ရက်ဂ်ဘီပြိုင်ပွဲမှာ ဂျပန်ကျောင်းသားတွေရဲ့ အပြုအမူကြောင့် အရှက်ရသွားတဲ့ မလေးရှား

ဂျပန်ကျောင်းသားတွေကို စည်းကမ်းရှိပြီး လိမ္မာယဉ်ကျေးတယ်လို့ အားလုံးက သိကြပါတယ်။ မလေးရှားနိုင်ငံ ပီရက်ခ်ပြည်နယ် Malay College Kuala Kangsar (MCKK) မှာ ကျင်းပတဲ့ ရက်ဂ်ဘီပွဲတစ်ပွဲမှာဆိုရင် ကစားပွဲရှုံးခဲ့ပေမယ့် နိုင်ငံကြီးသားစိတ်ဓာတ်အပြည့်နဲ့ အမှိုက်တွေကောက်ခဲ့တဲ့ ဂျပန်ကျောင်းသားလေးတွေကို အခုလို တွေ့မြင်ရပါတယ်။

တွစ်တာပေါ်မှာတော့ ဂျပန်နိုင်ငံသား ရက်ဂ်ဘီကစားသမား ကျောင်းသားအုပ်စုက ကစားကွင်းထဲမှာရှိတဲ့ စီးကရက်ဖင်စီခံတွေကို လိုက်ကောက်နေတဲ့ ဗီဒီယိုတွေဟာ ပြန့်နှံ့နေခဲ့ပါတယ်။ ဒီအဖြစ်ဟာ အကြောင်းအရာနှစ်ခုကို မီးမောင်းထိုးပြနေပါတယ်။ တစ်ခုကတော့ ဂျပန်လူမျိုးတွေဟာ ဘယ်လိုမှန်ကန်စွာ သွန်သင်ခံလာခဲ့ရတယ်ဆိုတာရယ်နဲ့ မလေးရှားလူမျိုးတွေရဲ့ ဆိုးဝါးလှတဲ့ စီးကရက်သောက်တဲ့ အလေ့အကျင့်အကြောင်းပဲ ဖြစ်ပါတယ်။

twitter

ဂျပန်ကျောင်းသားလေးတွေဟာ Shizuoka Seiko Academy (SSA) က ဖြစ်ကြပါတယ်။ ဧည့်သည်ကစားသမားတွေက လာပြီး ကွင်းထဲက အမှိုက်တွေကို ကောက်နေတာဟာ မလေးရှားလူမျိုးတွေကို အကြီးအကျယ်အရှက်ရစေတာ ဖြစ်ပါတယ်။ အွန်လိုင်းအသုံးပြုသူတစ်ဦးကတော့ ဂျပန်လူမျိုးတွေဟာ ငယ်စဉ်ကတည်းက လူမှုပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားဖို့ စိတ်ဓာတ်ကို သွတ်သွင်းခံခဲ့ရကြောင်းနဲ့ ဒါကို ဂျပန်နိုင်ငံသွားဖူးရင် ပိုသိလိမ့်မည်ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

နောက်တစ်ဦးကလည်း “ရှက်စရာကောင်းလိုက်တာ။ ဆေးလိပ်သောက်တတ်ပေမယ့် အမှိုက်ကို အမှိုက်ပုံးထဲ ထည့်ဖို့တော့ မသိကြပါလား…” လို့ ရေးသားခဲ့ပါတယ်။ “ဂျပန်ကျောင်းသားလေးတွေက အခုလို ဆေးလိပ်ဖင်စီခံတွေ လိုက်ကောက်တဲ့ အပြုအမူကနေ ဘာကို ပြောချင်နေတာလည်းဆိုတော့ တကယ်လို့ ဆေးလိပ်သောက်ရင် ဆေးလိပ်တိုတွေကို အမှိုက်ပုံးထဲ ထည့်ပစ်ဖို့ လိုတဲ့အကြောင်း၊ ကမ္ဘာကြီးဟာ အမှိုက်ပုံးမဟုတ်တဲ့အကြောင်းတွေကို သူတို့ရဲ့ အပြုအမူကနေ ပြောပြနေတာပါ…” လို့ ရေးသားထားတာတွေကိုလည်း တွေ့ရပါတယ်။

READ
အပျိုစင်အဖြစ် လိမ်ညာမိလို့ ရက်ရက်စက်စက် အသတ်ခံခဲ့ရသူ အမျိုးသမီးရဲ့အဖြစ်

လင်းလင်း (ShweMom)

Ref: worldofbuzz

SHARE