သင် ဘာကြောင့် မကြာခဏ လက်ဆေးသင့်ရတာလဲ….

စာဖတ်သူဟာ လက်ခဏခဏဆေးတတ်တဲ့ အကျင့်ရှိပါရဲ့လား။ တကယ်လို့ တော်တန်ရုံ လက်ဆေးလေ့ ဆေးထမရှိတဲ့သူဆိုရင်တော့ အခုဖော်ပြပေးသွားမယ့် အချက်လေးတွေကို ဖတ်ပြီးရင် လက်ဆေးဖို့ သတိရလာမှာပါ။ လူတွေနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ပိုးမွားတွေအများကြီး ရှိပါတယ်။ သယ်ယူပို့ဆောင်ရေး ယာဉ်တွေထဲမှာ၊ စားပွဲခုံတွေမှာ၊ စမတ်ဖုန်းတွေမှာ ပိုးမွှားတွေ ကပ်ညှိနေနိုင်ပါတယ်။

တကယ်လို့သာ အိမ်သာသွားပြီးတဲ့အခါတိုင်း၊ သားစိမ်းငါးစိမ်းကိုင်တွယ်ပြီးတဲ့အခါတိုင်း၊ အညစ်အကြေးတွေပေကျံနေတဲ့ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတဲ့အခါတိုင်း လက်မဆေးဘူး ဆိုရင်တော့ အန္တရာယ်ရှိတဲ့ ပိုးမွှားတွေဖြစ်တဲ့ SalmonellaE.colo နဲ့ norovirus တွေဟာ ခန္ဓာကိုယ်ထဲကို ၀င်ရောက်ကူးစက်နိုင်မှာပဲ ဖြစ်ပါတယ်။

pexels

ကျောင်းသားဘ၀တုန်းကတော့ ကျောင်းမှာ လက်ကို စင်ကြယ်အောင် ဆေးကြောဖို့ သင်ကြားပေးခံရပေမယ့်လည်း လက်ဆေးတာကို များစွာအရေးပါတယ်လို့ လူတွေက မသတ်မှတ်ကြပါဘူး။ လူတွေဟာ မျက်နှာကို တစ်နေ့မှာ အကြိမ်ရေများစွာ ကိုင်တွယ်လေ့ရှိတာကြောင့် လက်မှာရှိတဲ့ပိုးမွှားတွေဟာ ဘာလိုပဲဖြစ်ဖြစ် လူ့ခန္ဓာကိုယ်ထဲကို ၀င်ရောက်နိုင်နေပြီ ဖြစ်ပါတယ်။

လူနဲ့ တိရစ္ဆာန်တွေရဲ့ အညစ်အကြေးတွေထဲမှာ ၀မ်းပျက်ဝမ်းလျှောကို ဖြစ်ပေါ်စေတဲ့ ပိုးမွှားတွေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကိုပြန့်ပွားစေတဲ့ ပိုးမွှားတွေ ပါဝင်ပါတယ်။ ဒီလိုပိုးမွှားတွေဟာ အိမ်သာတက်ပြီးတဲ့အခါ၊ ကလေးအနှီးလဲပေးပြီးတဲ့အခါ၊ သားစိမ်းငါးစိမ်းတွေကို ထိတွေ့ပြီးတဲ့အခါ၊ တိရစ္ဆာန်အညစ်အကြေးတွေနဲ့ ထိတွေ့ပြီးတဲ့အခါ တွေမှာ လူတွေရဲ့ လက်ထဲ ကပ်ကျန်ရစ်ခဲ့ပါတယ်။ ဒါ့အပြင် ၄င်းပိုးမွှားတွေကပ်ငြိနေတဲ့ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်မိပြီးနောက်ပိုင်းမှာလည်း ဘက်တီးရီးယားတွေဟာ လက်ပေါ်မှာ စွဲကပ်နေထိုင်နိုင်ပါသေးတယ်။

pexels

တံခါးလက်ကိုင်တွေ

ဗိုင်းရပ်စ်တွေဟာ တံခါးလက်ကိုင်တွေပေါ်မှာ အကြာကြီး မှီခိုမနေနိုင်ကြပေမယ့် ဘက်တီးရီးယားတွေကတော့ အချိန်အကြာကြီးနေနိုင်ပါတယ်။BBC Science Focus အရတော့ Salmonella ဟာ အရာဝတ္ထုတွေရဲ့ မျက်နှာပြင်ပေါ်မှာ () နာရီကြာအောင် နေနိုင်ပါတယ်။ အတွေ့ရများပြီး ခန္ဓာကိုယ်တွင်းက ပဋိဇီဝပစ္စည်းတွေကို တိုက်ခိုက်တဲ့ MRSA ဘက်တီးရီးယားကတော့ အူသိမ်အူမထဲရောက်သွားရင် () လထိအောင် အသက်ရှင်နေနိုင်ပါတယ်။

မီးဖိုချောင်ဘေစင်ထဲက ရေမြှုပ်

မီးဖိုချောင်ထဲက ပန်းကန်ဆေးတဲ့ ရေမြှုပ်တွေနဲ့ လက်နှီးတွေထဲမှာ E.coli လိုမျိုး ဘက်တီးရီးယားတွေပါဝင်ပါတယ်။ ဒါကြောင့် ပန်းကန်တွေကို ဆေးကြောပြီးတဲ့အခါမှာ လက်တွေကို ပိုမိုသန့်ရှင်းစေဖို့အတွက် ဆပ်ပြာနဲ့ နောက်ထပ်တစ်ကြိမ် ပြန်လည်ဆေးကြောသင့်ပါတယ်။

pexels

အလုပ်စားပွဲ

လူတွေ အလုပ်လုပ်နေတဲ့ အလုပ်စားပွဲတွေဟာ အိမ်သာထိုင်ခုံတွေထက်တောင် ဘက်တီးရီးယားတွေ ပိုမိုပေါက်ပွားနိုင်ပါတယ်။ မနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာတော့ ပျမ်းမျှ စားပွဲခုံတစ်လုံးရဲ့ မျက်နှာပြင်ပေါ်မှာရှိတဲ့ ပိုးအရေအတွက်ဟာ အိမ်သာဖုံးတွေပေါ်မှာရှိတဲ့ ပိုးမွှားတွေထက် အဆ(၄၀၀) ပိုမိုပါဝင်ကြောင်း သိရပါတယ်။ Staphylococcus aureus Pseudomonas aeruginosa နဲ့ Helicobacter pylori  စတဲ့ ပိုးမွှားတွေဟာ ကီးဘုတ်၊ မောက်စ်နဲ့ ဖုန်းတွေပေါ်မှာ အကောင်ရေထောင်ချီပြီး ရှိနေတတ်ပါတယ်။

ယာဉ်ရထားတွေမှာ

(၂၀၁၆) ခုနှစ်တုန်းက သိပ္ဗံပညာရှင်တွေဟာ လန်ဒန်ရဲ့ရထားစနစ်နဲ့ ပတ်သတ်ပြီး လေ့လာခဲ့ကြရမှာ ရထားထဲ မတူညီတဲ့ ဘက်တီးရီးယားပေါင်း (၁၂၁) မျိုးနဲ့ မှိုတွေကိုတွေ့ရှိခဲ့ကြပါတယ်။ တွေ့ရတဲ့ အချို့ဘက်တီးရီးယားတွေဟာဆိုရင် ပိုးအကြီးကြီးတွေဖြစ်ပြီး ပဋိဇီဝဆေးတွေနဲ့တောင် တိုက်ဖျက်လို့မရအောင် အန္တရာယ်များနေတာကို တွေ့ရှိခဲ့ပါတယ်။ ပြီးတဲ့အခါ အများသုံးတဲ့ ဘတ်စ်ကားနဲ့ မသွားပဲ ကိုယ်ပိုင်ကားနဲ့ သွားတယ်ဆိုပြီးလည်း စိတ်ချလို့မရပါဘူး။ နေရာတိုင်းမှာ ဘက်တီးရီးယားတွေက ရှိနေပါတယ်။

pexels

စားသောက်ဆိုင်တွေမှာ..

အသန့်ရှင်းဆုံးလို့ ဆိုနိုင်တဲ့ စားသောက်ဆိုင်တွေကိုတောင် စိတ်ချလို့မရပါဘူး။ (၂၀၁၇) ခုနှစ်တုန်းက စားသောက်ဆိုင်တွင်းမှာရှိတဲ့ အညစ်ပတ်ဆုံးအရာ() ခုကို အဆင့်သတ်မှတ်လိုက်တဲ့အခါ ပထမနေရာရယူထားတဲ့ အရာတွေကတော့ ကလေးထိုင်ခုံနဲ့ ထိုင်ခုံမြင့်တွေဖြစ်ပြီး ဒုတိယအညစ်ပတ်ဆုံးအရာကတော့ မီနူးတွေပဲ ဖြစ်ပါတယ်။ မီနူးတွေမှာဆိုရင် စတုရန်းစင်တီမီတာတစ်ကွက်မှာ ပိုးမွှားပေါင်း (၁၈,၅၀၀) ထိ ရှိနေနိုင်ပါတယ်။

ဖုန်းမှာ..

ပုံမှန်သန့်ရှင်းရေးလုပ်သင့်တဲ့ အရာတွေထဲမှာ စမတ်ဖုန်းတွေလည်း ပါဝင်နေပါတယ်။ သုတေသနတစ်ခုအရ စမတ်ဖုန်းတွေဟာ အိမ်သာဖုံးတွေထက် ဘက်တီးရီးယား (၁၀) ဆ ပိုရှိနေကြောင်း သိရပါတယ်။ ကိုယ်တစ်ယောက်တည်းပဲ ကိုင်သုံးတဲ့ ဖုန်းဆိုရင်တော့ ကိစ္စမရှိပေမယ့် သူများဖုန်းတွေပါ ကိုင်တွယ်ရတယ်ဆိုရင်တော့ ဖုန်းတွေမှာ ပိုးမွှားတွေကပ်ညှိနေနိုင်တာကြောင့် သတိထားသင့်ပါတယ်။

အပေါ်မှာ ဖော်ပြပေးထားတာတွေကတော့ ဘာကြောင့် မကြာခဏလက်ဆေးသင့်ရတာလဲဆိုတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ လက်ဆေးတဲ့အခါ ၀မ်းပျက်ဝမ်းလျှောနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးတွေကို ကူးစက်နိုင်ခြေလျော့နည်းစေပါတယ်။ အရေပြားနဲ့ မျက်လုံးထဲ မသန့်ရှင်းတဲ့ပိုးတွေ ချဉ်းနင်းဝင်ရောက်တာတွေကိုလည်း ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် စာဖတ်သူတွေအနေနဲ့ လက်ဆေးဖို့ မပျင်းပဲ မကြာခဏလက်ဆေးပြီး လက်ကို သန့်ရှင်းစွာထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လင်းလင်း (ShweMom)

READ
သစ်သီးဖျော်ရည်သောက်သုံးခြင်းဟာ အရွယ်မတိုင်မီ သေဆုံးနိုင်ခြေများကြောင်းသိရ

Ref: insider, cdc

SHARE