လက်ချောင်းထဲဝင်သွားခဲ့တဲ့ ဝက်အူကိုပြန်ထုတ်တဲ့အသဲယားဖွယ်ရာအခိုက်အတန့်

အင်္ဂလန်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်သမားတစ်ယောက်ရဲ့ လက်ခလယ်ထဲကို မတော်တဆ ဝက်အူတစ်ချောင်း စိုက်ဝင်ခဲ့ပါတယ်။ ဒါ့ကြောင့် power drill ကိုသုံးပြီး ပြန်ထုတ်ပေးခဲ့ရပါတယ်။

တစ်ယောက်က ” ငါကတော့ ကြည့်ပြီး ဖျားချင်နေပြီ”လို့ ပြောခဲ့သလို၊ အခြားတစ်ယောက်က ” အတွင်းထဲကို မြဲနေပြီလို့ ငါကတော့ ထင်တယ် “ဟု ပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အခြားတစ်ယောက်က သံဝင်နေတဲ့ လက်ခလယ်ကို ၀ိုင်းဝန်းကိုင်ထားပေးပြီး Screwdriver ပြောင်းပြန် ပြန်ရစ်ကာ ၀က်အူကို အလွယ်တကူ ပြန်ထုတ်ခဲ့ပါတယ်။

အဲဒီဗွီဒီယိုဟာ အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပြီး ၀င်ရောက်ကြည့်ရှုသူ 670000 အထိ ရှိခဲ့သလို၊ Share လုပ်သူ 9000 ကျော်ခဲ့ပါတယ်။ အဆိုပါ ဗွီဒီယိုဟာ (16)စက္ကန့်သာ ကြာမြင့်ပြီး ၀က်အူရစ်ပါသံချောင်းနဲ့ မတော်တဆဖြစ်တဲ့အခါ ဘယ်လို ပြုမူရမလဲဆိုတဲ့ အလွယ်နည်းကို ထိရောက်စွာ ပြသခဲ့နိုင်ပါတယ်။

READ
ယောက်ျားတစ်ယောက်ကိုနမ်းခဲ့လို့ ဖခင်ရဲ့လှောင်အိမ်ထဲပိတ်ထားခြင်းခံရသူ

ဗြိတိန်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ နှစ်စဉ် အသက်အန္တရာယ် စိုးရိမ်ရန်မလိုတဲ့ ထိခိုက်ဒဏ်ရာရရှိသူ  65000
ခန့်ရှိတယ်လို့ သိရပါတယ်။ အချို့မှာ သိပ်မမြင့်လှတဲ့နေရာတွေကနေ ပြုတ်ကျတာ ဖြစ်ပြီး၊ အချို့ကတော့ ဆောက်လုပ်
ရေးလုပ်ငန်းသုံး ပစ္စည်းပစ္စယတွေ ပိတာလို့ ဆိုပါတယ်။ အခုကိစ္စမှာတော့ မိမိဘာသာ မိမိ မတော်တဆ ထိခိုက်တာလို့ သိရပါတယ်။

မဒီလေး (Shwemom)

source : thesun.co.uk

SHARE