အိမ်ထဲ သီးပင်စားပင်လေးတွေ စိုက်ပျိုးတော့မယ်ဆို သိထားသင့်တဲ့ အချက်လေးများ

unsplash/ Daniel Hjalmarsson

ကိုယ့်ခြံဝန်းလေးထဲမှာပဲ ဖြစ်ဖြစ်၊ တိုက်ခန်းမှာပဲ ဖြစ်ဖြစ် နေရာလွတ်လေးတွေရှိတယ်ဆိုရင် အပင်လေးတွေ စိုက်ပျိုးဖို့ သင့်ပါတယ်။ ဥပမာ ပူစီနံလို၊ ပင်စိမ်းလို ဟင်းခတ်အမွှေးအကြိုင်လေးတွေ စိုက်ပျိုးထားမယ်ဆိုရင် ကိုယ်ဟင်းချက်ရင်း လိုအပ်တဲ့အချိန်မှာ အချိန်မရွေး အပင်ကနေ ခူးဆွတ်ယူနိုင်ပါတယ်။ စီးပွားဖြစ်ရောင်းတန်း အသီးအရွက်တွေလိုမျိုး ကိုယ့်အိမ်က အပင်တွေမှာ ဓာတ်မြေသြဇာတွေ မပါဝင်တဲ့အတွက် စိတ်ချလက်ချနဲ့လည်း စားသုံးလို့ရနိုင်ပါတယ်။

အောက်ဘက်မှာတော့ တကယ်လို့ အပင်စိုက်တော့မယ်ဆိုရင် သိသင့်တဲ့ အချက်အလက်လေးတွေကို asiaone ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။ အပင်စိုက်မယ်ဆို အလွယ်ကူဆုံး စိုက်ပျိုးနိုင်တဲ့အပင်တွေက ဟင်းခတ်အမွှေးအကြိုင်ပင်လေးတွေပါပဲ။ ဒီအပင်တွေက ရှင်သန်လွယ်သလို ပွားနှုန်းလည်း မြန်ပါတယ်။ သူတို့ကို ထိန်းသိမ်းရတာ လွယ်ကူသလို ဘယ်လိုဟင်းလျာမျိုးမှာမဆို ထည့်သွင်းစားသုံးနိုင်ပါသေးတယ်။

unsplash/Quentin Vuilleumier

ဟင်းခတ်အမွှေးအကြိုင်ပင်တွေကို မစိုက်ချင်ဘူးဆိုရင်လည်း အရွက်ဖားဖားရှိတဲ့ မုန်ညှင်း၊ ကိုက်လံဖူးစတဲ့ ဟင်းရွက်စိမ်းပင်တွေကို စိုက်ပျိုးနိုင်ပါသေးတယ်။ ဒီလိုအပင်တွေဟာ အလင်းရောင်၊ နေနဲ့ရေသာ အလုံအလောက် ရရင် သူ့ဟာသူ ဖွံ့ထွားလာတတ်တဲ့ အမျိုးတွေပါ။ ဒါပေမယ့် မျိုးစေ့လေးတွေကိုတော့ ကောင်းကောင်းရွေးချယ်တတ်ဖို့ လိုပါမယ်။

READ
ဆေးထိုးအရမ်းကြမ်းတဲ့ ဉာဏ်ကြီးရှင်တွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေသူပါ

အိမ်တွင်းဥယျာဉ်လေးတစ်ခု ပျိုးထောင်ရတာက ဈေးတော့မသက်သာလှပါဘူး။ ကိုယ်ချဲ့ရင် ချဲ့သလောက် အကုန်ကျများပါတယ်။ များသောအားဖြင့် ကုန်ကျစရိတ်ဟာ ဘယ်လိုအပင်တွေကို ကိုယ်က အရေအတွက် ဘယ်လောက်စိုက်ချင်လဲ၊ ကိုယ့်စားပင်သီးပင်တွေစိုက်ထားတဲ့ စနစ်ကြီးက ဘယ်လောက်ထိ ကြီးဦးမှာလည်း ဆိုတာ ကြိုတင်တွက်ဆထားရပါတယ်။ အပင်တွေကို ဂရုစိုက်ရင် စိုက်သလောက် ငွေကုန်ကြေးကျအများကြီး ရှိနိုင်ပါတယ်။

unsplash/Markus Spiske

တစ်ခါတစ်လေမှာတော့ ကိုယ့်ရဲ့အိမ်တွင်းဥယျာဉ်လေးဟာ စိုက်ရင်းပျိုးရင်းနဲ့ပဲ ကြီးလာတတ်ပါတယ်။ ဒီအခါ အပင်ရေလောင်းမယ့် စနစ်၊ ရေလောင်းမယ့် ကုန်ကျစရိတ်၊ ရေပိုက်တွေကို ဆေးကြောတာ၊ ခြင်တွေမပေါက်ပွားအောင် ပုံမှန်စစ်ဆေးရေးတွေပြုလုပ်ပေးတာမျိုး စတာတွေကို လုပ်ဆောင်ပေးရပါတယ်။ အပင်တွေမှာ ထည့်ကျွေးတဲ့မြေသြဇာဟာလည်း အရေးပါနေပါတယ်။ ဒါကြောင့် သီးပင်စားပင်ထဲ မြေသြဇာထည့်မယ်ဆိုရင်တောင် စိတ်ချရတဲ့ အရောင်းဌာနက ရောင်းချတဲ့ မြေသြဇာတွေကိုပဲ အချိုးအစားနဲ့ ကျွေးတာပဲဖြစ်ဖြစ် ပြုလုပ်သင့်ကြောင်း ဖော်ပြပေးလိုက်ရပါတော့တယ်။

READ
သင့်မွေးလကို ကိုယ်စားပြုတဲ့ပန်းတွေနဲ့ သင့်အကြောင်း

လင်းလင်း (ShweMom)

SHARE