ်ထဲတွေမှာအလွယ်တကူသယ်သွားလို့ရတဲ့ ပစ္စည်းတစ်မျိုးလည်းဖြစ်ပါတယ်။

READ
မီဂန်မာကယ် ကလေးမီးဖွားပြီးပြီဖြစ်ကြောင်း ပရိသတ်တွေ သုံးသပ်နေကြ
shachihata

အရည်အသွေးကောင်းပြီး အမျိုးသမီးတိုင်းအသုံးဝင်မယ့် ပစ္စည်းလေးတစ်ခုကို တီထွင်နိုင်ခဲ့ပြီလို့ Shachihata ကုမ္ပဏီက Japan Today သတင်းစာကိုပြောကြားခဲ့ပါတယ်။

ဒီပစ္စည်းကိုဝယ်မယ်ဆိုရင် တစ်ခုကိုအမေရိကန်ဒေါ်လာ(၂၅)ဒေါ်လာသာပေးရမှာ ပြီးခဲ့တဲ့အပတ်က စတင်ရောင်းချခဲ့ပြီးဖြစ်တယ်လို့ ကုမ္ပဏီကပြောပါတယ်။ နောက်ထပ်တစ်ခါထုတ်လုပ်ရောင်းချမယ့်အချိန်ကိုတော့ အသိပေးပြောကြားခြင်းမရှိသေးဘူးလို့ ကုမ္ပဏီကဆက်လက်ပြောကြားခဲ့ပါတယ်။

Thae

SHARE