ဂက်စ်ဈေးနှုန်းတက်လာတဲ့အပေါ် မကျေနပ်လို့ ဂက်စ်ဆိုင်မှာ ဆူညံသောင်းကျန်းခဲ့ကြသူများ

အခုခေတ်မှာ ဂက်စ်ဈေးနှုန်းတွေဟာ တရိပ်ရိပ်နဲ့ တက်လာနေပါတယ်။ ဂက်စ်ကို အခြေခံပြီး အလုပ်လုပ်ကိုင်ရသူတွေအတွက် ဂက်စ်ဈေးတက်တာနဲ့ သူ့ကိုမှီပြီးထုတ်လုပ်ရတဲ့ ထုတ်ကုန်ပစ္စည်းတွေပါ လိုက်ပြီး ဈေးတက်ရတာ သဘာဝပါ။ ဂက်စ်ဈေးနှုန်းအတက်အကျရဲ့ ဒဏ်ကို သာမန်လူတန်းစားတွေက ပိုခံစားရပါတယ်။ ဒါကြောင့် ကုန်ဈေးနှုန်းတွေ တက်လာတာနဲ့အမျှ လူအများစုဟာ ဈေးနှုန်းတက်တာကို သက်သာလို သက်သာငြားဖြေရှင်းဖို့ နည်းမျိုးစုံနဲ့ ကြိုးစားလာကြပါတယ်။

trendyfeed.co

ဒါပေမယ့် အိန္ဒိယနိုင်ငံသားအချို့ကတော့ ဂက်စ်ဈေးနှုန်းတွေ မတရားတက်တာနဲ့ ပတ်သက်လို့ ကိုယ့်နည်းကိုယ်ဟန်နဲ့ အကြမ်းဖက်ဖြေရှင်းဖို့ ဆုံးဖြတ်ခဲ့ကြဟန် တူပါတယ်။ ဂက်စ်ဈေးနှုန်းအတက်အကျကြောင့် စိတ်သောကရောက်နေတဲ့ လူတစ်စုဟာ ဂက်စ်အရောင်းဆိုင်တစ်ဆိုင်ကို သွားပြီး ဆူညံသောင်းကျန်းခဲ့ကြပါတယ်။

trendyfeed.co

ဆိုင်ထဲက ဂက်စ်ပိုက်အပါအ၀င် ဂက်စ်ထည့်ပေးတဲ့ ပစ္စည်းကိရိယာတွေကို ဖျက်ဆီးပြီး မြေပေါ်ပစ်ချခဲ့ပါတယ်။ ဂက်စ်ပန့် ရှိရာ စက်ဆီကို သွားပြီး စက်ကို ထုရိုက်ခဲ့ကြတဲ့အပြင် မှန်တွေကိုပါ ခွဲပစ်ခဲ့ပါတယ်။ ဒေါသစိတ်မွှန်နေတဲ့ အမျိုးသားတွေဟာ ဂက်စ်ဆိုင်မှာ သူတို့ဖျက်ဆီးလို့ရနိုင်မယ့် အရာမှန်သမျှကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြပါတယ်။

READ
အထဲရောက်နေတဲ့ ကလေးကိုကယ်ဖို့ အဝတ်လျှော်စက်ကို ဖျက်ဆီးခဲ့ရ
trendyfeed.co

ဗီဒီယိုထဲမှာတော့ အတော့်ကို ရုတ်ရုတ်သဲသဲ ဖြစ်နေတာကို တွေ့ရမှာပါ။ ဂက်စ်တွေက အပြင်ကို စိမ့်ထွက်ပြီး မြေပြင်ပေါ်မှာ ရွှဲနေတာတွေကိုပါ တွေ့ရမှာဖြစ်ပါတယ်။ ဂက်စ်ဆိုင်ကို မကျေနပ်လို့ လာရောက်ဖျက်ဆီးခဲ့တဲ့သူတွေကတော့ တော်တော်များပါတယ်။ အချို့ဆိုရင် ဂက်စ်ဆိုင်ကို ဖျက်ဆီးနေတဲ့လူတွေနဲ့  အပျက်အစီးအပိုင်းအစတွေကို ဗီဒီယိုလိုက်ရိုက်ကူးနေတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

Mga Indian nagwala dahil sa sobrang taas na ng presyo ng krudo at gasolina sa kanilang bansa.Sa Pilipinas lang ba may krisis sa langis? Ito ang hindi alam ni Trillanes.》 I-like ang aming page para updated sa news at current events.

Posted by Mga Balitang Pinas on Monday, October 1, 2018

လင်းလင်း (ShweMom)

READ
လိမ်ညာလို့ဆိုပြီး ရည်းစားကို သေလုနီးပါးခံစားရအောင် အပြစ်ပေးခဲ့တဲ့ အမျိုးသား

Ref: trendyfeed

SHARE