ကျား၊မမရွေး ရက် (၃၀) အတွင်း ဆံပင်ထူထဲသန်စွမ်းပြီး အရှည်မြန်စေမယ့် နည်းလမ်းများ

Freepik-drobotdean

မိန်းကလေးတွေပဲ ဆံကေသာအလှကို လိုချင်တာမဟုတ်ပါဘူး။ တကယ်တော့ ယောက်ျားလတွေဟာလည်း ဆံကေသာ သန်စွမ်းချင်တယ်၊ ဆံပ်ထူချင်တတ်ကြပါတယ်။ အခု ကာလကလည်း home stay ကာလဖြစ်တဲ့အတွက် ကျွန်တော်တို့တွေ အိမ်မှာနေရင်း ပိုထွက်နေတဲ့ အချိန်လေးတွေကို ဆံပင်လေးတွေ သန်စွမ်းလာအောင် အောက်က နည်းလမ်းလေးတွေနဲ့ လုပ်ကြည့်လိုက်ရအောင်လား။

Freepik-freepik

(၁) ခေါင်းလျှော်ရည်ပဲ ခေါင်းလျှော်လိုက်တာဟာ သင့်ဆံပင်ရဲ့ ကျန်းမာသန်စွမ်းမှုတွေကို ယုတ်လျော့စေပါတယ်။ ဆိုလိုတာ ခေါင်းလျှော်ရည်ဟာ ဦးရေပြားနဲ့ဆံသားတွေမှာရှိနေတဲ့ ဖုန်နဲ့ချေးတွေကို ပြောင်စင်စေရုံသာမကဘဲ ကျန်းမာတဲ့အဆီတွေကိုပါ စုတ်ယူသွားတဲ့အတွက် ဆံသားခြောက်သွေ့ ဖွာကြဲစေပါတယ်။ ဒါကြောင့် လိုအပ်တဲအဆီအနှစ်တွေ ပြန်ရဖို့ဆိုရင် ပေါင်းဆေး သို့မဟုတ် ပျော့ဆေးတွေကို ခေါင်းလျှော်ပြီးတိုင်း မဖြစ်မနေသုံးပေးသင့်ပါတယ်။

(၂) ဓတုဓာတ်တွေနဲ့လုပ်ထားတဲ့ ကုပစ္စည်းတွေတင်မကသေးဘဲ မီးဖိုချောင်ထဲမှာရှိနေတဲ့ အစားအသောက်တွေကလည်း သင့်ရဲ့ ဆံပင်ထူထဲမှုကို အားပေးပါသေးတယ်။ ဥပမာ ကြက်သွန်နီ သို့မဟုတ် ကြက်သွန်ဖြူထောင်းထားတဲ့အရည်တို့၊ ပန်းသီးလျှာလကာရည်၊ ရှားစောင်းလက်ပတ်၊ အုန်းဆီ စတာတွေအပြင် ပွက်ပွက်ဆူအောင် အပူပေးထားတဲ့ ဘီယာကို နည်းနည်းလေး အအေးခံပြီး ဆံပင်ကိုပေါင်းပေးခြင်းကလည်း သိသိသာသာ ဆံပင်ထူထဲစေမှာပါ။

READ
အချစ်ရဆုံး ငယ်သူငယ်ချင်းတွေကို သင် ကျေးဇူးတင်နေရမယ့်အရာ (၇)ခု
Freepik-sharzemnoj

(၃) သင့်ရဲ့ဆံပင်ကျွန်ခြင်းမကျွတ်ခြင်းဟာ သင်အသုံးပြုနေတဲ့ ခေါင်းအုံးစွတ်နဲ့လည်း သက်ဆိုင်တယ်ဆိုတာ သင်သိပါသလား။ အခု သုံးနေတဲ့ ခေါင်းအုံးစွတ်ဟာ နိုင်လွန်သား ဒါမှမဟုတ် ချည်သား ဒါမှမဟုတ် တခြားအသားတွေ ဖြစ်ခဲ့မယ်ဆိုရင် ပျော့ပြောင်းတဲ့ ပိုးသားစစ်စစ်ခေါင်းအုံးစွတ်ကို ချက် ချင်းပြောင်းလဲလိုက်ပါနော်။

(၄) ဆံပင်ရှည်ချင်လို့ ဆံပင်လုံးဝမညှပ်ဘူးဆိုတာ မှားယွင်းတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ ဆံပင်ဆိုတာ ညှပ်လေ ပိုအရှည်မြန်လာလေပါပဲ။ ဒါကြောင့် ဆံပင်အရှည်မြန်ချင်တဲ့အခါ နှစ်လတစ်ခါ အများဆုံး တစ်လက်မလောက် တိတိပေးသင့်ပါတယ်။ ဆံပင်မကောင်းဘူးဆိုတာ အောက်ဖျားတွေမှာအဖြစ်များတတ်တာကြောင့်ပါ။

Freepik-freepik

(၄) ခေါင်းလျှော်ပြီးတိုင်း ဆံပင်ကို ခပ်ကြမ်းကြမ်းသုတ်တာမျိုး၊ တဘတ်နဲ့ဆံပင်တွေကို ထုတ်ထားတာမျိုး၊ ဆံပင်မှုတ်စက်နဲ့ အပူဆုံးထားပြီး အခြောက်ခံလိုက်တာမျိုး၊ ဖြောင့်စက်တွေ အပူချောင်းတွေနဲ့ ဖြောင့်လိုက်ကောက်လိုက် ခဏခဏလုပ်တာမျိုးကို ရှောင်ရှားသင့်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ ခေါင်းလျှော်ပြီးတဲ့အခါမျိုးမှာ တဘတ်နဲ့ ဆံသားကို ဆုပ်နယ်ပြီး ရေတွေကို စုတ်ယူလိုက်ပါ။ နောက် သဘာဝအတိုင်း အခြောက်ခံပါ။

Freepik- yuliyafurman

(၅) ဆံပင်သန်စွမ်းစေဖို့ သင်နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲ biotin သို့မဟုတ် Vitamin H လိုအပ်ပါတယ်။ ဥပမာ- ချိစ်၊ ကြက်ဥ၊ ပဲအမျိုးမျိုး၊ ဝက်သား၊ ကျက်အောင်ချက်ထားသော အသည်း၊ ဆာဒင်းငါးသေတ္တာ၊ ဆယ်လ်မွန်ငါး၊ ပန်းဂေါ်ဖီးစိမ်း၊ ထောပတ်သီး။

READ
ကုန်ကျစရိတ်အနည်းဆုံးဖြစ်အောင် ဆေးခန်းဘယ်လိုပြကြမလဲ…

(၆) ခေါင်းကို တင်းနေအောင် အမြဲတမ်း စုစည်းထားခြင်း၊ ခေါင်း ခဏခဏလျှော်ခြင်း၊ နေ့တိုင်းလျှော်ခြင်းတွေကို မပြုလုပ်သင့်ပါဘူး။

Penny

SHARE